မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ စတွေ့ပြီ

မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ စတွေ့ပြီ

ပြုံးယမ်း၊ ဇူလိုင်-၂၆-၂၀၂၀
မျိုးဆက် (VOM)

မြောက်ကိုရီးယားနိုင်ငံအတွင်းကို လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက တရားမဝင် ဝင်ရောက်လာသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ လက္ခဏာတွေတွေ့ရှိထားတယ်လို့ နိုင်ငံပိုင်သတင်းစာ ရိုဒေါင်ဆင်မွန် က ရေးသားဖော်ပြထားပါတယ်။

သံသယလူနာ သွားလာနေထိုင်ခဲ့တဲ့ တောင်ကိုရီးယားနယ်စပ်အနီးက ကေဆောင်မြို့ကို လော့ခ်ဒေါင်းချထားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ထုတ်လိုက်တယ်လို့ ပြောပါတယ်။

အဲ့ဒီလူဟာ တောင်ကိုရီးယားနိုင်ငံဘက်ကို လွန်ခဲ့တဲ့သုံးနှစ်က ဘက်ပြောင်းခိုလှုံသွားသူဖြစ်ပြီး ဇူလိုင် ၁၉ ရက်မှာ ကေဆောင်မြို့ကို တရားမဝင်ခိုးဝင်လာသူဖြစ်ပါတယ်။

ကင်ဂျုံအန်ဟာ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂၅ ရက်မှာ ကျင်းပခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေ နိုင်ငံထဲမှာ ဖြစ်ပေါ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး သတိပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုမှာ နယ်ခြားစောင့်တပ်ဖွဲ့၏ စွမ်းဆောင်ရည်နိမ့်ကျတာနဲ့ အဲ့ဒီအချိန်က တာဝန်ကျတဲ့တပ်ခွဲကို ပြင်းထန်တဲ့အပြစ်ပေးအရေးယူမှုတွေလုပ်ဖို့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Zawgyi


မျိုးဆက် (VOM)






Ref : NHK
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW