ရွှေခရုကြောင့် စပါးခင်း ဧကထောင်ချီပျက်စီး

ရွှေခရုကြောင့် စပါးခင်း ဧကထောင်ချီပျက်စီး

ပုသိမ်၊ ဇူလိူင်၂၆-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၁၁)မြို့နယ်က မိုးစပါး စိုက်ခင်းတွေမှာ စပါးဖျက်တဲ့ ရွှေခရုကျရောက်တာတွေရှိနေတဲ့အတွက် ဇူလိူင်လအတွင်းမှာ မိုးစပါး ဧက၅ထောင်နီးပါး ရွှေခရုကျရောက်ခဲ့ပြီး မိုးစပါး ဧက တစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း စိုက်ပျိုးရေးရုံးကနေ သိရပါတယ်။

“စပါးဖျက်ရွှေခရု ကျရောက်မူက ဧကပေါင်း ၅၅၆၉ဧကပါ၊ ထိခိုက်မူရှိခဲ့တာက ၁၉၃၄ဧကပေမယ့် ပျက်စီးဆုံးရုံးခဲ့တာက(၁၄၀၄) လုံးဝပျက်စီးခဲ့တာပါ”လို့ ဧရာဝတီတိုင်းစိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်းဦးစီးမှုး ဦးစိန်မောင်လွင်ကပြောပါတယ်။

ရွှေခရုကျရောက်တဲ့ မြို့နယ်(၁၁)မြို့နယ်များထဲမှာ ကန်ကြီးထောင့်မြို့နယ်က ဧက(၁၇၀၀)ကျော် အိမ်မဲမြို့နယ်မှာ ဧက(၅၀၀)ကျော်နဲ့ ဒေးဒရဲမြို့နယ်မှာ ဧက(၃၀၀)ကျော်တို့ အများဆုံးကျရောက်ခဲ့တယ်လို့ ပြောပါတယ်။

စပါးဖျက်ရွှေခရုဝင်ရောက်တဲ့ လယ်မြေတွေဟာ ရေဝင်တဲ့နေရာတွေဖြစ်တာကြောင့် ရေဝင်ရေထွက်မြောင်းတွေကို ပိုက်နဲ့တားပိတ်တဲ့နည်းစနစ်တွေနဲ့ လယ်ယာမြေပြင်ဆင်ရာမှာ ထုံးချတဲ့နည်းလမ်းများ၊ ခရုကျရောက်တဲ့ဒေသတွေမှာ ခရုကောက်ပွဲများ၊ ဥမြုံဖျက်ဆီးပွဲများ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ဆောင်ရွက်နေတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ

Zawgyi

ေ႐ႊခ႐ုေၾကာင့္ စပါးခင္း ဧကေထာင္ခ်ီပ်က္စီး

ပုသိမ္၊ ဇူလိူင္၂၆-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္းအတြင္းရွိ ၿမိဳ႕နယ္(၁၁)ၿမိဳ႕နယ္က မိုးစပါး စိုက္ခင္းေတြမွာ စပါးဖ်က္တဲ့ ေ႐ႊခ႐ုက်ေရာက္တာေတြရွိေနတဲ့အတြက္ ဇူလိူင္လအတြင္းမွာ မိုးစပါး ဧက၅ေထာင္နီးပါး ေ႐ႊခ႐ုက်ေရာက္ခဲ့ၿပီး မိုးစပါး ဧက တစ္ေထာင္နီးပါး ပ်က္စီးခဲ့တယ္လုိ႔ ဧရာဝတီတိုင္း စိုက္ပ်ိဳးေရး႐ုံးကေန သိရပါတယ္။

“စပါးဖ်က္ေ႐ႊခ႐ု က်ေရာက္မူက ဧကေပါင္း ၅၅၆၉ဧကပါ၊ ထိခိုက္မူရွိခဲ့တာက ၁၉၃၄ဧကေပမယ့္ ပ်က္စီးဆုံး႐ုံးခဲ့တာက(၁၄၀၄) လုံး၀ပ်က္စီးခဲ့တာပါ”လို႔ ဧရာ၀တီတိုင္းစိုက္ပ်ိဳးေရးဦးစီးဌာန ဒု-တိုင္းဦးစီးမႈး ဦးစိန္ေမာင္လြင္ကေျပာပါတယ္။

ေ႐ႊခ႐ုက်ေရာက္တဲ့ ၿမိဳ႕နယ္(၁၁)ၿမိဳ႕နယ္မ်ားထဲမွာ ကန္ႀကီးေထာင့္ၿမိဳ႕နယ္က ဧက(၁၇၀၀)ေက်ာ္ အိမ္မဲၿမိဳ႕နယ္မွာ ဧက(၅၀၀)ေက်ာ္နဲ႔ ေဒးဒရဲၿမိဳ႕နယ္မွာ ဧက(၃၀၀)ေက်ာ္တို႔ အမ်ားဆုံးက်ေရာက္ခဲ့တယ္လို႔ ေျပာပါတယ္။

စပါးဖ်က္ေ႐ႊခ႐ု၀င္ေရာက္တဲ့ လယ္ေျမေတြဟာ ေရ၀င္တဲ့ေနရာေတြျဖစ္တာေၾကာင့္ ေရ၀င္ေရထြက္ေျမာင္းေတြကို ပိုက္နဲ႔တားပိတ္တဲ့နည္းစနစ္ေတြနဲ႔ လယ္ယာေျမျပင္ဆင္ရာမွာ ထုံးခ်တဲ့နည္းလမ္းမ်ား၊ ခ႐ုက်ေရာက္တဲ့ေဒသေတြမွာ ခ႐ုေကာက္ပြဲမ်ား၊ ဥၿမဳံဖ်က္ဆီးပြဲမ်ား အသိပညာေပး လက္ကမ္းစာေစာင္ျဖန္႔ေဝတာေတြကုိ ေဆာင္႐ြက္ေနတယ္လို႔ တိုင္းစိုက္ပ်ိဳးေရးဦးစီးဌာနကေန သိရပါတယ္။

#voiceofmyanmar #VOM #ဧရာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW