ဧရာဝတီတိုင်းက Covidစစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်သိမ်း

ဧရာဝတီတိုင်းက Covidစစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်သိမ်း

ပုသိမ်၊ သြဂုတ် ၁၁-၂၀၂၀
ကိုအောင် (VOM)

ဧရာဝတီတိုင်းက Covid-19ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားတဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်တွေကို ဇူလိူင်လကုန်မှာ ပိတ်သိမ်းခိုင်းလိုက်ပြီဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးကနေသိရပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ဧပြီလ ၂၁ရက်နေ့ကစပြီး ၃လကြာ မြို့အဝင်တွေမှာ စစ်ဆေးရေးဂိတ်တွေဖွင့်ကာ တိုင်းပြင်ပကနေ ပြန်လာသူတွေကို ခရီးသွားထောက်ခံစာနဲ့ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာနကလမ်းညွန်ချက်အရ ပိတ်လိုက်တာပါ၊
ကိုဗစ်နဲ့ပတ်သတ်ပြီး ဖြေလျော့ ပေးတဲ့သဘောပါ”လို့ တိုင်းအစိုးရအဖွဲ့ကပြောရေးဆိုခွင့်ရှိသူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးကပြောပါတယ် ။

ဧရာဝတီတိုင်းရဲ့အဓိကဝင်ပေါက်တွေမှာ Covid-19စစ်ဆေးရေးဂိတ် ၆ ဂိတ် နဲ့ကျန်တဲ့မြို့တွေမှာလည်း မြို့အဝင်စစ်ဆေးရေးဂိတ်တွေထားရှိပြီး ဌာနဆိုင်ရာတွေနဲ့စေတနာ့ဝန်ထမ်းတွေက လုပ်ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ မလေးရှားနိင်ငံကပြန်လာပြီး ပုသိမ်တက္ကသိုလ်၊ တေဇဆောင်မှာစောင့်ကြည့်မူခံယူခဲ့တဲ့ အမျိုးသား၂ဦးဆီကနေ covid-19ပိုးတွေ့ရှိခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ တိုင်းအတွင်းမှာ ပိုးတွေ့လူနာမရှိတော့ဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း

Zawgyi

ဧရာ၀တီတိုင္းက Covidစစ္ေဆးေရးဂိတ္ေတြအားလုံးကို ပိတ္သိမ္း

ပုသိမ္၊ ၾသဂုတ္ ၁၁-၂၀၂၀
ကိုေအာင္ (VOM)

ဧရာ၀တီတိုင္းက Covid-19ကာကြယ္ေရးအတြက္ ဖြင့္လွစ္ထားတဲ့ ၿမိဳ႕အ၀င္စစ္ေဆးေရးဂိတ္ေတြကို ဇူလိူင္လကုန္မွာ ပိတ္သိမ္းခိုင္းလိုက္ၿပီျဖစ္တယ္လို႔ တိုင္းအစိုးရအဖြဲ႕႐ုံးကေနသိရပါတယ္။

ဧရာဝတီတိုင္းအတြင္းမွာ ဧၿပီလ ၂၁ရက္ေန႔ကစၿပီး ၃လၾကာ ၿမိဳ႕အ၀င္ေတြမွာ စစ္ေဆးေရးဂိတ္ေတြဖြင့္ကာ တိုင္းျပင္ပကေန ျပန္လာသူေတြကို ခရီးသြားေထာက္ခံစာနဲ႔က်န္းမာေရးစစ္ေဆးမႈေတြျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

“က်န္းမာေရး နဲ႔အားကစား၀န္ႀကီးဌာနကလမ္းၫြန္ခ်က္အရ ပိတ္လိုက္တာပါ၊
ကိုဗစ္နဲ႔ပတ္သတ္ၿပီး ေျဖေလ်ာ့ ေပးတဲ့သေဘာပါ”လို႔ တိုင္းအစိုးရအဖြဲ႕ကေျပာေရးဆိုခြင့္ရွိသူ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီးဦး၀င္းေဌးကေျပာပါတယ္ ။

ဧရာ၀တီတိုင္းရဲ႕အဓိက၀င္ေပါက္ေတြမွာ Covid-19စစ္ေဆးေရးဂိတ္ ၆ ဂိတ္ နဲ႔က်န္တဲ့ၿမိဳ႕ေတြမွာလည္း ၿမိဳ႕အ၀င္စစ္ေဆးေရးဂိတ္ေတြထားရွိၿပီး ဌာနဆိုင္ရာေတြနဲ႔ေစတနာ့၀န္ထမ္းေတြက လုပ္ေဆာင္ေပးခဲ့ၾကတာျဖစ္ပါတယ္။

ဧရာ၀တီတိုင္းမွာ မေလးရွားနိင္ငံကျပန္လာၿပီး ပုသိမ္တကၠသိုလ္၊ ေတဇေဆာင္မွာေစာင့္ၾကည့္မူခံယူခဲ့တဲ့ အမ်ိဳးသား၂ဦးဆီကေန covid-19ပိုးေတြ႕ရွိခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ တိုင္းအတြင္းမွာ ပိုးေတြ႕လူနာမရွိေတာ့ဘူးလို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဧရာဝတီတိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW