လေးလနီးပါး ပိတ်ထားခဲ့တဲ့ ဆွမ်းဦးပုညရှင်စေတီတော် ပြန်လည်ဖွင့်လှစ်

လေးလနီးပါး ပိတ်ထားခဲ့တဲ့ ဆွမ်းဦးပုညရှင်စေတီတော် ပြန်လည်ဖွင့်လှစ်

စစ်ကိုင်း ဇူလိုင် ၁၂ -၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးက သမိုင်းဝင်ဆွမ်းဦးပုညရှင်စေတီတော်ကို ဒီကနေ့ ဇူလိုင်(၁၂)ရက်နေ့ကနေ စတင်ပြီး ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်တယ်လို့ ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။

Covid -19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ဆွမ်းဦးပုညရှင်စေတီတော်ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ယာယီပိတ်ထားရာ ဇွန်လ(၁၂) ရက်နေ့က စတင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေအတိုင်း ပြန်လည်ဖွင့်လှစ်ထားတယ်လို့ ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်လှ ကပြောပါတယ်။

” ဒီနေ့စတင်ပြီး ဖွင့်ခွင့်ရတယ်၊ ဖွင့်လှစ်ခွင့်ရတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များအတိုင်း လက်ဆေးကန်တွေအဝင်စမှာရော ဘုရားရင်ပြင်တော် ပတ်ပတ်လည်မှာရော ချထားပေးတယ်၊ အပူတိုင်းတာတယ်၊ နှာခေါင်းစည်း (Mask)လေးတွေကို လူတိုင်းတပ်ခိုင်းပါတယ်။ ဘုရားလှည့်လည်ဖူးမြော်တဲ့အခါမှာလည်း နှာခေါင်းစည်းလေးတွေ မဖြုတ်ဖို့ အသိပေးပါတယ်၊ ဘုရားရှစ်ခိုးပူဇော်တဲ့အခါမှာလည်း ဘုရားကန့်တောတဲ့ နေရာမှာလည်း ခြောက်ပေအကွာ လုပ်ထားပါတယ်”လို့ အတွင်းရေးမှူး ဦးကျော်လှ ကပြောပါတယ်။

ဆွမ်းဦးပုညရှင်စေတီတော်အတွင်းကို နှာခေါင်းစည်း (Mask)မတပ်ဆင်သူတွေ၊ ကိုယ်အပူချိန်မြင့်မားသူတွေကို ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်တွေ အတိုင်း ဘုရားပြည်သူများဝင်ရောက်ခွင့်ပြုခြင်း၊ ဘုရားပုရဝုဏ်အတွင်း ရောင်းချလျှက်ရှိသော ဈေးဆိုင်ခန်းများကိုလည်း ကျန်မားရေးညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပြီး ဖွင့်လှစ်ရောင်းချဖို့ အသိပေးဆောင်ရွက်ထားတယ်လို့ ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

ေလးလနီးပါး ပိတ္ထားခဲ့တဲ့ ဆြမ္းဦးပုညရွင္ေစတီေတာ္ ျပန္လည္ဖြင့္လွစ္

စစ္ကုိင္း ဇူလုိင္ ၁၂ -၂၀၂၀
ေမာင္တာရာ(VOM)

စစ္ကုိင္းၿမဳိ႕၊ စစ္ကုိင္းေတာင္ရုိးက သမုိင္းဝင္ဆြမ္းဦးပုညရွင္ေစတီေတာ္ကုိ ဒီကေန႔ ဇူလုိင္(၁၂)ရက္ေန႔ကေန စတင္ျပီး ျပန္လည္ဖြင့္လွစ္ထားျပီၿဖစ္တယ္လုိ႔ ဆြမ္းဦးပုညရွင္ဘုရားေဂါပကအဖြဲ႕ကေန သိရပါတယ္။

Covid -19 ကူးစက္ၿမန္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ဆြမ္းဦးပုညရွင္ေစတီေတာ္ကုိ ၂၀၂၀ ခုႏွစ္၊ မတ္လ ၂၈ ရက္ေန႕မွ စတင္ျပီး ယာယီပိတ္ထားရာ ဇြန္လ(၁၂) ရက္ေန႔က စတင္ၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ညႊန္ႀကားထားတဲ့ ညႊန္ႀကားခ်က္ေတြအတုိင္း ျပန္လည္ဖြင့္လွစ္ထားတယ္လုိ႔ ဆြမ္းဦးပုညရွင္ဘုရားေဂါပကအဖြဲ႕ အတြင္းေရးမွဴး ဦးေက်ာ္လွ ကေျပာပါတယ္။

” ဒီေန႔စတင္ျပီး ဖြင့္ခြင့္ရတယ္၊ ဖြင့္လွစ္ခြင့္ရေတာ့ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ညႊန္ႀကားခ်က္မ်ားအတုိင္း လက္ေဆးကန္ေတြအဝင္စမွာေရာ ဘုရားရင္ျပင္ေတာ္ ပတ္ပတ္လည္မွာေရာ ခ်ထားေပးတယ္၊ အပူတုိင္းတာတယ္၊ ႏွာေခါင္းစည္း (Mask)ေလးေတြကုိ လူတုိင္းတပ္ခုိင္းပါတယ္။ ဘုရားလွည့္လည္ဖူးေၿမာ္တဲ့အခါမွာလည္း ႏွာေခါင္းစည္းေလးေတြ မၿဖဳတ္ဖုိ႕ အသိေပးပါတယ္၊ ဘုရားရွစ္ခုိးပူေဇာ္တဲ့အခါမွာလည္း ဘုရားကန္႔ေတာတဲ့ ေနရာမွာလည္း ေျခာက္ေပအကြာ လုပ္ထားပါတယ္”လုိ႔ အတြင္းေရးမွဴး ဦးေက်ာ္လွ ကေျပာပါတယ္။

ဆြမ္းဦးပုညရွင္ေစတီေတာ္အတြင္းကို ႏွာေခါင္းစည္း (Mask)မတပ္ဆင္သူေတြ၊ ကုိယ္အပူခ်ိန္ျမင့္မားသူေတြကုိ ဝင္ေရာက္ခြင့္ျပဳမွာမဟုတ္ဘဲ က်န္းမာေရးဆုိင္ရာညႊန္ၾကားခ်က္ေတြ အတိုင္း ဘုရားျပည္သူမ်ားဝင္ေရာက္ခြင့္ျပဳျခင္း၊ ဘုရားပုရဝုဏ္အတြင္း ေရာင္းခ်လ်ွက္ရွိေသာ ေစ်းဆုိင္ခန္းမ်ားကိုလည္း က်န္မားေရးညႊန္ၾကားခ်က္မ်ားအတိုင္း ေဆာင္ရြက္ၿပီး ဖြင့္လွစ္ေရာင္းခ်ဖို႔ အသိေပးေဆာင္ရြက္ထားတယ္လုိ႔ ဘုရားေဂါပကအဖြဲ႕ကေန သိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW