ကံမမြို့မှာ ဝက်တွေသေဆုံးမှုမြင့်တက်

ကံမမြို့မှာ ဝက်တွေသေဆုံးမှုမြင့်တက်

ကံမ၊ ဇူလိုင်၂၅-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ ကံမမြို့မှာ ဝက်တွေဖျားနာပြီး သေဆုံးမှုမြင့်တက်နေပြီး ဒီလိုသေဆုံးရတာဟာ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် အခုလိုသေဆုံးနေကြရတာလို့ စွပ်စွဲပြောဆိုနေကြတဲ့အပြင် တမြို့နယ်လုံး ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံမွေးမြူရေးသမားတွေက ပြောပါတယ်။

”ကျနော်တို့ မွေးမြူရေးသမားတွေကို ဘာမှပံ့ပိုးကူညီထားတာမရှိဘူး၊ အခုရောဂါက ဗိုင်းရပ်စ်ဖြစ်တယ်၊ အစိုးရနဲ့ ဌာနဆိုင်ရာတို့နဲ့ တာဝန်ရှိသူတွေ လုပ်ကိုင်ပေးမှ ကူညီမှရမှာ မွေးမြူရေးသမားတွေက လေ့လာထားတဲ့အရာနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နေရတာ၊ ဒေသအစုံက ဝက်ကားတွေ ဥဒဟိုဝင်ထွက်နေတာ ဘယ်လိုတွေစည်းကမ်းသတ်မှတ်ထားလဲ မသိရဘူး။ နယ်စုံက ဝက်ရောဂါတွေပျံ့လွယ်တယ် ဂျီပီလို့ခေါ်တဲ့ လိုက်ကုနေတဲ့သူတွေဆီကလည်းပျံ့နိုင်တယ်။ ကျနော်တို့က ဖြစ်စဉ်အတိအကျလေ့လာပြီးမှပြောတာ ရင်ခွဲစစ်ဆေးချက်အရ သရက်ရွက်ကြီးပြီး ရှည်နေတယ်၊ တချို့ကမသိဘူး သေတယ်၊ချက်စားတယ်၊ အဲ့ဒီကနေပျံ့တယ်၊ ဒါကို ဌာနအနေနဲ့ ထိန်းချုပ်မှု့မရှိဘူး။ ရွာစဉ်လှည့်ကုတဲ့ တိကုဆရာတွေဆီက ရောဂါပါလာမှာစိုးတယ်။ ဇီဝလုံခြုံရေးအရ မဝင်စေချင်ဘူး၊ တတ်နိုင်သလောက် ထိန်းချုပ်ထားတယ်။ အပြင်ရွာတွေအတွက် ဘာမှလုပ်နေတာ မတွေ့ရသလို မှတ်ပုံတင်ထားတဲ့ မွေးမြူရေးလုပ်ငန်းသမား လက်ချိုးရေလို့ရတယ်။ ဘယ်လိုမှတ်ပုံတင်ရမလဲဆိုတာတောင် သိတဲ့သူနဲတယ်၊ တခါတလေ တင်ခွင့်မရတဲ့သူတွေရှိတယ် ဘယ်လိုကြောင့်တော့မသိဘူး”လို့ ဝက်မွေးမြူရေးသမား ကိုကျော်ထက်ပိုင်ကပြောပါတယ်။

အခုလိုဝက်တွေသေဆုံးနေတာနဲ့ ပတ်သက်ပြီး ကံမမြို့နယ် တိမွေးကုဦးစီးအရာရှိ ဒေါက်တာကျော်မင်းလှိုင်ပြောပြတာက ”ဒီမှာတော့ လာရောက်အကြောင်းကြားတာ မရှိသေးဘူး၊ ရွာတွေမှာ ဟောပြောပွဲလုပ်ပေးတယ်၊ တိရစ္ဆာန်ကု ကျန်းမာရေးလုပ်သားတွေဆီက သတင်းရယူစုဆောင်းတယ်၊ အာဖရိက ဝက်အပြင်းဖျားနဲ့ပတ်သက်လို့ ရုံးရှေ့နဲ့ဈေးရှေ့မှာ သတိထားဖို့ ဆိုင်းဘုတ်တွေစိုက်ထူထားတယ်။ အာဖရိက ဝက်အပြင်းဖျားလို့ပြောရအောင်လဲ ဓာတ်ခွဲနမူနာပို့စစ်ဆေးပြီးမှ အတည်ပြုရမှာ ကျနော်တို့ဆီမှာ ဓာတ်ခွဲခန်းမရှိဘူး၊ ကာကွယ်ဆေးနဲ့ပတ်သက်လို့က ဝက်ဝမ်းကျတဲ့ ကာကွယ်ဆေး ထိုးပေးပါတယ်”လို့ ပြောပါတယ်။

ဝက်မွေးမြူရေးလုပ်သက် (၁၄)နှစ်ခန့်ရှိနေတဲ့ ကိုကျော်ထက်ပိုင်ရဲ့ ဝက်အကောင်(၂၀)ထဲက (၅)ကောင်သေဆုံးခဲ့ပြီး ရင်ခွဲစစ်ဆေးရာမှာ သရက်ရွက်ကြီး ရှည်နေတာဟာ ဗိုင်းရပ်စ်ရဲ့ လက္ခဏာအဖြစ်တွေ့ရပြီး ကံမမြို့ပေါ်မှာ ဝက်အကောင်(၁၀၀)နီးပါး သေဆုံးနေပြီလို့ သိရပါတယ်။

#voiceofmyanmar #VOM #ကံမ

Zawgyi

ကံမၿမိဳ႕မွာ ဝက္ေတြေသဆံုးမႈျမင့္တက္

ကံမ၊ ဇူလိုင္၂၅-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မေကြးတိုင္း၊ ကံမၿမိဳ႕မွာ ဝက္ေတြဖ်ားနာၿပီး ေသဆုံးမႈျမင့္တက္ေနၿပီး ဒီလိုေသဆုံးရတာဟာ ဗိုင္းရပ္စ္ပိုးတမ်ိဳးေၾကာင့္ အခုလိုေသဆုံးေနၾကရတာလို႔ စြပ္စြဲေျပာဆိုေနၾကတဲ့အျပင္ တၿမိဳ႕နယ္လုံး ကူးစက္ျပန္႔ပြားမွာကို စိုးရိမ္ေနၾကတယ္လို႔ ေဒသခံေမြးျမဴေရးသမားေတြက ေျပာပါတယ္။

”က်ေနာ္တို႔ ေမြးျမဴေရးသမားေတြကို ဘာမွပံ့ပိုးကူညီထားတာမရွိဘူး၊ အခုေရာဂါက ဗိုင္းရပ္စ္ျဖစ္တယ္၊ အစိုးရနဲ႔ ဌာနဆိုင္ရာတို႔နဲ႔ တာဝန္ရွိသူေတြ လုပ္ကိုင္ေပးမွ ကူညီမွရမွာ ေမြးျမဴေရးသမားေတြက ေလ့လာထားတဲ့အရာနဲ႔ ေရာဂါမျဖစ္ေအာင္ ကာကြယ္ေနရတာ၊ ေဒသအစုံက ဝက္ကားေတြ ဥဒဟိုဝင္ထြက္ေနတာ ဘယ္လိုေတြစည္းကမ္းသတ္မွတ္ထားလဲ မသိရဘူး။ နယ္စုံက ဝက္ေရာဂါေတြပ်ံ႕လြယ္တယ္ ဂ်ီပီလို႔ေခၚတဲ့ လိုက္ကုေနတဲ့သူေတြဆီကလည္းပ်ံ႕ႏိုင္တယ္။ က်ေနာ္တို႔က ျဖစ္စဥ္အတိအက်ေလ့လာၿပီးမွေျပာတာ ရင္ခြဲစစ္ေဆးခ်က္အရ သရက္႐ြက္ႀကီးၿပီး ရွည္ေနတယ္၊ တခ်ိဳ႕ကမသိဘူး ေသတယ္၊ခ်က္စားတယ္၊ အဲ့ဒီကေနပ်ံ႕တယ္၊ ဒါကို ဌာနအေနနဲ႔ ထိန္းခ်ဳပ္မႈ႕မရွိဘူး။ ႐ြာစဥ္လွည့္ကုတဲ့ တိကုဆရာေတြဆီက ေရာဂါပါလာမွာစိုးတယ္။ ဇီဝလုံၿခဳံေရးအရ မဝင္ေစခ်င္ဘူး၊ တတ္ႏိုင္သေလာက္ ထိန္းခ်ဳပ္ထားတယ္။ အျပင္႐ြာေတြအတြက္ ဘာမွလုပ္ေနတာ မေတြ႕ရသလို မွတ္ပုံတင္ထားတဲ့ ေမြးျမဴေရးလုပ္ငန္းသမား လက္ခ်ိဳးေရလို႔ရတယ္။ ဘယ္လိုမွတ္ပုံတင္ရမလဲဆိုတာေတာင္ သိတဲ့သူနဲတယ္၊ တခါတေလ တင္ခြင့္မရတဲ့သူေတြရွိတယ္ ဘယ္လိုေၾကာင့္ေတာ့မသိဘူး”လို႔ ဝက္ေမြးျမဴေရးသမား ကိုေက်ာ္ထက္ပိုင္ကေျပာပါတယ္။

အခုလုိဝက္ေတြေသဆံုးေနတာနဲ႔ ပတ္သက္ၿပီး ကံမၿမိဳ႕နယ္ တိေမြးကုဦးစီးအရာရွိ ေဒါက္တာေက်ာ္မင္းလႈိင္ေျပာျပတာက ”ဒီမွာေတာ့ လာေရာက္အေၾကာင္းၾကားတာ မရွိေသးဘူး၊ ႐ြာေတြမွာ ေဟာေျပာပြဲလုပ္ေပးတယ္၊ တိရစာၦန္ကု က်န္းမာေရးလုပ္သားေတြဆီက သတင္းရယူစုေဆာင္းတယ္၊ အာဖရိက ဝက္အျပင္းဖ်ားနဲ႔ပတ္သက္လို႔ ႐ုံးေရွ႕နဲ႔ေစ်းေရွ႕မွာ သတိထားဖုိ႔ ဆိုင္းဘုတ္ေတြစိုက္ထူထားတယ္။ အာဖရိက ဝက္အျပင္းဖ်ားလို႔ေျပာရေအာင္လဲ ဓာတ္ခြဲနမူနာပို႔စစ္ေဆးၿပီးမွ အတည္ျပဳရမွာ က်ေနာ္တို႔ဆီမွာ ဓာတ္ခြဲခန္းမရွိဘူး၊ ကာကြယ္ေဆးနဲ႔ပတ္သက္လို႔က ဝက္ဝမ္းက်တဲ့ ကာကြယ္ေဆး ထိုးေပးပါတယ္”လို႔ ေျပာပါတယ္။

ဝက္ေမြးျမဴေရးလုပ္သက္ (၁၄)ႏွစ္ခန္႔ရွိေနတဲ့ ကိုေက်ာ္ထက္ပိုင္ရဲ႕ ဝက္အေကာင္(၂၀)ထဲက (၅)ေကာင္ေသဆုံးခဲ့ၿပီး ရင္ခြဲစစ္ေဆးရာမွာ သရက္႐ြက္ႀကီး ရွည္ေနတာဟာ ဗိုင္းရပ္စ္ရဲ႕ လကၡဏာအျဖစ္ေတြ႕ရၿပီး ကံမၿမိဳ႕ေပၚမွာ ဝက္အေကာင္(၁၀၀)နီးပါး ေသဆုံးေနၿပီလို႔ သိရပါတယ္။

#voiceofmyanmar #VOM #ကံမ

Related posts

Leave a Comment

VOM News

FREE
VIEW