မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် အကျင့်ပျက်ချစားမှုကြောင့် ထောင် ၁၂ နှစ်ကျ

မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် အကျင့်ပျက်ချစားမှုကြောင့် ထောင် ၁၂ နှစ်ကျ

ကွာလာလမ်ပူ၊ ဇူလိုင်-၂၉-၂၀၂၀
မျိုးဆက် (VOM)

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ဒေါ်လာဘီလီယံပေါင်းများစွာ အကျင့်ပျက်ချစားမှု နဲ့ပတ်သက်ပြီး တရားစွဲဆိုမှု (၇)ခုစလုံးမှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့တာကြောင့် ထောင်ဒါဏ် ၁၂ နှစ်ချကျခံဖို့ မလေးရှားတရားရုံးချုပ်က အမိန့်ချလိုက်ပါတယ်။

ယုံကြည်မှုကို အလွဲသုံးစားပြုမှု၊ ငွေကြေးခဝါချမှုနဲ့ အာဏာအလွဲသုံးစားမှု စွဲချက်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း နာဂျစ်က အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

သူ့အပေါ်အမှုဖွင့်အရေးယူလိုက်တာဟာ မလေးရှားနိုင်ငံရဲ့ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး အားထုတ်မှုတွေအပေါ် စမ်းသပ်မှုတစ်ရပ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။

1MDB အရှုပ်တော်ပုံကြောင့် မလေးရှားနိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်ပွားခဲ့ပြီး လွတ်လပ်ရေးရပြီးကတည်းက ၆၁ နှစ်ကြာ အစိုးရဖြစ်ခဲ့တဲ့ နာဂျစ်ရဲ့ ယူအမ်အင်န်အို ပါတီကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

ရုံတင်စစ်ဆေးမှုမှာပါဝင်တဲ့ သက်သေအထောက်အထားအားလုံးကို သုံးသပ်ပြီးနောက် တရားစွဲဆိုမှုတွေအားလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ကွာလာလမ်ပူအထူးတရားရုံးချုပ်က တရားသူကြီး Mohamad Nazlan ကပြောပါတယ်။

၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဝန်ကြီချုပ်တာဝန်ထမ်းဆောင်ခဲ့သူ နာဂျစ်ကတော့ ဒီလိုပြစ်ဒါဏ်ချမှတ်လိုက်တဲ့အပေါ် မကျေနပ်ဖူးလို့ သတင်းထောက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး အယူခံဝင်သွားမှာဖြစ်ကာ အယူခံအောင်မြင်မယ်လို့ သိရပါတယ်။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Zawgyi

မေလးရွား၀န္ၾကီးခ်ဳပ္ေဟာင္းနာဂ်စ္ အက်င္႔ပ်က္ခ်စားမႈေၾကာင္႔ ေထာင္ ၁၂ နွစ္က်

ကြာလာလမ္ပူ၊ ဇူလိုင္-၂၉-၂၀၂၀
မ်ိဳးဆက္ (VOM)

မေလးရွား၀န္ၾကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇတ္ဟာ ေဒၚလာဘီလီယံေပါင္းမ်ားစြာ အက်င္႔ပ်က္ခ်စားမႈ နဲ႔ပတ္သက္ျပီး တရားစြဲဆိုမႈ (၇)ခုစလံုးမွာ အျပစ္ရိွေၾကာင္းေတြ႔ရိွခဲ႔တာေၾကာင္႔ ေထာင္ဒါဏ္ ၁၂ နွစ္ခ်က်ခံဖို႔ မေလးရွားတရားရံုးခ်ဳပ္က အမိန္႔ခ်လိုက္ပါတယ္။

ယုံၾကည္မႈကို အလြဲသံုးစားျပဳမႈ၊ ေငြေၾကးခ၀ါခ်မႈနဲ႔ အာဏာအလြဲသံုးစားမႈ စြဲခ်က္ေတြနဲ႔ပတ္သက္ျပီး ၀န္ၾကီးခ်ဳပ္ေဟာင္း နာဂ်စ္က အျပစ္မရိွေၾကာင္း ျငင္းဆိုထားပါတယ္။

သူ႔အေပၚအမႈဖြင္႔အေရးယူလိုက္တာဟာ မေလးရွားနိုင္ငံရဲ႕ အက်င္႔ပ်က္ခ်စားမႈတိုက္ဖ်က္ေရး အားထုတ္မႈေတြအေပၚ စမ္းသပ္မႈတစ္ရပ္လို႔ က်ယ္က်ယ္ျပန္႔ျပန္႔ ရႈျမင္ၾကပါတယ္။

1MDB အရႈပ္ေတာ္ပံုေၾကာင္႔ မေလးရွားနိုင္ငံေရး မတည္ျငိမ္မႈေတြျဖစ္ပြားခဲ႔ျပီး လြတ္လပ္ေရးရျပီးကတည္းက ၆၁ နွစ္ၾကာ အစိုးရျဖစ္ခဲ႔တ႔ဲ နာဂ်စ္ရဲ႕ ယူအမ္အင္န္အို ပါတီကို ျဖဳတ္ခ်နိုင္ခ႔ဲပါတယ္။

ရံုတင္စစ္ေဆးမႈမွာပါ၀င္တဲ႔ သက္ေသအေထာက္အထားအားလံုးကို သံုးသပ္ျပီးေနာက္ တရားစြဲဆိုမႈေတြအားလံုးမွာ အျပစ္ရိွေၾကာင္း ေတြ႔ရွိခဲ႔တယ္လို႔ ကြာလာလမ္ပူအထူးတရားရံုးခ်ဳပ္က တရားသူၾကီး Mohamad Nazlan ကေျပာပါတယ္။

၂၀၀၉ ခုနွစ္မွ ၂၀၁၈ ခုနွစ္အထိ ၀န္ၾကီခ်ဳပ္တာ၀န္ထမ္းေဆာင္ခဲ႔သူ နာဂ်စ္ကေတာ႔ ဒီလိုျပစ္ဒါဏ္ခ်မွတ္လိုက္တဲ႔အေပၚ မေက်နပ္ဖူးလို႔ သတင္းေထာက္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ႔ျပီး အယူခံ၀င္သြားမွာျဖစ္ကာ အယူခံေအာင္ျမင္မယ္လို႔ သိရပါတယ္။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ကြာလာလမ္ပူ

Related posts

Leave a Comment

VOM News

FREE
VIEW