ရုရှားအရှေ့ပိုင်းမှာ သမ္မတပူတင်ကို သူခိုးလို့ဆိုကာ နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြ

ရုရှားအရှေ့ပိုင်းမှာ သမ္မတပူတင်ကို သူခိုးလို့ဆိုကာ နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြ မော်စကို၊ ဇူလိုင်-၂၆-၂၀၂၀ မျိုးဆက် (VOM) ဒေသတွင်း နိုင်ငံရေးအကြပ်အတည်းတစ်ခုမှာ သမ္မတပူတင်ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုဟာ မှားယွင်းတယ်ဆိုပြီး ရုရှားအရှေ့ပိုင်းမှာ လူသောင်းပေါင်းများစွာက သီတင်းပတ်ကုန်ရက်တွေမှာ တတိယအကြိမ်အဖြစ် ဇူလိုင်၂၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ မော်စကိုမြို့အရှေ့ဘက် ၃၈၀၀ မိုင်အကွယ်ရှိ ခါဘာရော့စ်ဒေသခံတွေဟာ ဒေသရဲ့လူကြိုက်များတဲ့ အုပ်ချုပ်ရေးမှူး ဆာဂီဖာဂယ်ကို လူသတ်မှုနဲ့ အခုလအတွင်း ဖမ်းဆီးထိန်းသိမ်းထားတာကို မကျေမနပ်ဖြစ်နေကြပါတယ်။ လူသတ်မှုစွဲချက်တွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးက ငြင်းဆိုထားပါတယ်။ သူ့ကို အားဖမ်းဆီးတာဟာ နိုင်ငံရေးခြေထိုးမှုကြောင့်ဖြစ်တယ်လို့ ထောက်ခံသူတွေက ပြောဆိုကာ ဆန္ဒပြပွဲတွေစတင်ခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ထိခိုက်နေတဲ့ စီးပွားရေးနဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ ရုရှားအစိုးရအတွက် ခေါင်းခဲစရာတစ်ခုဖြစ်လာပါတယ်။ ပူတင်နှုတ်ထွက်ပေး၊ ပူတင်သူခိုးလို့ ဆန္ဒပြသူတွေက ကြွေးကြော်အော်ဟစ်ခဲ့ကြပြီး အုပ်ချုပ်ရေးမှူး ဖာဂယ်ကို မော်စကိုကနေပြန်ခေါ်လာပြီး ခါဘာရော့စ်မှာသာ ရုံးတင်စစ်ရေးကို…

Read More

အမ်းမြို့နယ်မှာ ပိုင်ရှင်မဲ့လက်နက်ကြီးကျလို့ အရပ်သား (၄) ဦးဒဏ်ရာရပြန်

အမ်းမြို့နယ်မှာ ပိုင်ရှင်မဲ့လက်နက်ကြီးကျလို့ အရပ်သား (၄) ဦးဒဏ်ရာရပြန် အမ်း၊ ဇူလိုင် ၂၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်၊ ကစုကိုင်းကျေးရွာအုပ်စု၊ သဲကမ်းထောင်းကျေးရွာမှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က လက်နက်ကြီးကျည်ကျပြီး အရပ်သား (၄) ဦးဒဏ်ရာရရှိကာ ကျေးရွာတွင်းက ဒေသခံတစ်ဝက်နီးပါး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိသူတွေမှာ သဲကမ်းထောင်းကျေးရွာက အသက် (၂၅) အရွယ် ဦးငလုံး မျက်နှာဒဏ်ရာ၊ ဒေါ်မေလှချေ အသက်(၂၅)နှစ်မှာ ဝမ်းဗိုက်ဒဏ်ရာ၊ အသက် (၅၀) အရွယ် ဦးထွန်းထွန်းသိန်း လည်ပင်းဒဏ်ရာနဲ့ ဦးမောင်မောင်သန်း အသက် (၅၅) နှစ်မှာ ဝမ်းဗိုက်ဒဏ်ရာတွေ အသီးသီးရရှိသွားကြောင်းနဲ့ လက်ရှိမှာ သူတို့ကို မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ဆေးရုံးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အမ်းမြို့နယ်က စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ ကိုမျိုးလွင်ပြောပြတာက” ကစုကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းမှာ လက်နက်ကြီးကျည်ကျပြီးတော့…

Read More

မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ စတွေ့ပြီ

မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ စတွေ့ပြီ ပြုံးယမ်း၊ ဇူလိုင်-၂၆-၂၀၂၀ မျိုးဆက် (VOM) မြောက်ကိုရီးယားနိုင်ငံအတွင်းကို လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက တရားမဝင် ဝင်ရောက်လာသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ လက္ခဏာတွေတွေ့ရှိထားတယ်လို့ နိုင်ငံပိုင်သတင်းစာ ရိုဒေါင်ဆင်မွန် က ရေးသားဖော်ပြထားပါတယ်။ သံသယလူနာ သွားလာနေထိုင်ခဲ့တဲ့ တောင်ကိုရီးယားနယ်စပ်အနီးက ကေဆောင်မြို့ကို လော့ခ်ဒေါင်းချထားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ထုတ်လိုက်တယ်လို့ ပြောပါတယ်။ အဲ့ဒီလူဟာ တောင်ကိုရီးယားနိုင်ငံဘက်ကို လွန်ခဲ့တဲ့သုံးနှစ်က ဘက်ပြောင်းခိုလှုံသွားသူဖြစ်ပြီး ဇူလိုင် ၁၉ ရက်မှာ ကေဆောင်မြို့ကို တရားမဝင်ခိုးဝင်လာသူဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂၅ ရက်မှာ ကျင်းပခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေ နိုင်ငံထဲမှာ ဖြစ်ပေါ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး သတိပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။ ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုမှာ နယ်ခြားစောင့်တပ်ဖွဲ့၏ စွမ်းဆောင်ရည်နိမ့်ကျတာနဲ့ အဲ့ဒီအချိန်က တာဝန်ကျတဲ့တပ်ခွဲကို ပြင်းထန်တဲ့အပြစ်ပေးအရေးယူမှုတွေလုပ်ဖို့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့…

Read More

ဇွဲကပင်တောင်ပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေ

ဇွဲကပင်တောင်ပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေ ရန်ကုန်၊ ဇူလိုင် ၂၆-၂၀၂၀ သိင်္ဂီ (VOM) ဇွဲကပင်တောင်ပေါ်က အခန်းတစ်ခုထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးမှု ဒီကနေ့ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကရင်ပြည်နယ်အစိုးရ၊ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်။ သေဆုံးသူနှစ်ဥိးဟာ လင်မယားတွေဖြစ်ပြီး ယောကျ်ားဖြစ်သူ ဓာတ်လိုက်နေချိန် မိန်းမဖြစ်သူက ဝင်ရောက်ဆွဲရာကနေ နှစ်ဦးစလုံး သေဆုံးရတာဖြစ်နိုင်တယ်လို့ လတ်တလောမှာ သုံးသပ်ထားကြပါတယ်။ “ကျနော်တို့ တောင်ပေါ်တက်ပြီး ရင်ခွဲရုံကို ပို့ဖို့စီစဉ်နေပြီ၊ အသေးစိတ်စစ်ဆေးမှုကတော့ ရဲနဲ့ ၊မီးသတ်နဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ ဆောင်ရွက်မယ်။ သက်ဆိုင်ရာဌာနတွေရဲ့ အသေးစိတ်စစ်ဆေးပြီးမှပဲ ဘာကြောင့်လဲဆိုတာ အခြေအနေကိုပြောလို့ရမယ်။ ပြောတာ ဓာတ်လိုက်တယ်လို့လည်းပြောတယ်၊ ဘာကြောင့်ဆို ဘေးမှာဓာတ်ကြိုးအပျက်တွေ ဘာတွေရှိနေတယ်။ အသေးစိတ်ကတော့ ပြီးမှစစ်ဆေးပြီးမှ သိရမယ်။ပြောပ့မယ်။ ဒဏ်ရာပုံစံမျိုးတော့ မဟုတ်ဘူး။ အသက်အရွယ်ကလည်း ခုမှစိစစ်နေတုန်းပဲ။ တောင်ပေါ်ကအခန်းထဲမှာ တွေ့တာပါ။”လို့ လူမှုရေးဝန်ကြီးကပြောပါတယ်။ လက်ရှိမှာတော့ အလောင်းနှစ်လောင်းကို ရင်ခွဲစစ်ဆေးဖို့…

Read More

ရွှေခရုကြောင့် စပါးခင်း ဧကထောင်ချီပျက်စီး

ရွှေခရုကြောင့် စပါးခင်း ဧကထောင်ချီပျက်စီး ပုသိမ်၊ ဇူလိူင်၂၆-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၁၁)မြို့နယ်က မိုးစပါး စိုက်ခင်းတွေမှာ စပါးဖျက်တဲ့ ရွှေခရုကျရောက်တာတွေရှိနေတဲ့အတွက် ဇူလိူင်လအတွင်းမှာ မိုးစပါး ဧက၅ထောင်နီးပါး ရွှေခရုကျရောက်ခဲ့ပြီး မိုးစပါး ဧက တစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း စိုက်ပျိုးရေးရုံးကနေ သိရပါတယ်။ “စပါးဖျက်ရွှေခရု ကျရောက်မူက ဧကပေါင်း ၅၅၆၉ဧကပါ၊ ထိခိုက်မူရှိခဲ့တာက ၁၉၃၄ဧကပေမယ့် ပျက်စီးဆုံးရုံးခဲ့တာက(၁၄၀၄) လုံးဝပျက်စီးခဲ့တာပါ”လို့ ဧရာဝတီတိုင်းစိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်းဦးစီးမှုး ဦးစိန်မောင်လွင်ကပြောပါတယ်။ ရွှေခရုကျရောက်တဲ့ မြို့နယ်(၁၁)မြို့နယ်များထဲမှာ ကန်ကြီးထောင့်မြို့နယ်က ဧက(၁၇၀၀)ကျော် အိမ်မဲမြို့နယ်မှာ ဧက(၅၀၀)ကျော်နဲ့ ဒေးဒရဲမြို့နယ်မှာ ဧက(၃၀၀)ကျော်တို့ အများဆုံးကျရောက်ခဲ့တယ်လို့ ပြောပါတယ်။ စပါးဖျက်ရွှေခရုဝင်ရောက်တဲ့ လယ်မြေတွေဟာ ရေဝင်တဲ့နေရာတွေဖြစ်တာကြောင့် ရေဝင်ရေထွက်မြောင်းတွေကို ပိုက်နဲ့တားပိတ်တဲ့နည်းစနစ်တွေနဲ့ လယ်ယာမြေပြင်ဆင်ရာမှာ ထုံးချတဲ့နည်းလမ်းများ၊ ခရုကျရောက်တဲ့ဒေသတွေမှာ ခရုကောက်ပွဲများ၊ ဥမြုံဖျက်ဆီးပွဲများ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ဆောင်ရွက်နေတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။ #voiceofmyanmar…

Read More

ယာကြီး -လာဘို့ လမ်းအသစ်ကြောင့် သဘာဝဂေဟတွေထိခိုက်နိုင်

ယာကြီး -လာဘို့ လမ်းအသစ်ကြောင့် သဘာဝဂေဟတွေထိခိုက်နိုင် မုံရွာ၊ ဇူလိုင် ၂၆-၂၀၂၀ ခင်မေစန်း(VOM) အိန္ဒိယနိုင်ငံက ဖောက်လုပ်နေတဲ့ ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံသွား အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း၊ ယာကြီး-ကလေးဝအထိ မိုင်(၁၀၀)ကျော်ရှိတဲ့ ကားလမ်းဖောက်နေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဘက်က လမ်းကုမ္မဏီပြောင်းလဲတင်ပြလာတာဟာ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယာဉ်အတွင်းဖြတ်မယ့် လမ်းအူကြောင်းအသစ်ဟာ သဘာဝတောအတွင်း လမ်းသစ်ဖောက်လုပ်ရမှာဖြစ်လို့ ဂေဟစနစ်တွေ ထိခိုက်နိုင်တယ်လို့ စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပြောပါတယ် ။ “လမ်းအူကြောင်း အသစ်ဖောက်ဖို့ ကုမ္မဏီဘက်ကတင်ပြလာတာကို သဘောမတူသေးပါဘူး၊ အရင်လမ်းဟောင်းအတိုင်း ဖောက်ဖို့ပဲ သဘောတူထားခဲ့တာ၊ လမ်းအူကြောင်းအသစ်က သစ်ခိုးထုတ်မယ့်လမ်း ဖြစ်လာနိုင်တယ်။ သဘာဝတော ပျက်စီးသွားမှာကို စိုးရိမ်စိတ်ရှိနေတယ်”လို့ စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိမ်းသိန်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးကပြောပါတယ်။ လက်ရှိမှာ ယာကြီး-လာဘို့ လမ်းအတိုင်းဖောက်ဖို့ ကုမ္မဏီနဲ့သဘောတူထားပြီးမှ ကုမ္မဏီဘက်က ပြောင်းလဲတင်ပြလာတဲ့ အူကြောင်းအသစ်မှာ ၂၄ ကီလိုမီတာရှည်နေလို့ လက်ရှိလမ်းထက် ၅ကီလိုမီတာ၊ မိုင်အားဖြင့် ၄မိုင်…

Read More
VOM News

FREE
VIEW