ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်(၄၀)ကျော် လုပ်ကိုင်လိုခြင်းမရှိတော့တဲ့အတွက် ပိတ်သိမ်းခွင့်ပြုထား

ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်(၄၀)ကျော် လုပ်ကိုင်လိုခြင်းမရှိတော့တဲ့အတွက် ပိတ်သိမ်းခွင့်ပြုထား

နေပြည်တော်၊ ဇူလိုင် ၉-၂၀၂၀
ကောင်းလက်ျာ (VOM)

တိုင်းနဲ့ပြည်နယ်အသီးသီးက ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူးရောင်းချတဲ့ ဆီဆိုင်ကြီး(၄၁)ဆိုင်ကို ယခုနှစ်ထဲမှာအပြီးပိတ်သိမ်းခွင့်ပေးလိုက်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကနေ သိရပါတယ်။

“အဓိက ပိတ်သိမ်းခွင့်တင်လို့ပေးလိုက်ရတဲ့ဆိုင်တွေက ဆိုင်အလတ်စားနဲ့ အသေးတစ်ချို့ပါ။ တစ်ချို့ချောင်ကျတဲ့ဆိုင်တွေပါသလို ဆိုင်ကြီးတွေနဲ့မယှဉ်ပြိုင်နိုင်တဲ့ ဆိုင်အချို့လည်းပါပါတယ်။ ကိုဗစ်ကာလနဲ့ တိုက်ရိုက်တော့မသက်ဆိုင်ပါဘူး”လို့ တောင်ငူခရိုင် စက်သုံးဆီထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဌ ဦးဟန်ဝင်းအောင်ကပြောပါတယ်။

ပိတ်သိမ်းခွင့်တင်ခဲ့တဲ့ စက်သုံးဆီဆိုင်အရေအတွက်အနေနဲ့ နေပြည်တော်‌ကောင်စ်ီနယ်မြေမှာ ၁ ဆိုင်၊ ရန်ကုန်တိုင်းမှာ ၃ ဆိုင်၊ မန္တလေးတိုင်းမှာ ၇ ဆိုင်၊ မကွေးတိုင်းမှာ ၁ ဆိုင်၊ ပဲခူးတိုင်းမှာ ၉ ဆိုင်၊ ဧရာဝတီတိုင်းမှာ ၁၄ ဆိုင် ၊ မွန်ပြည်နယ်၂ ဆိုင်နဲ့ ရှမ်းပြည်နယ်မှာ ၄ ဆိုင် စုစုပေါင်း ၄၁ ဆိုင်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ် ဆေးရေးဦးစီးဌာနကနေ သိရပါတယ်။

စက်သုံးဆီဆိုင်တွေ ပိတ်သိမ်းသွားတာနဲ့ ပြည်တွင်း စက်သုံးဆီဈေးကွက်သက်ရောက်မှုမရှိဘဲ အခုလိုပိတ်သိမ်းသွားတဲ့ ပုဂ္ဂလိက စက်သုံးဆီဆိုင်ကြီးများဟာ ဆိုင်ရှင်များရဲ့သဘောဆန္ဒအရ ပိတ်သိမ်းခြင်းသာဖြစ်ပြီး နှစ်စဉ် လိုင်စင်လျှောက်ထားသူတွေကိုလည်း စီစစ်ခွင့်ပြုပေးနေတဲ့အတွက် တိုးလာတဲ့ဆိုင်နဲ့ ပိတ်သိမ်းသွားတဲ့ဆိုင်အရေအတွက်ကို အချိုးချကြည့်ပါက တိုးလာတာက ပိုနိုင်တယ်လို့ ပြည်တွင်းစက်သုံးဆီဈေးကွက်ကနေ သိရပါတယ်။

အရင်က အစိုးရကထုတ်ပေးတဲ့ စက်သုံးဆီဖြန့်ချီရေးလုပ်ငန်းများ လုပ်ကိုင်နေရာကနေ ၂၀၁၂ ခုနှစ်ခန့်ကစတင်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ပုဂ္ဂလိကစက်သုံးဆီရောင်းချခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းအတွင်း စက်သုံးဆီဆိုင်ပေါင်း(၂၂၀)ကျော်ရှိပြီး တစ်နိုင်ငံလုံးတိုင်းတာပါက စက်သုံးဆီဆိုင်ပေါင်း ၃၀၀၀ ကျော်ရှိနိုင်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်အချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး

Zawgyi

ျပည္တြင္း ပုဂၢလိက စက္သုံးဆီဆိုင္(၄၀)ေက်ာ္ လုပ္ကိုင္လိုျခင္းမရွိေတာ့တဲ့အတြက္ ပိတ္သိမ္းခြင့္ျပဳထား

ေနျပည္ေတာ္၊ ဇူလိုင္ ၉-၂၀၂၀
ေကာင္းလက္်ာ (VOM)

တိုင္းနဲ႔ျပည္နယ္အသီးသီးက ပုဂၢလိက စက္သုံးဆီျဖန္႔ျဖဴးေရာင္းခ်တဲ့ ဆီဆိုင္ႀကီး(၄၁)ဆိုင္ကို ယခုႏွစ္ထဲမွာအၿပီးပိတ္သိမ္းခြင့္ေပးလိုက္တယ္လို႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနကေန သိရပါတယ္။

“အဓိက ပိတ္သိမ္းခြင့္တင္လို႔ေပးလိုက္ရတဲ့ဆိုင္ေတြက ဆိုင္အလတ္စားနဲ႔ အေသးတစ္ခ်ိဳ႕ပါ။ တစ္ခ်ိဳ႕ေခ်ာင္က်တဲ့ဆိုင္ေတြပါသလို ဆိုင္ႀကီးေတြနဲ႔မယွဥ္ၿပိဳင္ႏိုင္တဲ့ ဆိုင္အခ်ိဳ႕လည္းပါပါတယ္။ ကိုဗစ္ကာလနဲ႔ တိုက္႐ိုက္ေတာ့မသက္ဆိုင္ပါဘူး”လို႔ ေတာင္ငူခ႐ိုင္ စက္သုံးဆီထုတ္လုပ္ေရာင္းခ်သူမ်ားအသင္း ဥကၠဌ ဦးဟန္ဝင္းေအာင္ကေျပာပါတယ္။

ပိတ္သိမ္းခြင့္တင္ခဲ့တဲ့ စက္သုံးဆီဆိုင္အေရအတြက္အေနနဲ႔ ေနျပည္ေတာ္‌ေကာင္စ္ီနယ္ေျမမွာ ၁ ဆိုင္၊ ရန္ကုန္တိုင္းမွာ ၃ ဆိုင္၊ မႏၲေလးတိုင္းမွာ ၇ ဆိုင္၊ မေကြးတိုင္းမွာ ၁ ဆိုင္၊ ပဲခူးတိုင္းမွာ ၉ ဆိုင္၊ ဧရာဝတီတိုင္းမွာ ၁၄ ဆိုင္ ၊ မြန္ျပည္နယ္၂ ဆိုင္နဲ႔ ရွမ္းျပည္နယ္မွာ ၄ ဆိုင္ စုစုေပါင္း ၄၁ ဆိုင္ရွိတယ္္လို႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ ေဆးေရးဦးစီးဌာနကေန သိရပါတယ္။

စက္သုံးဆီဆိုင္ေတြ ပိတ္သိမ္းသြားတာနဲ႔ ျပည္တြင္း စက္သုံးဆီေစ်းကြက္သက္ေရာက္မႈမရွိဘဲ အခုလုိပိတ္သိမ္းသြားတဲ့ ပုဂၢလိက စက္သုံးဆီဆိုင္ႀကီးမ်ားဟာ ဆိုင္ရွင္မ်ားရဲ႕သေဘာဆႏၵအရ ပိတ္သိမ္းျခင္းသာျဖစ္ၿပီး ႏွစ္စဥ္ လိုင္စင္ေလွ်ာက္ထားသူေတြကိုလည္း စီစစ္ခြင့္ျပဳေပးေနတဲ့အတြက္ တိုးလာတဲ့ဆိုင္နဲ႔ ပိတ္သိမ္းသြားတဲ့ဆိုင္အေရအတြက္ကို အခ်ိဳးခ်ၾကည့္ပါက တိုးလာတာက ပိုႏိုင္တယ္လို႔ ျပည္တြင္းစက္သုံးဆီေစ်းကြက္ကေန သိရပါတယ္။

အရင္က အစိုးရကထုတ္ေပးတဲ့ စက္သုံးဆီျဖန႔္ခ်ီေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနရာကေန ၂၀၁၂ ခုႏွစ္ခန႔္ကစတင္ၿပီး တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ ပုဂၢလိကစက္သုံးဆီေရာင္းခ်ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

ပဲခူးတိုင္းအတြင္း စက္သံုးဆီဆိုင္ေပါင္း(၂၂၀)ေက်ာ္ရွိၿပီး တစ္ႏိုင္ငံလုံးတုိင္းတာပါက စက္သုံးဆီဆိုင္ေပါင္း ၃၀၀၀ ေက်ာ္ရွိႏိုင္တယ္လုိ႔ စက္သုံးဆီလုပ္ငန္းရွင္အခ်ိဳ႕ရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW