မကွေးမြို့နယ်အတွင်းမှာရောက်နေတဲ့ ပိုးကောင်တွေဟာ ကျိုင်းကောင်မဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိ

မကွေးမြို့နယ်အတွင်းမှာရောက်နေတဲ့ ပိုးကောင်တွေဟာ ကျိုင်းကောင်မဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိ

မကွေး ဇူလိုင်၉ -၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကြူချောင်းကျေးရွာရှိ ပဲနဲ့နှမ်းခင်းတွေမှာကျရောက်နေတဲ့ ပိုးကောင်တွေဟာ ကျိုင်းကောင်မဟုတ်ဘဲ ဓါးခုတ်ကောင်(နှံကောင်)တမျိုးသာဖြစ်တယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းကပြောပါတယ်။

ကြူချောင်းကျေးရွာက တောင်သူ၅ဦးရဲ့ ပဲနဲ့နှမ်းခင်းတွေမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ကျရောက်နေတာဖြစ်ပြီး ကျိုင်းကောင်လို့သတင်းထွက်ပေါ်နေတဲ့အတွက် တောင်သူတချို့ကလည်း ထိတ်လန့်နေကြတာဖြစ်ပါတယ်။

“တကယ်တော့ ကျွန်းပင်ပေါက်တွေ၊ အပင်ကြီးတွေနဲ့ နီးတဲ့နေရာတွေမှာ ကျတာပါ၊ ကျွန်းရွက်စားတဲ့အကောင်မျိုးဖြစ်ပြီး ကျွန်းပင်နဲ့ဝေးတဲ့ စိုက်ခင်းတွေမှာမတွေ့ရပါဘူး။ ဒါကြောင့် တောင်သူတွေကိုမစိုးရိမ်ဖို့ ကန္တာရကျိုင်းကောင်မဟုတ်ဘူး”လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းကပြောပါတယ်။

စိုက်ခင်းတခင်းလုံးကို ထိခိုက်စေတာမရှိဘဲ ကျွန်းပင်တန်းအစပ်လောက်သာ အဲ့ဒီအကောင်တွေကျရောက်နေတဲ့အတွက် ပိုးသတ်ဆေးသုံးခဲ့ရင် ဥပါဒ်ဖြစ်မှာစိုးရိမ်ကြောင်းနဲ့ အားပျော့ဆေးကိုသာ စိုက်ခင်းအစပ်တလျောက် အနည်းငယ်သုံးရုံနဲ့ လုံလောက်စေတာတွေကို ပညာပေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုအခါမှာ အကောင်၅၀၀ခန့် တပြိုင်ထဲတွေ့ရှိခဲ့တဲ့စိုက်ခင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီးတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မကွေး

Zawgyi

မေကြးၿမိဳ႕နယ္အတြင္းမွာေရာက္ေနတဲ့ ပုိးေကာင္ေတြဟာ က်ိဳင္းေကာင္မဟုတ္တဲ့အတြက္ စိုးရိမ္စရာမရိွ

မေကြး ဇူလိုင္၉ -၂၀၂၀
ဂ်န္ကိုးလ္ (VOM)

မေကြးတိုင္း၊ မေကြးၿမိဳ႕နယ္၊ ၾကဴေခ်ာင္းေက်း႐ြာရွိ ပဲနဲ႔ႏွမ္းခင္းေတြမွာက်ေရာက္ေနတဲ့ ပိုးေကာင္ေတြဟာ က်ိဳင္းေကာင္မဟုတ္ဘဲ ဓါးခုတ္ေကာင္(ႏွံေကာင္)တမ်ိဳးသာျဖစ္တယ္လို႔ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးမႉး ဦးခိုင္မင္းကေျပာပါတယ္။

ၾကဴေခ်ာင္းေက်း႐ြာက ေတာင္သူ၅ဦးရဲ႕ ပဲနဲ႔ႏွမ္းခင္းေတြမွာ လြန္ခဲ့တဲ့ရက္ပိုင္းက က်ေရာက္ေနတာျဖစ္ၿပီး က်ိဳင္းေကာင္လို႔သတင္းထြက္ေပၚေနတဲ့အတြက္ ေတာင္သူတခ်ိဳ႕ကလည္း ထိတ္လန္႔ေနၾကတာျဖစ္ပါတယ္။

“တကယ္ေတာ့ ကြၽန္းပင္ေပါက္ေတြ၊ အပင္ႀကီးေတြနဲ႔ နီးတဲ့ေနရာေတြမွာ က်တာပါ၊ ကြၽန္း႐ြက္စားတဲ့အေကာင္မ်ိဳးျဖစ္ၿပီး ကြၽန္းပင္နဲ႔ေဝးတဲ့ စိုက္ခင္းေတြမွာမေတြ႕ရပါဘူး။ ဒါေၾကာင့္ ေတာင္သူေတြကိုမစိုးရိမ္ဖုိ႔ ကႏၲာရက်ိဳင္းေကာင္မဟုတ္ဘူး”လို႔ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးမႉး ဦးခိုင္မင္းကေျပာပါတယ္။

စိုက္ခင္းတခင္းလုံးကို ထိခိုက္ေစတာမရွိဘဲ ကြၽန္းပင္တန္းအစပ္ေလာက္သာ အဲ့ဒီအေကာင္ေတြက်ေရာက္ေနတဲ့အတြက္ ပိုးသတ္ေဆးသံုးခဲ့ရင္ ဥပါဒ္ျဖစ္မွာစိုးရိမ္ေၾကာင္းနဲ႔ အားေပ်ာ့ေဆးကိုသာ စိုက္ခင္းအစပ္တေလ်ာက္ အနည္းငယ္သုံး႐ုံနဲ႔ လုံေလာက္ေစတာေတြကို ပညာေပးတာေတြလည္း ျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

အခုအခါမွာ အေကာင္၅၀၀ခန္႔ တၿပိဳင္ထဲေတြ႕ရွိခဲ့တဲ့စိုက္ခင္းကို ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးမႉးကိုယ္တိုင္ ကြင္းဆင္းစစ္ေဆးၿပီးတဲ့အတြက္ စိုးရိမ္စရာမရွိဘူးလို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မေကြး

Related posts

Leave a Comment

VOM News

FREE
VIEW