နတ္တလင်းပြည်သူ့လွှတ်တော်နေရာမှာ လယ်သမားအရေးတတ်ကြွလှုပ်ရှားသူတစ်ဦးက တစ်သီးပုဂ္ဂလဝင်ပြိုင်မယ်

နတ္တလင်းပြည်သူ့လွှတ်တော်နေရာမှာ လယ်သမားအရေးတတ်ကြွလှုပ်ရှားသူတစ်ဦးက တစ်သီးပုဂ္ဂလဝင်ပြိုင်မယ်

နတ္တလင်း၊ ဇူလိုင် ၉-၂၀၂၀
လမင်း (VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်က လယ်သမားအရေးနဲ့ နိူင်ငံရေးတတ်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်ထက်ဆိုသူဟာ လာမယ့် ၂၀၂ဝအ‌ထွေ‌ထွေ‌ရွေးကောက်ပွဲမှာ နတ္တလင်းပြည်သူ့လွှတ်တော်နေရာကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ် ။

“ကျွန်တော်တို့မှာ မိတ်ဖက်ပါတီတွေရှိတယ်။ ပြည်မမှာဆိုရင် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီလို ပါတီမျိုးတွေ၊ ပြည်နယ်မှာဆိုရင် တိုင်းရင်းသားပါတီတွေပေါ့၊ UNA နဲ့ UNDPတို့လို မိတ်ဖက်ပါတီမျိုးတွေရှိတယ်။ ဒီလိုပါတီတွေနဲ့ မိတ်ဖက်အရ ဆက်ဆံရေးနဲ့သွားမယ်။ ကျတော်တို့က သေခြာတယ် ၂ဝ၂ဝရွေးကောက်ပွဲမှာ ဒေသလိုအပ်ချက်အရ ရွေးကောက်ပွဲဝင်ရခြင်းဖြစ်တယ်”လို့ ကိုသန့်ဇင်ထက်ကပြောပါတယ်။

ဒါ့အပြင် ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးအပြင် ကျေးလက်နဲ့ မြို့ပြ ဟန်ချက်ချက်ညီညီဖွံ့ဖြိုးရေးစတဲ့ ရွေးကောက်ပွဲဆိုင်ရာမူဝါဒတွေချမှတ်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်သလို လွှတ်တော်တွင်းနိူင်ငံရေးကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ မိတ်ဖက်အနေနဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကိုသန့်ဇင်ထက်ကဆက်ပြောပြပါတယ်။

NLDပါတီမှာ မြို့ခံပြည်သူတွေမနှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို အုပ်စုဖွဲ့လုပ်ဆောင်ပြီး ပြန်လည်ရွေးချယ်ထားတာကြောင့် အခုလိုရွေး‌ကောက်ပွဲဝင်ပြိုင်တဲ့နည်းနဲ့ ဖြတ်သန်းရခြင်းဖြစ်တယ်လို့ ပြောပါတယ် ။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းအတွင်း တစ်သီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲယှဉ်ပြိုင်မယ့်သူ အများအပြားရှိနေပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အလုပ်သမားနဲ့ လယ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဇူလိုင်လ ၆ ရက်‌‌နေ့ကထုတ်ပြန်ထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလောင်းရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အခြားလိုအပ်တဲ့စာရွက်စာတမ်းတွေကို အတူတူစာရင်းပေးသွင်းပြီး ကော်မရှင်ကသတ်မှတ်ထားတဲ့ ငွေကြေးကိုတင်သွင်းကာ ဝင်ရောက်ယှဉ်ပြိုင်နိူင်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နတ္တလင်း

Zawgyi

နတၱလင္းျပည္သူ႔လႊတ္ေတာ္ေနရာမွာ လယ္သမားအေရးတတ္ႂကြလႈပ္ရွားသူတစ္ဦးက တစ္သီးပုဂၢလဝင္ၿပိဳင္မယ္

နတၱလင္း၊ ဇူလိုင္ ၉-၂၀၂၀
လမင္း (VOM)

ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ နတၱလင္းၿမိဳ႕နယ္က လယ္သမားအေရးနဲ႔ ႏိူင္ငံေရးတတ္ႂကြလႈပ္ရွားသူ လူငယ္တစ္ဦးျဖစ္တဲ့ ကိုသန႔္ဇင္ထက္ဆုိသူဟာ လာမယ့္ ၂၀၂ဝအ‌ေထြ‌ေထြ‌ေ႐ြးေကာက္ပြဲမွာ နတၱလင္းျပည္သူ႔လႊတ္ေတာ္ေနရာကေန တစ္သီးပုဂၢလကိုယ္စားလွယ္အျဖစ္ ၀င္‌ေရာက္ယွဥ္ၿပိဳင္မယ္လို႔ သိရပါတယ္ ။

“ကြၽန္ေတာ္တို႔မွာ မိတ္ဖက္ပါတီေတြရွိတယ္။ ျပည္မမွာဆိုရင္ လူေဘာင္သစ္ဒီမိုကရက္တစ္ပါတီလို ပါတီမ်ိဳးေတြ၊ ျပည္နယ္မွာဆိုရင္ တိုင္းရင္းသားပါတီေတြေပါ့၊ UNA နဲ႔ UNDPတို႔လို မိတ္ဖက္ပါတီမ်ိဳးေတြရွိတယ္။ ဒီလိုပါတီေတြနဲ႔ မိတ္ဖက္အရ ဆက္ဆံေရးနဲ႔သြားမယ္။ က်ေတာ္တို႔က ေသျခာတယ္ ၂ဝ၂ဝေ႐ြးေကာက္ပြဲမွာ ေဒသလိုအပ္ခ်က္အရ ေ႐ြးေကာက္ပြဲ၀င္ရျခင္းျဖစ္တယ္”လို႔ ကိုသန႔္ဇင္ထက္ကေျပာပါတယ္။

ဒါ့အျပင္ ၂၀ဝ၈ဖြဲ႕စည္းပုံအေျခခံဥပေဒဖ်က္သိမ္းေရး၊ ဖက္ဒရယ္ဒီမိုကေရစီစနစ္ထူေထာင္ေရးအျပင္ ေက်းလက္နဲ႔ ၿမိဳ႕ျပ ဟန္ခ်က္ခ်က္ညီညီဖြံ႕ၿဖိဳးေရးစတဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာမူဝါဒေတြခ်မွတ္ၿပီး ေ႐ြးေကာက္ပြဲ၀င္မွာျဖစ္သလို လႊတ္ေတာ္တြင္းႏိူင္ငံေရးကိုလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ နဲ႔ မိတ္ဖက္အေနနဲ႔ေဆာင္ရြက္သြားမွာျဖစ္တယ္လုိ႔ ကိုသန္႔ဇင္ထက္ကဆက္ေျပာျပပါတယ္။

NLDပါတီမွာ ၿမိဳ႕ခံျပည္သူေတြမႏွစ္သက္တဲ့ ကိုယ္စားလွယ္ေတြကို အုပ္စုဖြဲ႕လုပ္ေဆာင္ၿပီး ျပန္လည္ေ႐ြးခ်ယ္ထားတာေၾကာင့္ အခုလုိေ႐ြး‌ေကာက္ပြဲဝင္ၿပိဳင္တဲ့နည္းနဲ႔ ျဖတ္သန္းရျခင္းျဖစ္တယ္လို႔ ေျပာပါတယ္ ။

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ပဲခူးတိုင္းအတြင္း တစ္သီးပုဂၢလအေနျဖင့္ ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္မယ့္သူ အမ်ားအျပားရွိေနၿပီး ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ အလုပ္သမားနဲ႔ လယ္သမားကိုယ္စားျပဳ တစ္သီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၁၁) ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္တယ္လို႔ ဇူလိုင္လ ၆ ရက္‌‌ေန႔ကထုတ္ျပန္ထားတယ္လို႔သိရပါတယ္။

ဒါ့အျပင္ ျပည္‌ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွာ ကိုယ္စားေလာင္းရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြနဲ႔ အျခားလိုအပ္တဲ့စာ႐ြက္စာတမ္းေတြကို အတူတူစာရင္းေပးသြင္းၿပီး ေကာ္မရွင္ကသတ္မွတ္ထားတဲ့ ေငြေၾကးကိုတင္သြင္းကာ ၀င္ေရာက္ယွဥ္ၿပိဳင္ႏိူင္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #နတၱလင္း

Related posts

Leave a Comment

VOM News

FREE
VIEW