ယာကြီး -လာဘို့ လမ်းအသစ်ကြောင့် သဘာဝဂေဟတွေထိခိုက်နိုင်

ယာကြီး -လာဘို့ လမ်းအသစ်ကြောင့် သဘာဝဂေဟတွေထိခိုက်နိုင်

မုံရွာ၊ ဇူလိုင် ၂၆-၂၀၂၀
ခင်မေစန်း(VOM)

အိန္ဒိယနိုင်ငံက ဖောက်လုပ်နေတဲ့ ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံသွား အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း၊ ယာကြီး-ကလေးဝအထိ မိုင်(၁၀၀)ကျော်ရှိတဲ့ ကားလမ်းဖောက်နေတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဘက်က လမ်းကုမ္မဏီပြောင်းလဲတင်ပြလာတာဟာ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယာဉ်အတွင်းဖြတ်မယ့် လမ်းအူကြောင်းအသစ်ဟာ သဘာဝတောအတွင်း လမ်းသစ်ဖောက်လုပ်ရမှာဖြစ်လို့ ဂေဟစနစ်တွေ ထိခိုက်နိုင်တယ်လို့ စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပြောပါတယ် ။

“လမ်းအူကြောင်း အသစ်ဖောက်ဖို့ ကုမ္မဏီဘက်ကတင်ပြလာတာကို သဘောမတူသေးပါဘူး၊ အရင်လမ်းဟောင်းအတိုင်း ဖောက်ဖို့ပဲ သဘောတူထားခဲ့တာ၊ လမ်းအူကြောင်းအသစ်က သစ်ခိုးထုတ်မယ့်လမ်း ဖြစ်လာနိုင်တယ်။ သဘာဝတော ပျက်စီးသွားမှာကို စိုးရိမ်စိတ်ရှိနေတယ်”လို့ စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိမ်းသိန်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးကပြောပါတယ်။

လက်ရှိမှာ ယာကြီး-လာဘို့ လမ်းအတိုင်းဖောက်ဖို့ ကုမ္မဏီနဲ့သဘောတူထားပြီးမှ ကုမ္မဏီဘက်က ပြောင်းလဲတင်ပြလာတဲ့ အူကြောင်းအသစ်မှာ ၂၄ ကီလိုမီတာရှည်နေလို့ လက်ရှိလမ်းထက် ၅ကီလိုမီတာ၊ မိုင်အားဖြင့် ၄မိုင် ခန့် ပိုရှည်နေတာဖြစ်ပါတယ်။

လမ်းအူကြောင်းကို ဇူလိုင် ၂၂နေ့က အလောင်းတော်ကဿပအမျိုးသားဥယာဉ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ယင်းမာပင်လွှတ်တော်ကိုယ်စားလှယ်တို့ ပူးပေါင်းပြီး ကွင်းဆင်းလေ့လာခဲ့ကြတာလို့ အလောင်းတော်ကဿပ အမျိုးသားဥယာဉ် ဦးစီးအရာရှိကပြောပါတယ်။

“အဲ့ဒီ အူကြောင်းအတိုင်းဖောက်မယ်ဆိုရင် သဘာဝရေထွက် ၄ခုထိခိုက်မယ့်အပြင် သက်တန်း ၁၀၀ကျော် ပျဉ်းကတိုးပင်၊ ပိတောက်၊ အင်ကြင်း၊ သစ်ယာ၊ ကျွန်းပင်တွေကို ခုတ်လှဲရမှာဖြစ်ပြီး ၊ အဲ့ဒီနေရာတစ်လျှောက်က သဘာဝသားငှက်မျိုးစိတ်တွေ၊ သားရိုင်းတိရစ္ဆာန်၊ ကျားသစ် ၊မျောက် ၊ ဆင် တို့ ခိုအောင်းသားပေါက်တဲ့နေရာဖြစ်လို့ သဘာဝဂေဟတွေ ပျက်စီးသွားနိုင်တယ်”လို့ အမျိုးသားဥယာဉ်ဦးစီးအရာရှိ ဦးအောင်မောင်းကပြောပါတယ်။

အခုလက်ရှိလမ်းမှာ ယာကြီး-လာဘို့ ၁၉ ကီလိုမီတာလမ်းဖြစ်ပြီး အာစီယံအမွေအနှစ် အလောင်းတော်ကဿပ အမျိုးသားဥယာဉ်အတွင်း ဖြတ်ထားတာဖြစ်တဲ့အတွက် လက်ရှိလမ်းအတိုင်း မဖောက်ဘဲ ၄မိုင်ပိုရှည်တဲ့ လမ်းအသစ်ဖောက်ရင် တန်ဖိုးဖြတ်မရတဲ့ သဘာဝဂေဟစနစ်တွေပျက်စီးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် လမ်းဖောက်လုပ်ပြီးတဲ့နောက်ပိုင်း မြန်မာအစိုးရဘက်ကနေ လမ်းထိန်းသိမ်းစရိတ် ပိုမိုကုန်ကျတာတွေ လမ်းသစ်မှာ သစ်ခိုးထုတ်တဲ့လမ်းဖြစ်သွားနိုင်တာ စတဲ့အချက်တွကို ဖြစ်ပေါ်လာနိုင်တဲ့အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြမယ်လို့ စစ်ကိုင်းတိုင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနက တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

ယာႀကီး -လာဘို႔ လမ္းအသစ္ေၾကာင့္ သဘာဝေဂဟေတြထိခိုက္ႏိုင္

မုံ႐ြာ၊ ဇူလိုင္ ၂၆-၂၀၂၀
ခင္ေမစန္း(VOM)

အိႏၵိယႏိုင္ငံက ေဖာက္လုပ္ေနတဲ့ ထိုင္း-ျမန္မာ-အိႏၵိယ သုံးႏိုင္ငံသြား အိႏၵိယ-ျမန္မာ ခ်စ္ၾကည္ေရးလမ္း၊ ယာႀကီး-ကေလးဝအထိ မိုင္(၁၀၀)ေက်ာ္ရိွတဲ့ ကားလမ္းေဖာက္ေနတာျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံဘက္က လမ္းကုမၼဏီေျပာင္းလဲတင္ျပလာတာဟာ ကနီၿမိဳ႕နယ္၊ အေလာင္းေတာ္ကႆပ အမ်ိဳးသားဥယာဥ္အတြင္းျဖတ္မယ့္ လမ္းအူေၾကာင္းအသစ္ဟာ သဘာဝေတာအတြင္း လမ္းသစ္ေဖာက္လုပ္ရမွာျဖစ္လို႔ ေဂဟစနစ္ေတြ ထိခိုက္ႏိုင္တယ္လို႔ စစ္ကိုင္းတိုင္း ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနက ေျပာပါတယ္ ။

“လမ္းအူေၾကာင္း အသစ္ေဖာက္ဖို႔ ကုမၼဏီဘက္ကတင္ျပလာတာကို သေဘာမတူေသးပါဘူး၊ အရင္လမ္းေဟာင္းအတိုင္း ေဖာက္ဖို႔ပဲ သေဘာတူထားခဲ့တာ၊ လမ္းအူေၾကာင္းအသစ္က သစ္ခိုးထုတ္မယ့္လမ္း ျဖစ္လာႏိုင္တယ္။ သဘာဝေတာ ပ်က္စီးသြားမွာကို စိုးရိမ္စိတ္ရွိေနတယ္”လို႔ စစ္ကိုင္းတိုင္း ပတ္ဝန္းက်င္ထိမ္းသိန္းေရးဦးစီးဌာန ၫႊန္ၾကားေရးမွဴးကေျပာပါတယ္။

လက္ရွိမွာ ယာႀကီး-လာဘို႔ လမ္းအတိုင္းေဖာက္ဖို႔ ကုမၼဏီနဲ႔သေဘာတူထားၿပီးမွ ကုမၼဏီဘက္က ေျပာင္းလဲတင္ျပလာတဲ့ အူေၾကာင္းအသစ္မွာ ၂၄ ကီလိုမီတာရွည္ေနလို႔ လက္ရွိလမ္းထက္ ၅ကီလိုမီတာ၊ မိုင္အားျဖင့္ ၄မိုင္ ခန႔္ ပိုရွည္ေနတာျဖစ္ပါတယ္။

လမ္းအူေၾကာင္းကို ဇူလိုင္ ၂၂ေန႔က အေလာင္းေတာ္ကႆပအမ်ိဳးသားဥယာဥ္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဦးစီးဌာန၊ ယင္းမာပင္လႊတ္ေတာ္ကိုယ္စားလွယ္တို႔ ပူးေပါင္းၿပီး ကြင္းဆင္းေလ့လာခဲ့ၾကတာလို႔ အေလာင္းေတာ္ကႆပ အမ်ိဳးသားဥယာဥ္ ဦးစီးအရာရွိကေျပာပါတယ္။

“အဲ့ဒီ အူေၾကာင္းအတိုင္းေဖာက္မယ္ဆိုရင္ သဘာဝေရထြက္ ၄ခုထိခိုက္မယ့္အျပင္ သက္တန္း ၁၀၀ေက်ာ္ ပ်ဥ္းကတိုးပင္၊ ပိေတာက္၊ အင္ၾကင္း၊ သစ္ယာ၊ ကြၽန္းပင္ေတြကို ခုတ္လွဲရမွာျဖစ္ၿပီး ၊ အဲ့ဒီေနရာတစ္ေလွ်ာက္က သဘာဝသားငွက္မ်ိဳးစိတ္ေတြ၊ သား႐ိုင္းတိရစာၦန္၊ က်ားသစ္ ၊ေမ်ာက္ ၊ ဆင္ တို႔ ခိုေအာင္းသားေပါက္တဲ့ေနရာျဖစ္လို႔ သဘာဝေဂဟေတြ ပ်က္စီးသြားႏိုင္တယ္”လို႔ အမ်ိဳးသားဥယာဥ္ဦးစီးအရာရွိ ဦးေအာင္ေမာင္းကေျပာပါတယ္။

အခုလက္ရွိလမ္းမွာ ယာႀကီး-လာဘို႔ ၁၉ ကီလိုမီတာလမ္းျဖစ္ၿပီး အာစီယံအေမြအႏွစ္ အေလာင္းေတာ္ကႆပ အမ်ိဳးသားဥယာဥ္အတြင္း ျဖတ္ထားတာျဖစ္တဲ့အတြက္ လက္ရွိလမ္းအတိုင္း မေဖာက္ဘဲ ၄မိုင္ပိုရွည္တဲ့ လမ္းအသစ္ေဖာက္ရင္ တန္ဖိုးျဖတ္မရတဲ့ သဘာဝေဂဟစနစ္ေတြပ်က္စီးသြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ လမ္းေဖာက္လုပ္ၿပီးတဲ့ေနာက္ပိုင္း ျမန္မာအစိုးရဘက္ကေန လမ္းထိန္းသိမ္းစရိတ္ ပိုမိုကုန္က်တာေတြ လမ္းသစ္မွာ သစ္ခိုးထုတ္တဲ့လမ္းျဖစ္သြားႏိုင္တာ စတဲ့အခ်က္တြကို ျဖစ္ေပၚလာႏိုင္တဲ့အတြက္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ျပည္ေထာင္စုဝန္ႀကီးဌာနကို တင္ျပမယ္လုိ႔ စစ္ကိုင္းတိုင္း ပတ္ဝန္က်င္ထိန္းသိမ္းေရးဦးစီးဌာနက တာဝန္ရွိသူေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW