ဝမ်းရေးအတွက် အသက်စတေးရတဲ့ဘဝများ

ဝမ်းရေးအတွက် အသက်စတေးရတဲ့ဘဝများ Voice Of Myanmar ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ၊ ဝှေခါကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်မှာ ကျောက်စိမ်းတောင်ကမ်းပါးပြိုကျကာ ရေလှိုင်းရိုက်ပုတ်ချခံရပြီး တပိုင်တနိုင် ကျောက်တူးဖော်သူ(၃၀၀)ထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းပြောဆိုနေကြပါတယ်။ ဝှေခါသုဿန်မှာ ရောက်ရှိခဲ့တဲ့စာရင်းအရ အလောင်း ၁၇၂ လောင်းအထိရှိခဲ့ပြီး တချို့ ရုပ်အလောင်းတွေကို ကျင်းနှစ်ခုမှာ စုပေါင်းသင်္ဂြိုလ်ခဲ့ရပါတယ်။ တချို့ရုပ်အလောင်းတွေကိုတော့ သက်ဆိုင်ရာ ရိုးရာဓလေ့များအလိုက်သင်္ဂြိုလ်နိုင်ဖို့ ယူဆောင်ခွင့်ပြုခဲ့ကြပါတယ် ။ အဲ့ဒီအထဲက သေကံမရောက်ဘဲ ပြန်လွတ်လာသူ ကိုဆန်းလွင်တစ်ယောက် ဘယ်လိုရည်ရွယ်ချက်နဲ့ ဖားကန့်ကိုလာခဲ့သလဲ ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို VOMဝိုင်းတော်သား ကိုရန်အောင်ထွန်းနဲ့ ကိုဇော်မိုးထက်တို့က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ #voiceofmyanmar #VOM #ဖားကန့် Zawgyi ဝမ်းရေးအတွက် အသက်စတေးရတဲ့ဘဝများ Voice Of Myanmar ပြီးခဲ့တဲ့ ဇူလိုင်လ ၂…

Read More

ကြည်ညိုဖွယ်မရှိတဲ့ နေပြည်တော်က ဘုရားဆင်းတုတော်တွေကို မန္တလေးမြို့မှာ ပြန်လည်ပြုပြင်

ကြည်ညိုဖွယ်မရှိတဲ့ နေပြည်တော်က ဘုရားဆင်းတုတော်တွေကို မန္တလေးမြို့မှာ ပြန်လည်ပြုပြင် မန္တလေး ဇူလိုင် ၉ ဖြူဖြူ (VOM) နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃ နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝံတောင် ဘုရားပရုဝုဏ်အတွင်းမှာ စစ်ဗိုလ်ချုပ်ကြီးတချို့နဲ့ စစ်အသိုင်းအဝိုင်းက ယတြာအနေနဲ့ အဓိဌာန်ပြီး ကိုးကွယ်ထားတဲ့ ဆင်းတုတော်တွေကို မန္တလေးမြို့မှာ ဘုရားဆင်းတုတော်အဖြစ် ပြန်လည်ပြုပြင်နေပါတယ်။ ရုပ်ပွားတော်တွေဟာ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် အခြားဘာသာ အယူဝါဒများလွှမ်းမိုးရောယှက်နေတဲ့အတွက် ထားရှိကြည်ညိုဖို့ လျော်ကန်သင့်မြတ်မှုမရှိတာကြောင့် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနညွှန်ကြားချက်နဲ့ ဖယ်ရှားရှင်းလင်းစေခဲ့ပါတယ်။ အဲ့ဒီဆင်းတုတော်တွေကို မန္တလေးမြို့ ဘုရားကြီးအနောက်မုဒ် ကျောက်ဆစ်တန်းမှာရှိတဲ့ ရွှေစင်ရတနာကျောက်ဆစ်ဆိုင်နဲ့ အောင်သီဟ ကျောက်ဆစ်ဆိုင်တို့မှာ လာဘမုနိဘုရားဆင်းတုတော်အဖြစ် ပြန်လည်ပြုပြင်ဖို့ အပ်နှံထားတာဖြစ်ပါတယ်။ “ခန့်မှန်းတစ်လလောက်ကြာမယ်။ လက်တွေပြင်ရမယ်၊ သင်္ကန်းတွေပြန်ဖော်ရမယ်၊ ခေါင်းတော်၊ နားရွက်တွေ ပြန်လုပ်ရမယ်။ ဘုရားပုံပြန်ဖြစ်လာအောင် ပြန်ဖော်ရမှာပေါ့။ လာဘမုနိဘုရားအဖြစ်ပုံဖော်မှာပါ။”လို့ ရွှေစင်ရတနာ ကျောက်ဆစ်ဆိုင်ပိုင်ရှင် ဦးသိန်းရွှေကပြောပါတယ်။…

Read More

နတ္တလင်းပြည်သူ့လွှတ်တော်နေရာမှာ လယ်သမားအရေးတတ်ကြွလှုပ်ရှားသူတစ်ဦးက တစ်သီးပုဂ္ဂလဝင်ပြိုင်မယ်

နတ္တလင်းပြည်သူ့လွှတ်တော်နေရာမှာ လယ်သမားအရေးတတ်ကြွလှုပ်ရှားသူတစ်ဦးက တစ်သီးပုဂ္ဂလဝင်ပြိုင်မယ် နတ္တလင်း၊ ဇူလိုင် ၉-၂၀၂၀ လမင်း (VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်က လယ်သမားအရေးနဲ့ နိူင်ငံရေးတတ်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်ထက်ဆိုသူဟာ လာမယ့် ၂၀၂ဝအ‌ထွေ‌ထွေ‌ရွေးကောက်ပွဲမှာ နတ္တလင်းပြည်သူ့လွှတ်တော်နေရာကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ် ။ “ကျွန်တော်တို့မှာ မိတ်ဖက်ပါတီတွေရှိတယ်။ ပြည်မမှာဆိုရင် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီလို ပါတီမျိုးတွေ၊ ပြည်နယ်မှာဆိုရင် တိုင်းရင်းသားပါတီတွေပေါ့၊ UNA နဲ့ UNDPတို့လို မိတ်ဖက်ပါတီမျိုးတွေရှိတယ်။ ဒီလိုပါတီတွေနဲ့ မိတ်ဖက်အရ ဆက်ဆံရေးနဲ့သွားမယ်။ ကျတော်တို့က သေခြာတယ် ၂ဝ၂ဝရွေးကောက်ပွဲမှာ ဒေသလိုအပ်ချက်အရ ရွေးကောက်ပွဲဝင်ရခြင်းဖြစ်တယ်”လို့ ကိုသန့်ဇင်ထက်ကပြောပါတယ်။ ဒါ့အပြင် ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးအပြင် ကျေးလက်နဲ့ မြို့ပြ ဟန်ချက်ချက်ညီညီဖွံ့ဖြိုးရေးစတဲ့ ရွေးကောက်ပွဲဆိုင်ရာမူဝါဒတွေချမှတ်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်သလို လွှတ်တော်တွင်းနိူင်ငံရေးကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ မိတ်ဖက်အနေနဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကိုသန့်ဇင်ထက်ကဆက်ပြောပြပါတယ်။ NLDပါတီမှာ မြို့ခံပြည်သူတွေမနှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို အုပ်စုဖွဲ့လုပ်ဆောင်ပြီး ပြန်လည်ရွေးချယ်ထားတာကြောင့်…

Read More

ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်(၄၀)ကျော် လုပ်ကိုင်လိုခြင်းမရှိတော့တဲ့အတွက် ပိတ်သိမ်းခွင့်ပြုထား

ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်(၄၀)ကျော် လုပ်ကိုင်လိုခြင်းမရှိတော့တဲ့အတွက် ပိတ်သိမ်းခွင့်ပြုထား နေပြည်တော်၊ ဇူလိုင် ၉-၂၀၂၀ ကောင်းလက်ျာ (VOM) တိုင်းနဲ့ပြည်နယ်အသီးသီးက ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူးရောင်းချတဲ့ ဆီဆိုင်ကြီး(၄၁)ဆိုင်ကို ယခုနှစ်ထဲမှာအပြီးပိတ်သိမ်းခွင့်ပေးလိုက်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကနေ သိရပါတယ်။ “အဓိက ပိတ်သိမ်းခွင့်တင်လို့ပေးလိုက်ရတဲ့ဆိုင်တွေက ဆိုင်အလတ်စားနဲ့ အသေးတစ်ချို့ပါ။ တစ်ချို့ချောင်ကျတဲ့ဆိုင်တွေပါသလို ဆိုင်ကြီးတွေနဲ့မယှဉ်ပြိုင်နိုင်တဲ့ ဆိုင်အချို့လည်းပါပါတယ်။ ကိုဗစ်ကာလနဲ့ တိုက်ရိုက်တော့မသက်ဆိုင်ပါဘူး”လို့ တောင်ငူခရိုင် စက်သုံးဆီထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဌ ဦးဟန်ဝင်းအောင်ကပြောပါတယ်။ ပိတ်သိမ်းခွင့်တင်ခဲ့တဲ့ စက်သုံးဆီဆိုင်အရေအတွက်အနေနဲ့ နေပြည်တော်‌ကောင်စ်ီနယ်မြေမှာ ၁ ဆိုင်၊ ရန်ကုန်တိုင်းမှာ ၃ ဆိုင်၊ မန္တလေးတိုင်းမှာ ၇ ဆိုင်၊ မကွေးတိုင်းမှာ ၁ ဆိုင်၊ ပဲခူးတိုင်းမှာ ၉ ဆိုင်၊ ဧရာဝတီတိုင်းမှာ ၁၄ ဆိုင် ၊ မွန်ပြည်နယ်၂ ဆိုင်နဲ့ ရှမ်းပြည်နယ်မှာ ၄ ဆိုင် စုစုပေါင်း ၄၁ ဆိုင်ရှိတယ်လို့…

Read More

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၂ )သန်းကျော်ရှိလာ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၂ )သန်းကျော်ရှိလာ ဝါရှင်တန်၊ ဇူလိုင်-၉-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခုနှစ်လအတွင်း လူသန်းတစ်ဝက်ကျော်သေဆုံးပြီး ဇူလိုင် ၈ ရက်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူူ ၁၂ သန်းကျော်ထိရှိလာပါတယ်။ ဗိုင်းရပ်စ်ဟာ လေထဲကတစ်ဆင့် ကူးစက်နိုင်တဲ့ သက်သေအထောက်အထားတွေ တွေ့ရှိရပြီး ကူးစက်ခံရတဲ့ အရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်းဖြစ်ပွားလေ့ရှိတဲ့ ပြင်းထန်တုပ်ကွေးရောဂါဖြစ်ပွားမှုထက် သုံးဆပိုမိုများပြားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန်ခေါင်းထောင်လာတာကြောင့် တရုတ်နဲ့ သြစတြေးလျနိုင်ငံတို့မှာ နောက်တစ်ကြိမ်လော့ခ်ဒေါင်းချတာတွေလုပ်နေစဉ်မှာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ နိုင်ငံအများအပြားဟာ လော့ခ်ဒေါင်းချထားတာတွေကို တစ်ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေကြပါတယ်။ လုပ်ငန်းခွင်နဲ့ လူမှုဘဝပုံစံ အပြောင်းအလဲတွေကတော့ ဗိုင်းရပ်စ်ကာကွယ်ဆေးမရရှိသေးသ၍ ကြာရှည်နေဦးမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ဇန်နဝါရီအစောပိုင်းက ဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးအတည်ပြုပြီးနောက် ၁၄၉ ရက်အတွင်း လူခြောက်သန်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမယ့် နောက်ထပ် ၃၉ ရက်အတွင်း ကူးစက်မှုနှစ်ဆတိုးကာ…

Read More

အသက် ၆ နှစ်ပြည့်ပြီးသူကို Grade-1စတက်ခွင့်ပေးထား

အသက် ၆ နှစ်ပြည့်ပြီးသူကို Grade-1စတက်ခွင့်ပေးထား နေပြည်‌တော်၊ ဇူလိုင် ၉-၂၀၂၀ ကောင်းလက်ျာ(VOM) အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းတွေမှာ အသက် ၆ နှစ်ပြည့်ပြီးသူတွေကို KGတန်း တက်ရန်မလိုဘဲ Grade-1ကို တိုက်ရိုက်တက်ရောက်ခွင့်ပေးထားပြီးဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ “အသက် ၅ နှစ်ပြည့်ကလေးဟာ KGတက်ရမယ်။ တစ်ကယ်လို့အကြောင်းအမျိုးမျိုးနဲ့KG တက်ခွင့်မရတဲ့သူက အသက် ၆ နှစ်ပြည့်ပြီးရင် Grade-1 စပေးတက်တာပါ “လို့ု ဒေါက်တာတင်မောင်ဝင်းက ပြောပြပါတယ်။ မူလတန်းပညာရေးကို အသက် ၅နှစ်ပြည့်သူတိုင်း တက်ရောက်ဖို့ ပညာရေးဝန်ကြီးဌာနက နိုးဆော်နေပြီး တကယ်လို့ အကြောင်းအမျိုးမျိုးနဲ့ အသက် ၅ နှစ်ပြည့်ပြီးချိန် KG တန်းကို တက်ရောက်ခွင့်မရဘဲ အသက်(၆)နှစ်ပြည်ဖို့နီးကပ်သူနဲ့ (၆) နှစ်ပြည့်ပြီးသူကို တစ်တန်းကျော်တက်ရောက်ခွင့်ပြုမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ အခြေခံပညာဦးစီးဌာနက ကိုဗစ်ကာလအလွန်၂၀၂၀-၂၀၂၁ ပညာသင်နှစ်က မူလတန်းအဆင့်ကျောင်းအပ်လက်ခံရေးကို ဩဂုတ်လ…

Read More

မကွေးမြို့နယ်အတွင်းမှာရောက်နေတဲ့ ပိုးကောင်တွေဟာ ကျိုင်းကောင်မဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိ

မကွေးမြို့နယ်အတွင်းမှာရောက်နေတဲ့ ပိုးကောင်တွေဟာ ကျိုင်းကောင်မဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိ မကွေး ဇူလိုင်၉ -၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကြူချောင်းကျေးရွာရှိ ပဲနဲ့နှမ်းခင်းတွေမှာကျရောက်နေတဲ့ ပိုးကောင်တွေဟာ ကျိုင်းကောင်မဟုတ်ဘဲ ဓါးခုတ်ကောင်(နှံကောင်)တမျိုးသာဖြစ်တယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းကပြောပါတယ်။ ကြူချောင်းကျေးရွာက တောင်သူ၅ဦးရဲ့ ပဲနဲ့နှမ်းခင်းတွေမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ကျရောက်နေတာဖြစ်ပြီး ကျိုင်းကောင်လို့သတင်းထွက်ပေါ်နေတဲ့အတွက် တောင်သူတချို့ကလည်း ထိတ်လန့်နေကြတာဖြစ်ပါတယ်။ “တကယ်တော့ ကျွန်းပင်ပေါက်တွေ၊ အပင်ကြီးတွေနဲ့ နီးတဲ့နေရာတွေမှာ ကျတာပါ၊ ကျွန်းရွက်စားတဲ့အကောင်မျိုးဖြစ်ပြီး ကျွန်းပင်နဲ့ဝေးတဲ့ စိုက်ခင်းတွေမှာမတွေ့ရပါဘူး။ ဒါကြောင့် တောင်သူတွေကိုမစိုးရိမ်ဖို့ ကန္တာရကျိုင်းကောင်မဟုတ်ဘူး”လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းကပြောပါတယ်။ စိုက်ခင်းတခင်းလုံးကို ထိခိုက်စေတာမရှိဘဲ ကျွန်းပင်တန်းအစပ်လောက်သာ အဲ့ဒီအကောင်တွေကျရောက်နေတဲ့အတွက် ပိုးသတ်ဆေးသုံးခဲ့ရင် ဥပါဒ်ဖြစ်မှာစိုးရိမ်ကြောင်းနဲ့ အားပျော့ဆေးကိုသာ စိုက်ခင်းအစပ်တလျောက် အနည်းငယ်သုံးရုံနဲ့ လုံလောက်စေတာတွေကို ပညာပေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာ အကောင်၅၀၀ခန့် တပြိုင်ထဲတွေ့ရှိခဲ့တဲ့စိုက်ခင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီးတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့လည်း သိရပါတယ်။…

Read More

ရသေ့တောင်က မိုင်းထိလူနာ စစ်တွေဆေးရုံမှာ သေဆုံး

ရသေ့တောင်က မိုင်းထိလူနာ စစ်တွေဆေးရုံမှာ သေဆုံး စစ်တွေ၊ ဇူလိုင် ၉- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရသေ့တောင်မြို့အနီး ငတောက်တူချေကျေးရွာမှာ မနေ့ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းက စစ်တွေဆေးရုံကို ရောက်ရှိနေတဲ့ မိုင်းထိလူနာဟာ ဒီကနေ့မနက်အစောပိုင်း ၄ နာရီကျော်အချိန် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ လူနာကို စစ်တွေဆေးရုံလိုက်ပါပို့ဆောင်ပေးတဲ့ ကိုဘက္ကာက” သေဆုံးသွားတာဟုတ်ပါတယ်။ ဒီကနေ့ မနက် ၄ နာရီ ၁၆ မိနစ်က သေသွားတာပါ။” လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ်၊ ငတောက်တူချေကျေးရွာအနီး အိမ်နောက်ဖက်က လယ်ကွင်းမှာ နွားကျောင်းနေစဉ် ကုက္ကိုပင်အောက်က နွားတွေကို သွားယူရာမှာ မိုင်းကိုနင်းမိတာဖြစ်တယ်လို့ မိသားစုဝင်တွေက VOM ကို ပြောပြထားတာ ဖြစ်ပါတယ်။ မိုင်းထိ သေဆုံးသွားသူ ဦးမောင်ကျော်သန်းရဲ့ သမက် ဦးလှစိန်ထွန်းပြောပြတာက” ဒဏ်ရာက မိုင်းနင်းမိလို့ရတာပါ။…

Read More
VOM News

FREE
VIEW