ကြည်ညိုဖွယ်မရှိတဲ့ နေပြည်တော်က ဘုရားဆင်းတုတော်တွေကို မန္တလေးမြို့မှာ ပြန်လည်ပြုပြင်

ကြည်ညိုဖွယ်မရှိတဲ့ နေပြည်တော်က ဘုရားဆင်းတုတော်တွေကို မန္တလေးမြို့မှာ ပြန်လည်ပြုပြင်

မန္တလေး ဇူလိုင် ၉
ဖြူဖြူ (VOM)
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃ နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝံတောင် ဘုရားပရုဝုဏ်အတွင်းမှာ စစ်ဗိုလ်ချုပ်ကြီးတချို့နဲ့ စစ်အသိုင်းအဝိုင်းက ယတြာအနေနဲ့ အဓိဌာန်ပြီး ကိုးကွယ်ထားတဲ့ ဆင်းတုတော်တွေကို မန္တလေးမြို့မှာ ဘုရားဆင်းတုတော်အဖြစ် ပြန်လည်ပြုပြင်နေပါတယ်။

ရုပ်ပွားတော်တွေဟာ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် အခြားဘာသာ အယူဝါဒများလွှမ်းမိုးရောယှက်နေတဲ့အတွက် ထားရှိကြည်ညိုဖို့ လျော်ကန်သင့်မြတ်မှုမရှိတာကြောင့် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနညွှန်ကြားချက်နဲ့ ဖယ်ရှားရှင်းလင်းစေခဲ့ပါတယ်။

အဲ့ဒီဆင်းတုတော်တွေကို မန္တလေးမြို့ ဘုရားကြီးအနောက်မုဒ် ကျောက်ဆစ်တန်းမှာရှိတဲ့ ရွှေစင်ရတနာကျောက်ဆစ်ဆိုင်နဲ့ အောင်သီဟ ကျောက်ဆစ်ဆိုင်တို့မှာ လာဘမုနိဘုရားဆင်းတုတော်အဖြစ် ပြန်လည်ပြုပြင်ဖို့ အပ်နှံထားတာဖြစ်ပါတယ်။

“ခန့်မှန်းတစ်လလောက်ကြာမယ်။ လက်တွေပြင်ရမယ်၊ သင်္ကန်းတွေပြန်ဖော်ရမယ်၊ ခေါင်းတော်၊ နားရွက်တွေ ပြန်လုပ်ရမယ်။ ဘုရားပုံပြန်ဖြစ်လာအောင် ပြန်ဖော်ရမှာပေါ့။ လာဘမုနိဘုရားအဖြစ်ပုံဖော်မှာပါ။”လို့ ရွှေစင်ရတနာ ကျောက်ဆစ်ဆိုင်ပိုင်ရှင် ဦးသိန်းရွှေကပြောပါတယ်။

ဘုရားမဟုတ်ညာတင်ကုတ်ဆိုတဲ့အယူအဆနဲ့ အခုလို ဆင်းတုတော်တွေထုလုပ်ပြီး လောကီပညာရပ်နဲ့ စီရင်ကိုးကွယ်မှုတွေဟာ ရှေးကတည်းက အနည်းအကျဉ်းရှိခဲ့တယ်လို့ သိရပါတယ်။

သာသနာတော်ကို မထိခိုက်စေဘဲ ဆောင်ရွက်တဲ့ လောကီပညာရပ်တွေကို မကန့်ကွက်လိုပေမယ့် ဘုရားဂုဏ်တော်တွေ၊ ဘုရားပုံစံတွေကိုယူပြီး အစီအရင်လုပ်ဆောင်တာတွေကိုတော့ အပြင်းအထန် ကန့်ကွက်တယ်လို့ ဆရာတော် ဦးပညိဿရာလင်္ကာရ (ရန်ကင်းတောင်- ပိဋကတ်နှစ်ပုံခွဲဆောင်)က မိန့်ပါတယ်။

“ဘုရားနဲ့ မပတ်သက်ဘဲ၊ သာသနာတော်နဲ့ မပတ်သက်ဘဲလုပ်တဲ့ ယတြာတွေ၊ အစီအရင်တွေကို ဘာမှမပြောလိုပါဘူး။ သို့သော်လည်း အခုဟာကတော့ ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ဆင်တူနေတယ်။ ရုပ်ပွားတော်ကို ပြုလုပ်ထားတဲ့အမူအရာတွေကလည်း တော်တော်ကို ကြည်ညိုဖွယ်ပျက်နေတာပေါ့”လို့ ဆရာတော် ဦးပညိဿရာလင်္ကာရ မိန့်ကြားပါတယ်။

ဘာသာသာသနာနဲ့ ပတ်သက်ပြီး ဆောင်ရွက်ကြတဲ့အခါမှာ ဘုရားအဆုံးအမတွေနဲ့ လျော်ညီအောင်ဆောင်ရွက်ဖို့ လိုအပ်ပြီး ဘုရားအဆုံးအမတွေနဲ့ မလျော်ညီဘဲ အခုလိုလုပ်ဆောင်ရင် ဘယ်လိုပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ ပါတီကိုမဆို ကန့်ကွက်တယ်လို့ ဆရာတော်ကမိန့်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ အားပြိုင်ဆောင်ရွက်ကြတဲ့အခါမှာလည်း ဘာသာသာသနာကို ခုတုံးလုပ်ပြီး မလုပ်ဆောင်ကြဖို့ ဆရာတော် ဦးပညိဿရာလင်္ကာရက ဆက်လက်မိန့်ကြားပါတယ်။

အဲ့ဒီဆင်းတုတော်တွေကို ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မောင်ဘိုတို့အပါအဝင် စစ်အသိုင်းအဝိုင်းမိသားစုတွေနဲ့ ရဲမှူးချူပ်တွေ၊ ညွန်ကြားရေးမှူးချုပ်တွေက ယတြာအစီအရင်နဲ့ လှူဒါန်းထားကြတာလည်းဖြစ်ပါတယ်။

အာဏာတည်စေ၊ ပုလ္လင်မြဲစေ၊ ရာထူးတိုးစေ စတဲ့အရေးအသားတွေအပြင် စီးပွားလာဘ်လာဘအတွက် ယတြာအစီအရင်အနေနဲ့ တည်ထားကိုးကွယ်ထားတာလို့လည်း သိရပါတယ်။

ဆင်းတုတော်တွေဟာ လက်နောက်ပြန်တွေပါသလို ဆံတော်သင်းကျစ်မှာ အချွန်အတက်တွေနဲ့ ကြာပွင့်ပုံတွေနဲ့ မျက်နှာတော်တွေဟာလည်း ကြည်ညိုဖွယ်ရာမရှိတာတွေ ဖြစ်နေတဲ့အတွက် အခုလိုပြန်လည်ပြုပြင်တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ၾကည္ညိဳဖြယ္မရိွတဲ့ ေနျပည္ေတာ္က ဘုရားဆင္းတုေတာ္ေတြကို မႏၱေလးၿမိဳ႕မွာ ျပန္လည္ျပဳျပင္

မႏၲေလး ဇူလိုင္ ၉
ျဖဴျဖဴ (VOM)
ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ ႐ြာေကာက္ရပ္ကြက္၊ ပန္းခင္း ၃ နယ္ေျမ၊ စိႏၲာမုနိေက်ာင္း၊ စိႏၲာမုနိမင္းဝံေတာင္ ဘုရားပ႐ုဝုဏ္အတြင္းမွာ စစ္ဗိုလ္ခ်ဳပ္ႀကီးတခ်ိဳ႕နဲ႔ စစ္အသိုင္းအဝိုင္းက ယၾတာအေနနဲ႔ အဓိဌာန္ၿပီး ကိုးကြယ္ထားတဲ့ ဆင္းတုေတာ္ေတြကို မႏၲေလးၿမိဳ႕မွာ ဘုရားဆင္းတုေတာ္အျဖစ္ ျပန္လည္ျပဳျပင္ေနပါတယ္။

႐ုပ္ပြားေတာ္ေတြဟာ ေထရဝါဒဗုဒၶဘာသာနဲ႔ ကိုက္ညီမႈမရွိတဲ့အျပင္ အျခားဘာသာ အယူဝါဒမ်ားလႊမ္းမိုးေရာယွက္ေနတဲ့အတြက္ ထားရွိၾကည္ညိဳဖို႔ ေလ်ာ္ကန္သင့္ျမတ္မႈမရွိတာေၾကာင့္ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနၫႊန္ၾကားခ်က္နဲ႔ ဖယ္ရွားရွင္းလင္းေစခဲ့ပါတယ္။

အဲ့ဒီဆင္းတုေတာ္ေတြကို မႏၲေလးၿမိဳ႕ ဘုရားႀကီးအေနာက္မုဒ္ ေက်ာက္ဆစ္တန္းမွာရွိတဲ့ ေ႐ႊစင္ရတနာေက်ာက္ဆစ္ဆိုင္နဲ႔ ေအာင္သီဟ ေက်ာက္ဆစ္ဆိုင္တို႔မွာ လာဘမုနိဘုရားဆင္းတုေတာ္အျဖစ္ ျပန္လည္ျပဳျပင္ဖို႔ အပ္ႏွံထားတာျဖစ္ပါတယ္။

“ခန႔္မွန္းတစ္လေလာက္ၾကာမယ္။ လက္ေတြျပင္ရမယ္၊ သကၤန္းေတြျပန္ေဖာ္ရမယ္၊ ေခါင္းေတာ္၊ နား႐ြက္ေတြ ျပန္လုပ္ရမယ္။ ဘုရားပုံျပန္ျဖစ္လာေအာင္ ျပန္ေဖာ္ရမွာေပါ့။ လာဘမုနိဘုရားအျဖစ္ပုံေဖာ္မွာပါ။”လို႔ ေ႐ႊစင္ရတနာ ေက်ာက္ဆစ္ဆိုင္ပိုင္ရွင္ ဦးသိန္းေ႐ႊကေျပာပါတယ္။

ဘုရားမဟုတ္ညာတင္ကုတ္ဆိုတဲ့အယူအဆနဲ႔ အခုလို ဆင္းတုေတာ္ေတြထုလုပ္ၿပီး ေလာကီပညာရပ္နဲ႔ စီရင္ကိုးကြယ္မႈေတြဟာ ေရွးကတည္းက အနည္းအက်ဥ္းရွိခဲ့တယ္လို႔ သိရပါတယ္။

သာသနာေတာ္ကို မထိခိုက္ေစဘဲ ေဆာင္႐ြက္တဲ့ ေလာကီပညာရပ္ေတြကို မကန႔္ကြက္လိုေပမယ့္ ဘုရားဂုဏ္ေတာ္ေတြ၊ ဘုရားပုံစံေတြကိုယူၿပီး အစီအရင္လုပ္ေဆာင္တာေတြကိုေတာ့ အျပင္းအထန္ ကန႔္ကြက္တယ္လို႔ ဆရာေတာ္ ဦးပညိႆရာလကၤာရ (ရန္ကင္းေတာင္- ပိဋကတ္ႏွစ္ပုံခြဲေဆာင္)က မိန႔္ပါတယ္။

“ဘုရားနဲ႔ မပတ္သက္ဘဲ၊ သာသနာေတာ္နဲ႔ မပတ္သက္ဘဲလုပ္တဲ့ ယၾတာေတြ၊ အစီအရင္ေတြကို ဘာမွမေျပာလိုပါဘူး။ သို႔ေသာ္လည္း အခုဟာကေတာ့ ဗုဒၶ႐ုပ္ပြားေတာ္ေတြနဲ႔ ဆင္တူေနတယ္။ ႐ုပ္ပြားေတာ္ကို ျပဳလုပ္ထားတဲ့အမူအရာေတြကလည္း ေတာ္ေတာ္ကို ၾကည္ညိဳဖြယ္ပ်က္ေနတာေပါ့”လို႔ ဆရာေတာ္ ဦးပညိႆရာလကၤာရ မိန႔္ၾကားပါတယ္။

ဘာသာသာသနာနဲ႔ ပတ္သက္ၿပီး ေဆာင္႐ြက္ၾကတဲ့အခါမွာ ဘုရားအဆုံးအမေတြနဲ႔ ေလ်ာ္ညီေအာင္ေဆာင္႐ြက္ဖို႔ လိုအပ္ၿပီး ဘုရားအဆုံးအမေတြနဲ႔ မေလ်ာ္ညီဘဲ အခုလိုလုပ္ေဆာင္ရင္ ဘယ္လိုပုဂၢိဳလ္၊ အသင္းအဖြဲ႕၊ ပါတီကိုမဆို ကန႔္ကြက္တယ္လို႔ ဆရာေတာ္ကမိန႔္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေရးအရ အားၿပိဳင္ေဆာင္႐ြက္ၾကတဲ့အခါမွာလည္း ဘာသာသာသနာကို ခုတုံးလုပ္ၿပီး မလုပ္ေဆာင္ၾကဖို႔ ဆရာေတာ္ ဦးပညိႆရာလကၤာရက ဆက္လက္မိန႔္ၾကားပါတယ္။

အဲ့ဒီဆင္းတုေတာ္ေတြကို ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း သန္းေ႐ႊ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေမာင္ဘိုတို႔အပါအဝင္ စစ္အသိုင္းအဝိုင္းမိသားစုေတြနဲ႔ ရဲမႉးခ်ဴပ္ေတြ၊ ၫြန္ၾကားေရးမႉးခ်ဳပ္ေတြက ယၾတာအစီအရင္နဲ႔ လႉဒါန္းထားၾကတာလည္းျဖစ္ပါတယ္။

အာဏာတည္ေစ၊ ပုလႅင္ၿမဲေစ၊ ရာထူးတိုးေစ စတဲ့အေရးအသားေတြအျပင္ စီးပြားလာဘ္လာဘအတြက္ ယၾတာအစီအရင္အေနနဲ႔ တည္ထားကိုးကြယ္ထားတာလို႔လည္း သိရပါတယ္။

ဆင္းတုေတာ္ေတြဟာ လက္ေနာက္ျပန္ေတြပါသလို ဆံေတာ္သင္းက်စ္မွာ အခြၽန္အတက္ေတြနဲ႔ ၾကာပြင့္ပုံေတြနဲ႔ မ်က္ႏွာေတာ္ေတြဟာလည္း ၾကည္ညိဳဖြယ္ရာမရွိတာေတြ ျဖစ္ေနတဲ့အတြက္ အခုလုိျပန္လည္ျပဳျပင္တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၱေလး

Related posts

Leave a Comment

VOM News

FREE
VIEW