အရင်ကနားလည်မှုနဲ့ဖွင့်ထားတဲ့ ပုဂံဘုရားတွေကို ကျန်းမာရေးအခြေအနေကြောင့်ပြန်ပိတ်

အရင်ကနားလည်မှုနဲ့ဖွင့်ထားတဲ့ ပုဂံဘုရားတွေကို ကျန်းမာရေးအခြေအနေကြောင့်ပြန်ပိတ်

နေပြည်‌တော်၊ ဇူလိုင်၂၉-၂၀၂၀
ကောင်းလက်ျာ+လင်းခိုင်(VOM)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား‌စေတီပုထိုးတွေကို နားလည်မှုနဲ့ပြန်လည်ဖွင့်ခဲ့တာတွေရှိပေမယ့် ဒီကနေ့မှာတော့ ပုဂံဘုရားတွေကို ကျန်းမာရေးအခြေအနေကြောင့် ပြန်ပိတ်လိုက်ပြီဖြစ်တယ်လို့ ပုဂံဒေသခံ ကိုမင်းမင်းဦးကပြောပါတယ်။

“အရင်က ဒေသခံအာဏာပိုင်တွေက နားလည်မှုနဲ့ဖွင့်ခွင့်ပေးထားတယ်၊ ခုလ ဇူလိုင်၁၉ ရုံးပိတ်ရက်တွေမှာ ဘုရားဖူးတွေအရမ်းလာသွာတော့ ကိုဗစ်ဖြစ်မှာစိုးတဲ့အတွက် အခု လကုန် ၄ရက်ပိတ်မှာ ဘုရားဖူးတွေလာခဲ့ရင် ထိန်းသီမ်းရခက်မှာကြောက်လို့ဆိုပြီး အကြောင်းပြချက်နဲ့ပေါ့ဗျာ ဒီကနေ့ ၂၉ရက် မနက်ပိုင်းမှာပဲ ချက်ချင်းပိတ်ခိုင်းတာ၊ ပိတ်ခိုင်းတာကလည်း အကုန်ပိတ်ခိုင်းတာမဟုတ်ဘူး၊ ဂေါပကရှိတဲ့ဘုရားတွေကို ပိတ်ခိုင်းတာ၊ နစ်နာတာက ဘုရားဖူးဧည့်သည်နဲ့ သူတို့ကိုမှီရတဲ့ ဈေးသည်တွေ။ ပစွည်းတွေ သားငါးတွေ ဝယ်ထားကြပြီ။ ခုပြန်ပိတ်တော့ သူတို့မှာလေးလနီးပါး ဇီးရိုးဝင်ငွေနဲ့ အခုအတိုးအရင်းယူလုပ်
ရတော့ မိအေးနှစ်ခါနာသလိုဖြစ်သွားတယ်”လို့ ကိုမင်းမင်းဦးကပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု‌နယ်မြေအတွင်းမှာ စေတီပုထိုးပေါင်း ၃ထောင်ကျော် ရှိ‌နေပေမယ့် ဘုရားဖူးလာတဲ့သူများပြီး တရားဝင်ပိတ်ပင်ထားတဲံ စေတီပုထိုးပေါင်း (၂၀) ကျော်သာရှိတဲ့အတွက် အခြားစေတီပုထိုးတွေနဲ့ လည်ပတ်လို့ရတဲ့နေရာတွေကိုတော့ သွားလာခွင့်ရတယ်လို့ သိရပါတယ်။

အခုလိုမျိုးဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းပြောပြတာက”ပိတ်တယ်ဆိုတာလည်းမဟုတ်သလို တရားဝင်ခွင့်ပြုချက်နဲ့ဖူး‌ခွင့်လည်းမပေးထားပါဘူး။ အစိုးရအဖွဲ့ကချထားတဲ့ ကိုဗစ်စည်းကမ်းချက်အမိန့်တိုင်း ပိတ်ထားတယ်။ ဟိုတယ်စားသောက်ဆိုင်တွေနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်တော့ ဧည့်သည်တွေရောက်လာတဲ့သဘောပါ”လို့ ပြောပါတယ်။
ပုဂံဒေသ ရှေးဟောင်းဘုရားစေတီပုထိုးတွေကိုဖူးမျှော်ခွင့် ပြန်လည်ကန့်သတ်မည်ဖြစ်ပြီး ဘုရားဖူးဧည့်သည်တွေနဲ့အနေနဲ့က မိမိနေထိုင်ရာမြို့နယ်များမှာ ၇၂ နာရီအတွင်း ရယူထားတဲ့ကျန်းမာရေးထောက်ခံစာပါမှသာ ဖူးမျှော်ခွင့်ပေးမည်ဆိုပြီး မတ်လ၂၃
ရက်နေ့က ရက်စွဲဖြင့်ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲ့ဒီလိုထုတ်ပြန်ထားပြီးနောက်ပိုင်း ထပ်မံထုတ်ပြန်မှုမရှိသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုဂံ

Zawgyi

အရင္ကနားလည္မႈနဲ႔ဖြင့္ထားတဲ့ ပုဂံဘုရားေတြကို က်န္းမာေရးအေျခအေနေၾကာင့္ျပန္ပိတ္

ေနျပည္‌ေတာ္၊ ဇူလိုင္၂၉-၂၀၂၀
ေကာင္းလက္်ာ+လင္းခိုင္(VOM)

မႏၲေလးတိုင္း၊ ေညာင္ဦးခ႐ိုင္ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္းရွိ ဘုရား‌ေစတီပုထိုးေတြကို နားလည္မႈနဲ႔ျပန္လည္ဖြင့္ခဲ့တာေတြရွိေပမယ့္ ဒီကေန႔မွာေတာ့ ပုဂံဘုရားေတြကို က်န္းမာေရးအေျခအေနေၾကာင့္ ျပန္ပိတ္လိုက္ၿပီျဖစ္တယ္လို႔ ပုဂံေဒသခံ ကိုမင္းမင္းဦးကေျပာပါတယ္။

“အရင္က ေဒသခံအာဏာပိုင္ေတြက နားလည္မႈနဲ႔ဖြင့္ခြင့္ေပးထားတယ္၊ ခုလ ဇူလိုင္၁၉ ႐ုံးပိတ္ရက္ေတြမွာ ဘုရားဖူးေတြအရမ္းလာသြာေတာ့ ကိုဗစ္ျဖစ္မွာစိုးတဲ့အတြက္ အခု လကုန္ ၄ရက္ပိတ္မွာ ဘုရားဖူးေတြလာခဲ့ရင္ ထိန္းသီမ္းရခက္မွာေၾကာက္လို႔ဆိုၿပီး အေၾကာင္းျပခ်က္နဲ႔ေပါ့ဗ်ာ ဒီကေန႔ ၂၉ရက္ မနက္ပိုင္းမွာပဲ ခ်က္ခ်င္းပိတ္ခိုင္းတာ၊ ပိတ္ခိုင္းတာကလည္း အကုန္ပိတ္ခိုင္းတာမဟုတ္ဘူး၊ ေဂါပကရွိတဲ့ဘုရားေတြကို ပိတ္ခိုင္းတာ၊ နစ္နာတာက ဘုရားဖူးဧည့္သည္နဲ႔ သူတို႔ကိုမွီရတဲ့ ေဈးသည္ေတြ။ ပစြည္းေတြ သားငါးေတြ ဝယ္ထားၾကၿပီ။ ခုျပန္ပိတ္ေတာ့ သူတို႔မွာေလးလနီးပါး ဇီး႐ိုးဝင္ေငြနဲ႔ အခုအတိုးအရင္းယူလုပ္
ရေတာ့ မိေအးႏွစ္ခါနာသလိုျဖစ္သြားတယ္”လို႔ ကိုမင္းမင္းဦးကေျပာပါတယ္။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈ‌နယ္ေျမအတြင္းမွာ ေစတီပုထိုးေပါင္း ၃ေထာင္ေက်ာ္ ရွိ‌ေနေပမယ့္ ဘုရားဖူးလာတဲ့သူမ်ားၿပီး တရားဝင္ပိတ္ပင္ထားတဲံ ေစတီပုထိုးေပါင္း (၂၀) ေက်ာ္သာရွိတဲ့အတြက္ အျခားေစတီပုထိုးေတြနဲ႔ လည္ပတ္လို႔ရတဲ့ေနရာေတြကိုေတာ့ သြားလာခြင့္ရတယ္လို႔ သိရပါတယ္။

အခုလိုမ်ိဳးျဖစ္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေညာင္ဦးခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္အုန္းေျပာျပတာက”ပိတ္တယ္ဆိုတာလည္းမဟုတ္သလို တရားဝင္ခြင့္ျပဳခ်က္နဲ႔ဖူး‌ခြင့္လည္းမေပးထားပါဘူး။ အစိုးရအဖြဲ႕ကခ်ထားတဲ့ ကိုဗစ္စည္းကမ္းခ်က္အမိန႔္တိုင္း ပိတ္ထားတယ္။ ဟိုတယ္စားေသာက္ဆိုင္ေတြနဲ႔ ခရီးသြားလုပ္ငန္းေတြ ျပန္ဖြင့္ေတာ့ ဧည့္သည္ေတြေရာက္လာတဲ့သေဘာပါ”လို႔ ေျပာပါတယ္။
ပုဂံေဒသ ေရွးေဟာင္းဘုရားေစတီပုထိုးေတြကိုဖူးေမွ်ာ္ခြင့္ ျပန္လည္ကန႔္သတ္မည္ျဖစ္ၿပီး ဘုရားဖူးဧည့္သည္ေတြနဲ႔အေနနဲ႔က မိမိေနထိုင္ရာၿမိဳ႕နယ္မ်ားမွာ ၇၂ နာရီအတြင္း ရယူထားတဲ့က်န္းမာေရးေထာက္ခံစာပါမွသာ ဖူးေမွ်ာ္ခြင့္ေပးမည္ဆိုၿပီး မတ္လ၂၃
ရက္ေန႔က ရက္စြဲျဖင့္ေညာင္ဦးခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး႐ုံးက ထုတ္ျပန္ထားတာျဖစ္ပါတယ္။
အဲ့ဒီလိုထုတ္ျပန္ထားၿပီးေနာက္ပိုင္း ထပ္မံထုတ္ျပန္မႈမရွိေသးဘူးလို႔ သိရပါတယ္။

#voiceofmyanmar #VOM #ပုဂံ

Related posts

Leave a Comment

VOM News

FREE
VIEW