လုပ်ခလစာမပေးဘဲ ပိုင်ရှင်ထွက်ပြေးသွားတဲ့ အထည်ချုပ်စက်ရုံကို လေလံတင်ပြီး အလုပ်သမားတွေကို လုပ်ခလစားပေးမယ်

လုပ်ခလစာမပေးဘဲ ပိုင်ရှင်ထွက်ပြေးသွားတဲ့ အထည်ချုပ်စက်ရုံကို လေလံတင်ပြီး အလုပ်သမားတွေကို လုပ်ခလစားပေးမယ်

ရန်ကုန်၊ ဇူလိုင် ၃၀-၂၀၂၀
အေးချမ်းသူ(VOM)

လုပ်ခလစာမပေးဘဲ အလုပ်ရှင်ထွက်ပြေးခဲ့တဲ့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် ၁၃၆ ရှိ WORlD JIN အထည်ချုပ်စက်ရုံက စက်ပစွည်းတွေကို ဌာနဆိုင်ရာနဲ့ အလုပ်သမားတွေက လေလံတင်ရောင်းချလုပြီး လုပ်ခလစာကိုဖြေရှင်းသွားမှာဖြစ်တယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်မနှင်းနွယ်ဦးက ပြောပါတယ်။

“ဌာနဆိုင်ရာက အကြောင်းကြားလာတယ်။ ဒီစက်ရုံကို သူဌေးကအပြီးပိတ်မယ်တဲ့ ဒါကြောင့်အလုပ်သမားတွေရပိုင်ခွင့်အတွက် စက်ရုံထဲမှာရှိတဲ့ ပစွည်းတွေကို လေလံတင်ရောင်းချသွားမယ်လို့ပြောတယ်”လို့ အလုပ်သမားခေါင်းဆောင်မနှင်းနွယ်ဦးက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ ဌာနဆိုင်ရာမှ ဦးစီးအရာရှိတွေကလည်း ဇူလိုင်လ၂၄ရက်နေ့မှာ လေလံတင်ရောင်းချရေးအတွက် ကော်မတီ၃ခုဖွဲ့နိူင်ဖို့ အလုပ်သမား ၆ဦးကို စာရင်းတောင်းခဲ့တယ်လို့ မနှင်းနွယ်ဦးကပြောပါတယ်။

World Jinအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၃၀၀ဦးအတွက် ရပိုင်ခွင့်စာရင်းတွက်ကြည့်တဲ့အခါ ပျမ်းမျှငွေ သိန်း၃၆၀၀ခန့်ရှိပြီး လက်ရှိအခြေအနေမှာ အဲ့ဒီဈေးအထိမရသေးဘူးလို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဥပဒေအထောက်အကူပြု
ဌာနမှ ကိုနိူင်ဌေးလွင်ကပြောပါတယ်။

“စက်ရုံကိုဌားထားတဲ့မြေပိုင်ရှင်ကညှိတယ်။ လေလံမပစ်တော့ဘဲ သိန်း၁၇၀၀ပေးမယ်ဆိုပြီးညှိတယ်။ အလုပ်သမားတွေဘက်က သူတို့ရမယ့်ဟာတွက်ထားတာက သိန်း ၃၆၀၀ သိန်း ၃၇၀၀ လောက်ရှိတယ်။ အဲ့ဒီတော့ ညှိရင်းနဲ့သူတို့ကသိန်း၂၂၅၀ပေးတယ်။ အလုပ်သမားတွေဘက်ကတော့ လက်မခံဘူး။ သူတို့လက်ဝါးချင်းရိုက်ပြီး ဈေးဖြတ်မှာစိုးလို့ “လို့ ကိုနိူင်ဌေးလွင်ကပြောပါတယ်။

World jin အထည်ချုပ်စက်ရုံမှာ ဧပြီလဆန်းအထိ ပုံမှန်လည်ပတ်လျှက်ရှိရာကနေ အလုပ်သမားတွေကို မေလ ၄ ရက်နေ့မှာ အလုပ်ဆင်းဖို့ မှာကြားခဲ့ပေမယ့် စက်ရုံပိတ်သိမ်းပြီး အလုပ်ရှင်ကလည်း လစာပေးဖို့ တိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။

World Jin စက်ရုံပိုင်ရှင်ဟာ ကိုရီးယားနိုင်ငံကို ထွက်ပြေးသွားတာဖြစ်ပြီး ကိုရီးယားနိုင်ငံရှိ အလုပ်သမားသမဂ္ဂများရဲ့ ဖိအားပေးမှုကြောင့် အလုပ်သမား ၃၀၀ ကျော်ကို ဧပြီလမှာရမယ့် လစာငွေကို ဇွန်လထဲမှာ ကိုရီးယားကနေ လွှဲပေးလိုက်ကြောင်း အလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အလုပ်ရှင်ထွက်ပြေးခဲ့တဲ့အတွက် ဧပြီလမှစတင်ကာ အလုပ်သမားများကို အကူအညီထောက်ပံ့ပေးနေပြီး အခုလမှာ အလုပ်သမားတစ်ဦးကို တစ်သိန်းနှစ်သောင်းနှုန်းနဲ့ ထပ်မံကူညီဖို့စီစဉ်ထားတဲ့အပြင် အလုပ်သမားတစ်ဦးကို သုံးလစာအနေနဲ့ သုံးသိန်းခြောက်သောင်းရရှိကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မှ ဒါရိုက်တာဒေါ်မျိုးမျိုး
အေးကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေထဲက Myanmar Royal Apoloအထည်ချုပ်၊ Su Xing အထည်ချုပ်၊ World Jinအထည်ချုပ်စက်ရုံမှ အလုပ်ရှင်တွေဟာ ကိုဗစ်ကာလအတွင်း လုပ်ခလစာမပေးဘဲ ထွက်ပြေးခဲ့တာတွေဖြစ်ခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

လုပ္ခလစာမေပးဘဲ ပိုင္ရွင္ထြက္ေျပးသြားတဲ့ အထည္ခ်ဳပ္စက္ရံုကို ေလလံတင္ၿပီး အလုပ္သမားေတြကို လုပ္ခလစားေပးမယ္

ရန္ကုန္၊ ဇူလိုင္ ၃၀-၂၀၂၀
ေအးခ်မ္းသူ(VOM)

လုပ္ခလစာမေပးဘဲ အလုပ္ရွင္ထြက္ေျပးခဲ့တဲ့ ေ႐ႊျပည္သာၿမိဳ႕နယ္၊ သာဓုကန္စက္မႈဇုန္၊ အမွတ္ ၁၃၆ ရွိ WORlD JIN အထည္ခ်ဳပ္စက္႐ုံက စက္ပစြည္းေတြကို ဌာနဆိုင္ရာနဲ႔ အလုပ္သမားေတြက ေလလံတင္ေရာင္းခ်လုၿပီး လုပ္ခလစာကိုေျဖရွင္းသြားမွာျဖစ္တယ္လို႔ အဲ့ဒီစက္႐ုံက အလုပ္သမားေခါင္းေဆာင္မႏွင္းႏြယ္ဦးက ေျပာပါတယ္။

“ဌာနဆိုင္ရာက အေၾကာင္းၾကားလာတယ္။ ဒီစက္႐ုံကို သူေဌးကအၿပီးပိတ္မယ္တဲ့ ဒါေၾကာင့္အလုပ္သမားေတြရပိုင္ခြင့္အတြက္ စက္႐ုံထဲမွာရွိတဲ့ ပစြည္းေတြကို ေလလံတင္ေရာင္းခ်သြားမယ္လို႔ေျပာတယ္”လို႔ အလုပ္သမားေခါင္းေဆာင္မႏွင္းႏြယ္ဦးက ေျပာပါတယ္။

ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ဌာနဆိုင္ရာမွ ဦးစီးအရာရွိေတြကလည္း ဇူလိုင္လ၂၄ရက္ေန႔မွာ ေလလံတင္ေရာင္းခ်ေရးအတြက္ ေကာ္မတီ၃ခုဖြဲ႕ႏိူင္ဖို႔ အလုပ္သမား ၆ဦးကို စာရင္းေတာင္းခဲ့တယ္လို႔ မႏွင္းႏြယ္ဦးကေျပာပါတယ္။

World Jinအထည္ခ်ဳပ္စက္႐ုံမွာ အလုပ္လုပ္ကိုင္ေနတဲ့ အလုပ္သမား ၃၀၀ဦးအတြက္ ရပိုင္ခြင့္စာရင္းတြက္ၾကည့္တဲ့အခါ ပ်မ္းမွ်ေငြ သိန္း၃၆၀၀ခန႔္ရွိၿပီး လက္ရွိအေျခအေနမွာ အဲ့ဒီေစ်းအထိမရေသးဘူးလို႔ ေရာင္ျခည္ဦးအလုပ္သမားမ်ားအဖြဲ႕ဥပေဒအေထာက္အကူျပဳ
ဌာနမွ ကိုႏိူင္ေဌးလြင္ကေျပာပါတယ္။

“စက္႐ုံကိုဌားထားတဲ့ေျမပိုင္ရွင္ကညႇိတယ္။ ေလလံမပစ္ေတာ့ဘဲ သိန္း၁၇၀၀ေပးမယ္ဆိုၿပီးညႇိတယ္။ အလုပ္သမားေတြဘက္က သူတို႔ရမယ့္ဟာတြက္ထားတာက သိန္း ၃၆၀၀ သိန္း ၃၇၀၀ ေလာက္ရွိတယ္။ အဲ့ဒီေတာ့ ညႇိရင္းနဲ႔သူတို႔ကသိန္း၂၂၅၀ေပးတယ္။ အလုပ္သမားေတြဘက္ကေတာ့ လက္မခံဘူး။ သူတို႔လက္ဝါးခ်င္း႐ိုက္ၿပီး ေစ်းျဖတ္မွာစိုးလို႔ “လို႔ ကိုႏိူင္ေဌးလြင္ကေျပာပါတယ္။

World jin အထည္ခ်ဳပ္စက္႐ုံမွာ ဧၿပီလဆန္းအထိ ပုံမွန္လည္ပတ္လွ်က္ရွိရာကေန အလုပ္သမားေတြကို ေမလ ၄ ရက္ေန႔မွာ အလုပ္ဆင္းဖို႔ မွာၾကားခဲ့ေပမယ့္ စက္႐ုံပိတ္သိမ္းၿပီး အလုပ္ရွင္ကလည္း လစာေပးဖို႔ တိမ္းေရွာင္ခဲ့တာ ျဖစ္ပါတယ္။

World Jin စက္႐ုံပိုင္ရွင္ဟာ ကိုရီးယားႏိုင္ငံကို ထြက္ေျပးသြားတာျဖစ္ၿပီး ကိုရီးယားႏိုင္ငံရွိ အလုပ္သမားသမဂၢမ်ားရဲ႔ ဖိအားေပးမႈေၾကာင့္ အလုပ္သမား ၃၀၀ ေက်ာ္ကို ဧၿပီလမွာရမယ့္ လစာေငြကို ဇြန္လထဲမွာ ကိုရီးယားကေန လႊဲေပးလိုက္ေၾကာင္း အလုပ္သမားေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အလုပ္ရွင္ထြက္ေျပးခဲ့တဲ့အတြက္ ဧၿပီလမွစတင္ကာ အလုပ္သမားမ်ားကို အကူအညီေထာက္ပံ့ေပးေနၿပီး အခုလမွာ အလုပ္သမားတစ္ဦးကို တစ္သိန္းႏွစ္ေသာင္းႏႈန္းနဲ႔ ထပ္မံကူညီဖို႔စီစဥ္ထားတဲ့အျပင္ အလုပ္သမားတစ္ဦးကို သံုးလစာအေနနဲ႔ သုံးသိန္းေျခာက္ေသာင္းရရွိေၾကာင္း ေသြးစည္းညီၫြတ္ေသာသမဂၢမ်ားအဖြဲ႕ခ်ဳပ္မွ ဒါ႐ိုက္တာေဒၚမ်ိဳးမ်ိဳး
ေအးကေျပာပါတယ္။

ရန္ကုန္တိုင္းအတြင္းရွိ စက္မႈဇုန္ေတြထဲက Myanmar Royal Apoloအထည္ခ်ဳပ္၊ Su Xing အထည္ခ်ဳပ္၊ World Jinအထည္ခ်ဳပ္စက္႐ုံမွ အလုပ္ရွင္ေတြဟာ ကိုဗစ္ကာလအတြင္း လုပ္ခလစာမေပးဘဲ ထြက္ေျပးခဲ့တာေတြျဖစ္ခဲ့တယ္လို႔ အလုပ္သမားအေရးေဆာင္႐ြက္သူေတြရဲ႔ ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW