အမ်းမြို့နယ်မှာ ပိုင်ရှင်မဲ့လက်နက်ကြီးကျလို့ အရပ်သား (၄) ဦးဒဏ်ရာရပြန်

အမ်းမြို့နယ်မှာ ပိုင်ရှင်မဲ့လက်နက်ကြီးကျလို့ အရပ်သား (၄) ဦးဒဏ်ရာရပြန်

အမ်း၊ ဇူလိုင် ၂၆- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်၊ ကစုကိုင်းကျေးရွာအုပ်စု၊ သဲကမ်းထောင်းကျေးရွာမှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က လက်နက်ကြီးကျည်ကျပြီး အရပ်သား (၄) ဦးဒဏ်ရာရရှိကာ ကျေးရွာတွင်းက ဒေသခံတစ်ဝက်နီးပါး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိသူတွေမှာ သဲကမ်းထောင်းကျေးရွာက အသက် (၂၅) အရွယ် ဦးငလုံး မျက်နှာဒဏ်ရာ၊ ဒေါ်မေလှချေ အသက်(၂၅)နှစ်မှာ ဝမ်းဗိုက်ဒဏ်ရာ၊ အသက် (၅၀) အရွယ် ဦးထွန်းထွန်းသိန်း လည်ပင်းဒဏ်ရာနဲ့ ဦးမောင်မောင်သန်း အသက် (၅၅) နှစ်မှာ ဝမ်းဗိုက်ဒဏ်ရာတွေ အသီးသီးရရှိသွားကြောင်းနဲ့ လက်ရှိမှာ သူတို့ကို မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ဆေးရုံးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်က စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ ကိုမျိုးလွင်ပြောပြတာက” ကစုကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းမှာ လက်နက်ကြီးကျည်ကျပြီးတော့ အရပ်သား (၄) ယောက် ဒဏ်ရာရထားတာရှိပါတယ်။ အဲ့ဒါက ဒီနေ့ မနက် ၁၁ နာရီကျော်လောက်က ဖြစ်တာပါ။ အခုသူတို့ကို ကမ်းထောင့်ကြီးမြို့ ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်။ အခုဆိုရင် ဆေးရုံကို ရောက်လောက်ပါပြီး။ အဲဒီမှာ လက်နက်ကြီးကျည်ကျလို့ ဒီနေ့မှာပဲ ရွာကလူတွေ ဘေးလွှတ်ရာကို ထွက်ပြေးသွားပြီလို့ သိရတယ်။ အဲ့ရွာမှာက တစ်ဝက်လောက်ထွက်ပြေးသွားတယ်လို့ သိရတယ်။ ကျန်တဲ့ (၅၀) ရာခိုင်နှုန်းက ရွာမှာကျန်ခဲ့တယ်လို့ သိရတယ်။ ဒေသခံတွေက ဖုန်းဆက်သွယ်လာလို့ ကျနော်တို့ သိရတာပါ။” လို့ ပြောပြပါတယ်။

အခုလိုမျိုး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာဟာ ဘယ်အဖွဲ့က ပစ်ခတ်တာလည်းဆိုတာကို အတိအကျမသိကြောင်းနဲ့ မနေ့ ဇူလိုင်လ ၂၅ ရက်နေ့က အဲ့ဒီကစုကိုင်းကျေးရွာအုပ်စုအနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆက်လက်ပြီး အမ်းမြို့ပေါ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဦးသန်းချိုက” ဟိုနေ့ကတော့ အဲ့ဒီ ကစုကိုင်းဖက်မှာ တိုက်ပွဲငယ်တစ်ခု ဖြစ်ကြတယ်လို့ ပြောသံကြားတယ်။ တိုက်ပွဲဖြစ်တာက မနေ့က ဖြစ်တာလို့သိရတယ်။” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က တပ်မတော်နဲ့ အေအေတို့ အမ်းမြို့နယ်၊ ကစုကိုင်းကျေးရွာ အုပ်စုဖက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိမရှိနဲ့ တပ်မတော်ဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိမရှိကို သိလိုတာကြောင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကိုဆက်သွယ် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေဟာ ယခုနှစ်အတွင်း နယ်မြေပိုကျယ်လာပြီး ရခိုင်ပြည်နယ်အယ်ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ်တွေကိုပါ ပျံနှံ့လာကာ အရပ်သားထိခိုက်ဒဏ်ရာ ရရှိမှုတွေလည်းရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုတွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကနေစပြီး ၂၀၂၀ ခုနှစ် မေလထိ တစ်နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု အရေအတွက်မှာ (၂၅၂)ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ (၅၄၃) ဦးထိရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားတဲ့စာရင်းအရ သိရပါတယ်။

#voiceofmyanmar #VOM #အမ်း

Zawgyi

အမ္းၿမိဳ႕နယ္မွာ ပိုင္ရွင္မဲ့လက္နက္ႀကီးက်လို႔ အရပ္သား (၄) ဦးဒဏ္ရာရျပန္

အမ္း၊ ဇူလိုင္ ၂၆- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္အလယ္ပိုင္း အမ္းၿမိဳ႕နယ္၊ ကစုကိုင္းေက်း႐ြာအုပ္စု၊ သဲကမ္းေထာင္းေက်း႐ြာမွာ ဒီကေန႔ မနက္ ၁၁ နာရီေလာက္က လက္နက္ႀကီးက်ည္က်ၿပီး အရပ္သား (၄) ဦးဒဏ္ရာရရွိကာ ေက်း႐ြာတြင္းက ေဒသခံတစ္ဝက္နီးပါး ထြက္ေျပးသြားတယ္လို႔ သိရပါတယ္။

လက္နက္ႀကီးက်ည္စထိမွန္ၿပီး ဒဏ္ရာရရွိသူေတြမွာ သဲကမ္းေထာင္းေက်း႐ြာက အသက္ (၂၅) အ႐ြယ္ ဦးငလုံး မ်က္ႏွာဒဏ္ရာ၊ ေဒၚေမလွေခ် အသက္(၂၅)ႏွစ္မွာ ဝမ္းဗိုက္ဒဏ္ရာ၊ အသက္ (၅၀) အ႐ြယ္ ဦးထြန္းထြန္းသိန္း လည္ပင္းဒဏ္ရာနဲ႔ ဦးေမာင္ေမာင္သန္း အသက္ (၅၅) ႏွစ္မွာ ဝမ္းဗိုက္ဒဏ္ရာေတြ အသီးသီးရရွိသြားေၾကာင္းနဲ႔ လက္ရွိမွာ သူတို႔ကို ေျမပုံၿမိဳ႕နယ္ ကမ္းေထာင့္ႀကီးၿမိဳ႕ေဆး႐ုံးကုိပို႔ေဆာင္ထားတယ္လုိ႔ သိရပါတယ္။

အမ္းၿမိဳ႕နယ္က စစ္ေဘးေရွာင္အေရးကူညီေပးေနတဲ့ ကိုမ်ိဳးလြင္ေျပာျပတာက” ကစုကိုင္းေက်း႐ြာအုပ္စု သဲကမ္းေထာင္းမွာ လက္နက္ႀကီးက်ည္က်ၿပီးေတာ့ အရပ္သား (၄) ေယာက္ ဒဏ္ရာရထားတာရွိပါတယ္။ အဲ့ဒါက ဒီေန႔ မနက္ ၁၁ နာရီေက်ာ္ေလာက္က ျဖစ္တာပါ။ အခုသူတို႔ကို ကမ္းေထာင့္ႀကီးၿမိဳ႕ ေဆး႐ုံကို ပို႔လိုက္တယ္လို႔ သိရတယ္။ အခုဆိုရင္ ေဆး႐ုံကို ေရာက္ေလာက္ပါၿပီး။ အဲဒီမွာ လက္နက္ႀကီးက်ည္က်လို႔ ဒီေန႔မွာပဲ ႐ြာကလူေတြ ေဘးလႊတ္ရာကို ထြက္ေျပးသြားၿပီလို႔ သိရတယ္။ အဲ့႐ြာမွာက တစ္ဝက္ေလာက္ထြက္ေျပးသြားတယ္လို႔ သိရတယ္။ က်န္တဲ့ (၅၀) ရာခိုင္ႏႈန္းက ႐ြာမွာက်န္ခဲ့တယ္လို႔ သိရတယ္။ ေဒသခံေတြက ဖုန္းဆက္သြယ္လာလို႔ က်ေနာ္တို႔ သိရတာပါ။” လို႔ ေျပာျပပါတယ္။

အခုလိုမ်ိဳး လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲတာဟာ ဘယ္အဖြဲ႕က ပစ္ခတ္တာလည္းဆိုတာကို အတိအက်မသိေၾကာင္းနဲ႔ မေန႔ ဇူလိုင္လ ၂၅ ရက္ေန႔က အဲ့ဒီကစုကိုင္းေက်း႐ြာအုပ္စုအနီးမွာ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲျဖစ္ပြားခဲ့တာရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဆက္လက္ၿပီး အမ္းၿမိဳ႕ေပၚက စစ္ေဘးေရွာင္ေတြကို ကူညီေပးေနတဲ့ ဦးသန္းခ်ိဳက” ဟိုေန႔ကေတာ့ အဲ့ဒီ ကစုကိုင္းဖက္မွာ တိုက္ပြဲငယ္တစ္ခု ျဖစ္ၾကတယ္လို႔ ေျပာသံၾကားတယ္။ တိုက္ပြဲျဖစ္တာက မေန႔က ျဖစ္တာလို႔သိရတယ္။” လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး မေန႔က တပ္မေတာ္နဲ႔ ေအေအတို႔ အမ္းၿမိဳ႕နယ္၊ ကစုကိုင္းေက်း႐ြာ အုပ္စုဖက္မွာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာရွိမရွိနဲ႔ တပ္မေတာ္ဖက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြရွိမရွိကို သိလိုတာေၾကာင့္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ တာဝန္ရွိပုဂၢိဳလ္ေတြကိုဆက္သြယ္ ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြဟာ ယခုႏွစ္အတြင္း နယ္ေျမပိုက်ယ္လာၿပီး ရခိုင္ျပည္နယ္အယ္ပိုင္းနဲ႔ ေတာင္ပိုင္းက ၿမိဳ႕နယ္ေတြကိုပါ ပ်ံႏွံ႔လာကာ အရပ္သားထိခိုက္ဒဏ္ရာ ရရွိမႈေတြလည္းရွိေနပါတယ္။

ရခိုင္ျပည္နယ္အတြင္း အရပ္သားထိခိုက္ဒဏ္ရာရမႈေတြဟာ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကုန္ပိုင္းကေနစၿပီး ၂၀၂၀ ခုႏွစ္ ေမလထိ တစ္ႏွစ္ေက်ာ္ကာလအတြင္း အရပ္သားေသဆုံးမႈ အေရအတြက္မွာ (၂၅၂)ဦးရွိၿပီး ထိခိုက္ဒဏ္ရာရသူ အေရအတြက္မွာ (၅၄၃) ဦးထိရွိေနၿပီလို႔ အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ထားတဲ့စာရင္းအရ သိရပါတယ္။

#voiceofmyanmar #VOM #အမ္း

Related posts

Leave a Comment

VOM News

FREE
VIEW