ရသေ့တောင်က မိုင်းထိလူနာ စစ်တွေဆေးရုံမှာ သေဆုံး

ရသေ့တောင်က မိုင်းထိလူနာ စစ်တွေဆေးရုံမှာ သေဆုံး

စစ်တွေ၊ ဇူလိုင် ၉- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရသေ့တောင်မြို့အနီး ငတောက်တူချေကျေးရွာမှာ မနေ့ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းက စစ်တွေဆေးရုံကို ရောက်ရှိနေတဲ့ မိုင်းထိလူနာဟာ ဒီကနေ့မနက်အစောပိုင်း ၄ နာရီကျော်အချိန် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လူနာကို စစ်တွေဆေးရုံလိုက်ပါပို့ဆောင်ပေးတဲ့ ကိုဘက္ကာက” သေဆုံးသွားတာဟုတ်ပါတယ်။ ဒီကနေ့ မနက် ၄ နာရီ ၁၆ မိနစ်က သေသွားတာပါ။” လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်၊ ငတောက်တူချေကျေးရွာအနီး အိမ်နောက်ဖက်က လယ်ကွင်းမှာ နွားကျောင်းနေစဉ် ကုက္ကိုပင်အောက်က နွားတွေကို သွားယူရာမှာ မိုင်းကိုနင်းမိတာဖြစ်တယ်လို့ မိသားစုဝင်တွေက VOM ကို ပြောပြထားတာ ဖြစ်ပါတယ်။

မိုင်းထိ သေဆုံးသွားသူ ဦးမောင်ကျော်သန်းရဲ့ သမက် ဦးလှစိန်ထွန်းပြောပြတာက” ဒဏ်ရာက မိုင်းနင်းမိလို့ရတာပါ။ ကျနော့်ယောက္ခမက အိမ်နောက်ဖက်က လယ်ကွယ်းမှာ နွားကျောင်းနေတာ။ အဲ့ဒီမှာ နွားတွေက စစ်တပ်ဖက်ကို တက်ဖို့လုပ်တော့ နွားတွေကို ရွာဖက်ပြန်လှည့်ချိန် အဲ့ဒီမိုင်းကို နင်းမိပါတယ်။ ရွာမှာလူလည်း မရှိတော့ပါဘူး။ ကျနော်တို့က ကျွန်းတောင်ဆိုတဲ့ ကျွန်းမှာနေတာပါ။ ကျနော်တို့ အဲ့ဒီဖက်ကနေ ရွာဖက်ကိုဆင်းပြီးနွားကျောင်းကြပါတယ်။ လယ်လည်း မလုပ်ရဘူး။ သူတို့က လယ်ထွန်ရင်လည်း လှမ်းပစ်တယ်။ နွားကျောင်းသားမြင်ရင်လည်း လှမ်းပစ်တယ်။ အခုက ဒေသ အခြေအနေ နည်းနည်း အေးဆေး ကျတော့ နွားထကျောင်းကြပါတယ်။ အဲ့ဒီမှာ ကုက္ကိုပင် အောက်မှာနင်းမိတာပါ။” လို့ ပြောပြပါတယ်။

ငတောက်တူချေကျေးရွာဟာ ရသေ့တောင်မြို့အနီးမှာတည်ရှိပြီး တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေတာဟာ ၆ လလောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကိုဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရရှိခဲ့ပါဘူး။

တပ်မတောနဲ့ အေအေတို့ရဲ့ စစ်ရေးကာလ ၂၀၁၈ ခုနှစ်ကုန်ပိုင်း ဒီဇင်ဘာလကနေ အခုအချိန်ထိ ၂ နှစ်ကျော်ကာလအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေပြီး မိုင်းနင်းမိတဲ့အတွက် အသက်ဆုံးရှုံးရတဲ့အပြင် ခြေလက်တွေကို စွန့်လွှတ်လိုက်ရသူတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရေသ့ေတာင္က မိုင္းထိလူနာ စစ္ေတြေဆး႐ုံမွာ ေသဆုံး

စစ္ေတြ၊ ဇူလိုင္ ၉- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရေသ့ေတာင္ၿမိဳ႕အနီး ငေတာက္တူေခ်ေက်း႐ြာမွာ မေန႔ ဇူလိုင္လ ၈ ရက္ေန႔ ညေနပိုင္းက စစ္ေတြေဆး႐ုံကို ေရာက္ရွိေနတဲ့ မိုင္းထိလူနာဟာ ဒီကေန႔မနက္အေစာပိုင္း ၄ နာရီေက်ာ္အခ်ိန္ ေဆးကုသမႈခံယူေနစဥ္ ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္။

လူနာကို စစ္ေတြေဆး႐ုံလိုက္ပါပို႔ေဆာင္ေပးတဲ့ ကိုဘကၠာက” ေသဆုံးသြားတာဟုတ္ပါတယ္။ ဒီကေန႔ မနက္ ၄ နာရီ ၁၆ မိနစ္က ေသသြားတာပါ။” လို႔ ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္၊ ငေတာက္တူေခ်ေက်း႐ြာအနီး အိမ္ေနာက္ဖက္က လယ္ကြင္းမွာ ႏြားေက်ာင္းေနစဥ္ ကုကၠိဳပင္ေအာက္က ႏြားေတြကို သြားယူရာမွာ မိုင္းကိုနင္းမိတာျဖစ္တယ္လို႔ မိသားစုဝင္ေတြက VOM ကို ေျပာျပထားတာ ျဖစ္ပါတယ္။

မိုင္းထိ ေသဆုံးသြားသူ ဦးေမာင္ေက်ာ္သန္းရဲ႕ သမက္ ဦးလွစိန္ထြန္းေျပာျပတာက” ဒဏ္ရာက မိုင္းနင္းမိလို႔ရတာပါ။ က်ေနာ့္ေယာကၡမက အိမ္ေနာက္ဖက္က လယ္ကြယ္းမွာ ႏြားေက်ာင္းေနတာ။ အဲ့ဒီမွာ ႏြားေတြက စစ္တပ္ဖက္ကို တက္ဖို႔လုပ္ေတာ့ ႏြားေတြကို ႐ြာဖက္ျပန္လွည့္ခ်ိန္ အဲ့ဒီမိုင္းကို နင္းမိပါတယ္။ ႐ြာမွာလူလည္း မရွိေတာ့ပါဘူး။ က်ေနာ္တို႔က ကြၽန္းေတာင္ဆိုတဲ့ ကြၽန္းမွာေနတာပါ။ က်ေနာ္တို႔ အဲ့ဒီဖက္ကေန ႐ြာဖက္ကိုဆင္းၿပီးႏြားေက်ာင္းၾကပါတယ္။ လယ္လည္း မလုပ္ရဘူး။ သူတို႔က လယ္ထြန္ရင္လည္း လွမ္းပစ္တယ္။ ႏြားေက်ာင္းသားျမင္ရင္လည္း လွမ္းပစ္တယ္။ အခုက ေဒသ အေျခအေန နည္းနည္း ေအးေဆး က်ေတာ့ ႏြားထေက်ာင္းၾကပါတယ္။ အဲ့ဒီမွာ ကုကၠိဳပင္ ေအာက္မွာနင္းမိတာပါ။” လို႔ ေျပာျပပါတယ္။

ငေတာက္တူေခ်ေက်း႐ြာဟာ ရေသ့ေတာင္ၿမိဳ႕အနီးမွာတည္ရွိၿပီး တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡေတြေၾကာင့္ ႐ြာလုံးကြၽတ္ထြက္ေျပးေနတာဟာ ၆ လေလာက္ရွိၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန္းကိုဆက္သြယ္ခဲ့ရာ အဆက္အသြယ္မရရွိခဲ့ပါဘူး။

တပ္မေတာနဲ႔ ေအေအတို႔ရဲ႕ စစ္ေရးကာလ ၂၀၁၈ ခုႏွစ္ကုန္ပိုင္း ဒီဇင္ဘာလကေန အခုအခ်ိန္ထိ ၂ ႏွစ္ေက်ာ္ကာလအတြင္း အရပ္သားထိခိုက္ေသဆုံးမႈေတြျမင့္တက္ေနၿပီး မိုင္းနင္းမိတဲ့အတြက္ အသက္ဆုံးရႈံးရတဲ့အျပင္ ေျခလက္ေတြကို စြန္႔လႊတ္လိုက္ရသူေတြလည္း ရွိေနပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW