ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ အင်တာနက်ဖြတ်တောက်မှု အဆုံးသတ်ဖို့ မြန်မာအစိုးရကို HRW တိုက်တွန်း

ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ အင်တာနက်ဖြတ်တောက်မှု အဆုံးသတ်ဖို့ မြန်မာအစိုးရကို HRW တိုက်တွန်း နယူးယောက်၊ ဇူလိုင်-၂၉ မျိုးဆက် (VOM) အရပ်သားတွေအပေါ် ဆိုးကျိုးသက်ရောက်စေတာကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကို မြန်မာအစိုးရအနေနဲ့ ချက်ချင်းရုပ်သိမ်းပေးဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဇူလိုင် ၂၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရရဲ့ အင်တာနက်ကန့်သတ်ထားမှုတွေဟာ အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ သတင်းအချက်အလက်ရရှိရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ရာမှာ အဟန့်အတားဖြစ်စေတယ်လို့ HRW ကပြောပါတယ်။ မြန်မာ့တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့အကြား ပဋိပက္ခတွေကြောင့် ဒီလိုအင်တာနက်ဖြတ်တောက်မှုဟာ ပြည်နယ်နှစ်ခုမှာနေထိုင်တဲ့ ဒေသခံတစ်သန်းကျော်အပေါ် သက်ရောက်မှုရှိနေပါတယ်။ ဒီလိုအင်တာနက်ဖြတ်တောက်မှုဟာ မိုဘိုင်းအင်တာနက် နည်းပညာကိုအသုံးပြုပြီး အေအေအဖွဲ့က ဖောက်ခွဲမှုတွေပြုလုပ်တာတွေနဲ့ မြေမြှပ်မိုင်းတွေထောင်တာကို ကာကွယ်တားဆီးဖို့အတွက် လိုအပ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဇွန် ၃၀ ရက်နဲ့ ဇူလိုင် ၈ ရက်က ပေးပို့တဲ့စာမှာ…

Read More

လုပ်ခလစာမပေးဘဲ ပိုင်ရှင်ထွက်ပြေးသွားတဲ့ အထည်ချုပ်စက်ရုံကို လေလံတင်ပြီး အလုပ်သမားတွေကို လုပ်ခလစားပေးမယ်

လုပ်ခလစာမပေးဘဲ ပိုင်ရှင်ထွက်ပြေးသွားတဲ့ အထည်ချုပ်စက်ရုံကို လေလံတင်ပြီး အလုပ်သမားတွေကို လုပ်ခလစားပေးမယ် ရန်ကုန်၊ ဇူလိုင် ၃၀-၂၀၂၀ အေးချမ်းသူ(VOM) လုပ်ခလစာမပေးဘဲ အလုပ်ရှင်ထွက်ပြေးခဲ့တဲ့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် ၁၃၆ ရှိ WORlD JIN အထည်ချုပ်စက်ရုံက စက်ပစွည်းတွေကို ဌာနဆိုင်ရာနဲ့ အလုပ်သမားတွေက လေလံတင်ရောင်းချလုပြီး လုပ်ခလစာကိုဖြေရှင်းသွားမှာဖြစ်တယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်မနှင်းနွယ်ဦးက ပြောပါတယ်။ “ဌာနဆိုင်ရာက အကြောင်းကြားလာတယ်။ ဒီစက်ရုံကို သူဌေးကအပြီးပိတ်မယ်တဲ့ ဒါကြောင့်အလုပ်သမားတွေရပိုင်ခွင့်အတွက် စက်ရုံထဲမှာရှိတဲ့ ပစွည်းတွေကို လေလံတင်ရောင်းချသွားမယ်လို့ပြောတယ်”လို့ အလုပ်သမားခေါင်းဆောင်မနှင်းနွယ်ဦးက ပြောပါတယ်။ ရွှေပြည်သာမြို့နယ်ရှိ ဌာနဆိုင်ရာမှ ဦးစီးအရာရှိတွေကလည်း ဇူလိုင်လ၂၄ရက်နေ့မှာ လေလံတင်ရောင်းချရေးအတွက် ကော်မတီ၃ခုဖွဲ့နိူင်ဖို့ အလုပ်သမား ၆ဦးကို စာရင်းတောင်းခဲ့တယ်လို့ မနှင်းနွယ်ဦးကပြောပါတယ်။ World Jinအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၃၀၀ဦးအတွက် ရပိုင်ခွင့်စာရင်းတွက်ကြည့်တဲ့အခါ ပျမ်းမျှငွေ သိန်း၃၆၀၀ခန့်ရှိပြီး လက်ရှိအခြေအနေမှာ အဲ့ဒီဈေးအထိမရသေးဘူးလို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဥပဒေအထောက်အကူပြု ဌာနမှ…

Read More

မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် အကျင့်ပျက်ချစားမှုကြောင့် ထောင် ၁၂ နှစ်ကျ

မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် အကျင့်ပျက်ချစားမှုကြောင့် ထောင် ၁၂ နှစ်ကျ ကွာလာလမ်ပူ၊ ဇူလိုင်-၂၉-၂၀၂၀ မျိုးဆက် (VOM) မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ဒေါ်လာဘီလီယံပေါင်းများစွာ အကျင့်ပျက်ချစားမှု နဲ့ပတ်သက်ပြီး တရားစွဲဆိုမှု (၇)ခုစလုံးမှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့တာကြောင့် ထောင်ဒါဏ် ၁၂ နှစ်ချကျခံဖို့ မလေးရှားတရားရုံးချုပ်က အမိန့်ချလိုက်ပါတယ်။ ယုံကြည်မှုကို အလွဲသုံးစားပြုမှု၊ ငွေကြေးခဝါချမှုနဲ့ အာဏာအလွဲသုံးစားမှု စွဲချက်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း နာဂျစ်က အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ သူ့အပေါ်အမှုဖွင့်အရေးယူလိုက်တာဟာ မလေးရှားနိုင်ငံရဲ့ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး အားထုတ်မှုတွေအပေါ် စမ်းသပ်မှုတစ်ရပ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။ 1MDB အရှုပ်တော်ပုံကြောင့် မလေးရှားနိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်ပွားခဲ့ပြီး လွတ်လပ်ရေးရပြီးကတည်းက ၆၁ နှစ်ကြာ အစိုးရဖြစ်ခဲ့တဲ့ နာဂျစ်ရဲ့ ယူအမ်အင်န်အို ပါတီကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ရုံတင်စစ်ဆေးမှုမှာပါဝင်တဲ့ သက်သေအထောက်အထားအားလုံးကို သုံးသပ်ပြီးနောက် တရားစွဲဆိုမှုတွေအားလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ကွာလာလမ်ပူအထူးတရားရုံးချုပ်က တရားသူကြီး Mohamad Nazlan…

Read More

အရင်ကနားလည်မှုနဲ့ဖွင့်ထားတဲ့ ပုဂံဘုရားတွေကို ကျန်းမာရေးအခြေအနေကြောင့်ပြန်ပိတ်

အရင်ကနားလည်မှုနဲ့ဖွင့်ထားတဲ့ ပုဂံဘုရားတွေကို ကျန်းမာရေးအခြေအနေကြောင့်ပြန်ပိတ် နေပြည်‌တော်၊ ဇူလိုင်၂၉-၂၀၂၀ ကောင်းလက်ျာ+လင်းခိုင်(VOM) မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား‌စေတီပုထိုးတွေကို နားလည်မှုနဲ့ပြန်လည်ဖွင့်ခဲ့တာတွေရှိပေမယ့် ဒီကနေ့မှာတော့ ပုဂံဘုရားတွေကို ကျန်းမာရေးအခြေအနေကြောင့် ပြန်ပိတ်လိုက်ပြီဖြစ်တယ်လို့ ပုဂံဒေသခံ ကိုမင်းမင်းဦးကပြောပါတယ်။ “အရင်က ဒေသခံအာဏာပိုင်တွေက နားလည်မှုနဲ့ဖွင့်ခွင့်ပေးထားတယ်၊ ခုလ ဇူလိုင်၁၉ ရုံးပိတ်ရက်တွေမှာ ဘုရားဖူးတွေအရမ်းလာသွာတော့ ကိုဗစ်ဖြစ်မှာစိုးတဲ့အတွက် အခု လကုန် ၄ရက်ပိတ်မှာ ဘုရားဖူးတွေလာခဲ့ရင် ထိန်းသီမ်းရခက်မှာကြောက်လို့ဆိုပြီး အကြောင်းပြချက်နဲ့ပေါ့ဗျာ ဒီကနေ့ ၂၉ရက် မနက်ပိုင်းမှာပဲ ချက်ချင်းပိတ်ခိုင်းတာ၊ ပိတ်ခိုင်းတာကလည်း အကုန်ပိတ်ခိုင်းတာမဟုတ်ဘူး၊ ဂေါပကရှိတဲ့ဘုရားတွေကို ပိတ်ခိုင်းတာ၊ နစ်နာတာက ဘုရားဖူးဧည့်သည်နဲ့ သူတို့ကိုမှီရတဲ့ ဈေးသည်တွေ။ ပစွည်းတွေ သားငါးတွေ ဝယ်ထားကြပြီ။ ခုပြန်ပိတ်တော့ သူတို့မှာလေးလနီးပါး ဇီးရိုးဝင်ငွေနဲ့ အခုအတိုးအရင်းယူလုပ် ရတော့ မိအေးနှစ်ခါနာသလိုဖြစ်သွားတယ်”လို့ ကိုမင်းမင်းဦးကပြောပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု‌နယ်မြေအတွင်းမှာ စေတီပုထိုးပေါင်း ၃ထောင်ကျော် ရှိ‌နေပေမယ့် ဘုရားဖူးလာတဲ့သူများပြီး တရားဝင်ပိတ်ပင်ထားတဲံ စေတီပုထိုးပေါင်း…

Read More

သီပေါတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချသတ်သေမှုဖြစ်ပွား

သီပေါတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချသတ်သေမှုဖြစ်ပွား နေပြည်တော်၊ ဇူလိုင်၂၉-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ်၊ သီပေါတံတားပေါ်ကနေ အမျိုးသမီးတစ်ဦးခုန်ချသတ်သေမှု မနေ့ဇူလိုင်လ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ နယ်စည်းမခြား မရဟိတအဖွဲ့ဝင် ကိုသျှားထက်ပိုင်ကပြောပါတယ်။ “ကျန်ခဲ့တဲ့ လိပ်စာအရ မိုးကုတ်ကြပ်ပြင်ကလို့ သိရပြီး လက်တလောမှာ ကယ်ဆယ်ရေးအဖွဲ့တွေကရှာနေကြတုန်းပါ”လို့ ကိုသျှားထက်ပိုင်ကပြောပါတယ်။ အဲ့ဒီ သီပေါတံတားပေါ်ကနေ ခုန်ချခဲ့တဲ့ အသက် ၃၉ နှစ်အရွယ်‌ အမျိုးသမီးလို့ယူဆရတဲ့ ဖိနပ်တစ်ရံနဲ့အမျိုးသမီးလက်ဆွဲအိတ်တစ်လုံးကို တံတားပေါ်မှာတွေ့ရပြီး လက်ရှိမှာ နယ်စည်းမခြားပရဟိတအဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဒုဌဝတီမြစ်ရိုးတလျှောက် စက်လှေတွေနဲ့ ရှာဖွေနေတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။ အမျိုးသမီး ခုန်ချပျောက်ဆုံး‌နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သီပေါမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်စုံစမ်းပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ Photo-သျှားထက်ပိုင် #voiceofmyanmar #VOM #သီပေါ Zawgyi သီပေါတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချသတ်သေမှုဖြစ်ပွား နေပြည်တော်၊ ဇူလိုင်၂၉-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊…

Read More
VOM News

FREE
VIEW