သီပေါတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချသတ်သေမှုဖြစ်ပွား

သီပေါတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချသတ်သေမှုဖြစ်ပွား

နေပြည်တော်၊ ဇူလိုင်၂၉-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ်၊ သီပေါတံတားပေါ်ကနေ အမျိုးသမီးတစ်ဦးခုန်ချသတ်သေမှု မနေ့ဇူလိုင်လ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ နယ်စည်းမခြား မရဟိတအဖွဲ့ဝင် ကိုသျှားထက်ပိုင်ကပြောပါတယ်။

“ကျန်ခဲ့တဲ့ လိပ်စာအရ မိုးကုတ်ကြပ်ပြင်ကလို့ သိရပြီး လက်တလောမှာ ကယ်ဆယ်ရေးအဖွဲ့တွေကရှာနေကြတုန်းပါ”လို့ ကိုသျှားထက်ပိုင်ကပြောပါတယ်။

အဲ့ဒီ သီပေါတံတားပေါ်ကနေ ခုန်ချခဲ့တဲ့ အသက် ၃၉ နှစ်အရွယ်‌ အမျိုးသမီးလို့ယူဆရတဲ့ ဖိနပ်တစ်ရံနဲ့အမျိုးသမီးလက်ဆွဲအိတ်တစ်လုံးကို တံတားပေါ်မှာတွေ့ရပြီး လက်ရှိမှာ နယ်စည်းမခြားပရဟိတအဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဒုဌဝတီမြစ်ရိုးတလျှောက် စက်လှေတွေနဲ့ ရှာဖွေနေတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

အမျိုးသမီး ခုန်ချပျောက်ဆုံး‌နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သီပေါမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်စုံစမ်းပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

Photo-သျှားထက်ပိုင်
#voiceofmyanmar #VOM #သီပေါ

Zawgyi

သီေပါတံတားေပၚကေန အမ်ိဳးသမီးတစ္ဦး ခုန္ခ်သတ္ေသမႈျဖစ္ပြား

ေနျပည္ေတာ္၊ ဇူလိုင္၂၉-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ၊ သီေပါၿမိဳ႕နယ္၊ သီေပါတံတားေပၚကေန အမ်ိဳးသမီးတစ္ဦးခုန္ခ်သတ္ေသမႈ မေန႔ဇူလိုင္လ၂၉ ရက္ ညပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ နယ္စည္းမျခား မရဟိတအဖြဲ႕၀င္ ကိုသွ်ားထက္ပိုင္ကေျပာပါတယ္။

“က်န္ခဲ့တဲ့ လိပ္စာအရ မိုးကုတ္ၾကပ္ျပင္ကလို႔ သိရၿပီး လက္တေလာမွာ ကယ္ဆယ္ေရးအဖြဲ႕ေတြကရွာေနၾကတုန္းပါ”လို႔ ကိုသွ်ားထက္ပိုင္ကေျပာပါတယ္။

အဲ့ဒီ သီေပါတံတားေပၚကေန ခုန္ခ်ခဲ့တဲ့ အသက္ ၃၉ ႏွစ္အ႐ြယ္‌ အမ်ိဳးသမီးလို႔ယူဆရတဲ့ ဖိနပ္တစ္ရံနဲ႔အမ်ိဳးသမီးလက္ဆြဲအိတ္တစ္လုံးကို တံတားေပၚမွာေတြ႕ရၿပီး လက္ရွိမွာ နယ္စည္းမျခားပရဟိတအဖြဲ႕နဲ႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ဒုဌဝတီျမစ္႐ိုးတေလွ်ာက္ စက္ေလွေတြနဲ႔ ရွာေဖြေနတယ္လို႔ ကယ္ဆယ္ေရးလုပ္ေဆာင္ေနသူေတြက ေျပာပါတယ္။

အမ်ိဳးသမီး ခုန္ခ်ေပ်ာက္ဆုံး‌ေနတဲ့ကိစၥနဲ႔ပတ္သက္ၿပီး သီေပါၿမိဳ႕မရဲစခန္းကို ဖုန္းနဲ႔ဆက္သြယ္စုံစမ္းေပမယ့္ ဆက္သြယ္လို႔မရေသးပါဘူး။

Photo-သွ်ားထက္ပိုင္
#voiceofmyanmar #VOM #သီေပါ

Related posts

Leave a Comment

VOM News

FREE
VIEW