ငပုတောမြို့နယ်မှာ တောဆင်ရိုင်းအုပ်များ ဝင်ရောက်သောင်းကျန်းနေ

ငပုတောမြို့နယ်မှာ တောဆင်ရိုင်းအုပ်များ ဝင်ရောက်သောင်းကျန်းနေ

ပုသိမ်၊ သြဂုတ် ၅-၂၀၂၀
သူရိန် (VOM)

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာ
အုပ်စုအတွင်းမှာဒေသခံတွေစိုက်ပျိုးထားတဲ့ လယ်မြေတွေကို တောဆင်ရိုင်းအုပ်ကဝင်ရောက်သောင်းကျန်းနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

“အခုချိန်က တောထဲမှာ ဆင်တွေကြိုက်တဲ့ မျှစ်တွေပေါက်နေချိန် အစာရေစာပါများတဲ့ အချိန်ဆိုတော့ ရွာနားကို ကပ်လာတာထူးဆန်းနေတယ်။ တောထဲမှာ ပျော်တဲ့ အချိန်ရောက်လာတာဆိုတော့ အန္တရာယ် တစ်ခုခုပေါ့။ တောထဲ ဆင်သတ်မုဆိုးတွေ ရောက်နေရင်လည်း လူနေအိမ်တွေနား လယ်ကွင်းတွေကို ကပ်လာတတ်တယ်။”လို့ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောပါတယ်။

တောဆင်ရိုင်းအုပ်တွေကသြဂုတ် ၂ ရက်ကစတင်ပြီး ၈ ကောင်အုပ်၊ ၄ ကောင်အုပ်နဲ့ နေ့စဉ် ဝင်ရောက်နေပြီး ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့EERU- အရေးပေါ် ကွန်ဂျီဆင်များအဖွဲ့ကကွန်ဂျီဆင် ၃ ကောင်နဲ့ လိုက်လံမောင်းထုတ်နေရပါတယ်။

လူနေအိမ်ခြေနား လယ်ကွင်းနားကိုကပ်လာတဲ့ တောဆင်ရိုင်းအုပ်များထဲမှာရှားပါးတဲ့ စွယ်စုံဆင်ကြီး တစ်ကောင် ပါဝင်နေပြီး စွယ်စုံဆင်ကို ဆင်သတ်မုဆိုးတွေက ပစ်မှတ်ထား ပစ်ခတ်လေ့ရှိလို့ တောထဲမှာ ဆင်သတ်မုဆိုးများ ရှိ/ မရှိ စစ်ဆေးပြီး နယ်မြေရှင်းလင်းနေပါတယ်။

“လယ်ကွင်းတွေထဲ ရောက်လာတာ ဒီတစ်ခါ ဖျက်တာဆီးတာတော့ သိပ်လုပ်တာမရှိဘူး။ ပြန်မသွားဘဲ ရွာနားကပ်နေတာပဲရှိတယ်။ ညကတောင်ထပ်ကပ်လာသေးတယ်။ ကွင်းနားမှာ ဆင်ခြေရာတွေ ထပ်နေတယ် ဆင်မောင်းအဖွဲ့လည်း ရောက်နေပေမယ့် သူတို့ ပြန်မောင်းတဲ့ လမ်းကြောင်းက ဆင်မုဆိုးတွေ သတ်ကွင်းထဲ ပြန်ပို့မိမှာလည်း စိုးနေတယ်။”ဟု ပိုးလောင်းကျေးရွာအုပ်စု၊ သကုန်ကုန်းရွာ ဒေသခံ ဦးသိန်းဆုက ပြောပါတယ်။

ငပုတောမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းအုပ် လှည့်လည်ကျက်စားနေပြီး ၂၀၂၀ ခုနှစ်အတွင်း ဆင်သတ်မုဆိုးများ ပစ်ခတ်သတ်ဖြတ်မှုကြောင့် တောဆင်ရိုင်းတစ်ကောင်သေဆုံးခဲ့ပြီး အဆိပ်ရှိ သတ္တဝါ အကိုက်ခံရမှုကြောင့် တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့ရပါတယ်။

#voiceofmyanmar #VOM #ငပုတော #တောဆင်ရိုင်း

zawgyi

ငပုေတာၿမိဳ႕နယ္မွာ ေတာဆင္႐ိုင္းအုပ္မ်ား ဝင္ေရာက္ေသာင္းက်န္းေန

ပုသိမ္၊ ၾသဂုတ္ ၅-၂၀၂၀
သူရိန္ (VOM)

ဧရာဝတီတိုင္းေဒသႀကီး၊ ငပုေတာၿမိဳ႕နယ္၊ ပိုးေလာင္းေက်း႐ြာ
အုပ္စုအတြင္းမွာေဒသခံေတြစိုက္ပ်ိဳးထားတဲ့ လယ္ေျမေတြကို ေတာဆင္႐ိုင္းအုပ္ကဝင္ေရာက္ေသာင္းက်န္းေနတယ္လို႔ေဒသခံေတြဆီကသိရပါတယ္။

“အခုခ်ိန္က ေတာထဲမွာ ဆင္ေတြႀကိဳက္တဲ့ မွ်စ္ေတြေပါက္ေနခ်ိန္ အစာေရစာပါမ်ားတဲ့ အခ်ိန္ဆိုေတာ့ ႐ြာနားကို ကပ္လာတာထူးဆန္းေနတယ္။ ေတာထဲမွာ ေပ်ာ္တဲ့ အခ်ိန္ေရာက္လာတာဆိုေတာ့ အႏၲရာယ္ တစ္ခုခုေပါ့။ ေတာထဲ ဆင္သတ္မုဆိုးေတြ ေရာက္ေနရင္လည္း လူေနအိမ္ေတြနား လယ္ကြင္းေတြကို ကပ္လာတတ္တယ္။”လို႔ ငပုေတာၿမိဳ႕နယ္၊ တင္းေခ်ာင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းေလးက ေျပာပါတယ္။

ေတာဆင္႐ိုင္းအုပ္ေတြကၾသဂုတ္ ၂ ရက္ကစတင္ၿပီး ၈ ေကာင္အုပ္၊ ၄ ေကာင္အုပ္နဲ႔ ေန႔စဥ္ ဝင္ေရာက္ေနၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြ၊ ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြနဲ႔EERU- အေရးေပၚ ကြန္ဂ်ီဆင္မ်ားအဖြဲ႕ကကြန္ဂ်ီဆင္ ၃ ေကာင္နဲ႔ လိုက္လံေမာင္းထုတ္ေနရပါတယ္။

လူေနအိမ္ေျခနား လယ္ကြင္းနားကိုကပ္လာတဲ့ ေတာဆင္႐ိုင္းအုပ္မ်ားထဲမွာရွားပါးတဲ့ စြယ္စုံဆင္ႀကီး တစ္ေကာင္ ပါဝင္ေနၿပီး စြယ္စုံဆင္ကို ဆင္သတ္မုဆိုးေတြက ပစ္မွတ္ထား ပစ္ခတ္ေလ့ရွိလို႔ ေတာထဲမွာ ဆင္သတ္မုဆိုးမ်ား ရွိ/ မရွိ စစ္ေဆးၿပီး နယ္ေျမရွင္းလင္းေနပါတယ္။

“လယ္ကြင္းေတြထဲ ေရာက္လာတာ ဒီတစ္ခါ ဖ်က္တာဆီးတာေတာ့ သိပ္လုပ္တာမရွိဘူး။ ျပန္မသြားဘဲ ႐ြာနားကပ္ေနတာပဲရွိတယ္။ ညကေတာင္ထပ္ကပ္လာေသးတယ္။ ကြင္းနားမွာ ဆင္ေျခရာေတြ ထပ္ေနတယ္ ဆင္ေမာင္းအဖြဲ႕လည္း ေရာက္ေနေပမယ့္ သူတို႔ ျပန္ေမာင္းတဲ့ လမ္းေၾကာင္းက ဆင္မုဆိုးေတြ သတ္ကြင္းထဲ ျပန္ပို႔မိမွာလည္း စိုးေနတယ္။”ဟု ပိုးေလာင္းေက်း႐ြာအုပ္စု၊ သကုန္ကုန္း႐ြာ ေဒသခံ ဦးသိန္းဆုက ေျပာပါတယ္။

ငပုေတာၿမိဳ႕နယ္ သစ္ေတာႀကိဳးဝိုင္းအတြင္း ေတာဆင္႐ိုင္းအုပ္ လွည့္လည္က်က္စားေနၿပီး ၂၀၂၀ ခုႏွစ္အတြင္း ဆင္သတ္မုဆိုးမ်ား ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ ေတာဆင္႐ိုင္းတစ္ေကာင္ေသဆုံးခဲ့ၿပီး အဆိပ္ရွိ သတၱဝါ အကိုက္ခံရမႈေၾကာင့္ ေတာဆင္႐ိုင္းတစ္ေကာင္ ေသဆုံးခဲ့ရပါတယ္။

#voiceofmyanmar #VOM #ငပုေတာ #ေတာဆင္႐ိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW