အမြန်လမ်းမှာဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို အုတ်တွင်းမြို့ဆေးရုံ ICUမှာ ကန့်သတ်ထားရှိ

အမြန်လမ်းမှာဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို အုတ်တွင်းမြို့ဆေးရုံ ICUမှာ ကန့်သတ်ထားရှိ

နေပြည်တော်၊ စက်တင်ဘာ ၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်-၁၂၅အနီးမှာ ဒီကနေ့မနက် ၃ နာရီ‌ခန့်က ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃ဦးကို အုတ်တွင်းမြို့နယ် ဆေးရုံကြီးမှာဖွင့်ထားတဲ့ ICU‌ ဆောင်မှာ ကန့်သတ်ထားရှိတယ်လို့ အုတ်တွင်းမြို့နယ် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းကနေ သိရပါတယ်။

” တာဝန်ရှိသူတွေရောက်တော့ သုံးဦးက ထွက်ပြေးသွားတယ်။ အခုမိထားတဲ့ မိသားစုဝင် သုံးဦးကို နှာခေါင်းတို့ပတ်နမူနာ ယူစစ်ဆေးမယ်။ သူတို့တွေ ရခိုင်ပြည်နယ်၊ ကျောက်တော်ကနေ သန်လျင်ရောက်နေတာ သုံးလလောက်ရှိပြီ။ အခုကျောက်တော်ပြန်ဖို့ ကားငှားလာတာ၊ ဒီနားမှာချသွားတာလို့ပြောတယ်”လို့ ‌အုတ်တွင်း‌ဆေးရုံကိုပို့‌ပေးခဲ့တဲ့ ရင်ခုန်သံရှင်
ရေးကူညီမှုအသင်းနာယကဆရာတော် ဦးတေဇသီရိက မိန့်ကြားပါတယ်။

မသင်္ကာဖွယ် အမည်မသိသူအချို့ ရောက်နေတယ်ဆိုတဲ့ သတင်းအရ အုတ်တွင်းမြို့နယ် Covid-19 ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီက သွားရောက်စစ်ဆေးရာမှာတော့ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ဦး နဲ့ ကလေးငယ်တစ်ဦးကိုတွေ့ရှိခဲ့ရပြီး ကျန်တဲ့ အမျိုးသားသုံးဦးဟာ အခင်းဖြစ်နေရာအနီးက တောထဲကို ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာက ထွက်ပြေးသွားတဲ့ အသက် ၃၀ အရွယ် နိုင်ငံသားအထောက်အထားမဲ့သူ ၂ဦးနဲ့ အသက်၂၀ အရွယ် အမျိုးသား ၁ဦးကို ကျွဲပွဲနယ်မြေရဲစခန်း၊ ညောင်ခြေထောက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက တောနင်းရှာဖွေ‌နေတယ်လို့ ကျွဲပွဲနယ်‌မြေရဲစခန်းကနေ သိရပါတယ်။

” စခန်းနှစ်ခု ပေါင်းရှာဖွေနေဆဲပါ။ ခုထိ အရိပ်ယောင် မတွေ့ရသေးဘူး။ နယ်မြေခံကျေးရွာသားတွေကိုလည်း အသိပေးထားတယ်”လို့ ကျွဲပွဲနယ်‌မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းလှိုင်ဝင်းကပြောပါတယ်။

အဲ့ဒီနိုင်ငံသားအထောက်အထားမဲ့သူ ၆ဦးဟာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ထဲက ဗလီတစ်ခုမှာ သုံးလနီးပါးနေထိုင်ခဲ့ကြပြီး စက်တင်ဘာ ၃ ရက်နေ့မှာ ကားတစ်စီးကို ငွေ ၅
သိန်း‌ပေးငှားရမ်းကာ ကျောက်တော်ကိုပြန်လာတာဖြစ်ပါတယ်။ အမြန်လမ်းမိုင်တိုင်အမှတ် ၁၂၅ အနီးမှာ ကားသမားက ချထားပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

အျမန္လမ္းမွာဖမ္းမိတဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူေတြကို အုတ္တြင္းၿမိဳ႕ေဆး႐ုံ ICUမွာ ကန႔္သတ္ထားရွိ

ေနျပည္ေတာ္၊ စက္တင္ဘာ ၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္တိုင္-၁၂၅အနီးမွာ ဒီကေန႔မနက္ ၃ နာရီ‌ခန္႔က ဖမ္းမိခဲ့တဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူ ၃ဦးကို အုတ္တြင္းၿမိဳ႕နယ္ ေဆး႐ုံႀကီးမွာဖြင့္ထားတဲ့ ICU‌ ေဆာင္မွာ ကန႔္သတ္ထားရွိတယ္လို႔ အုတ္တြင္းၿမိဳ႕နယ္ ရင္ခုန္သံရွင္ေရးကူညီမႈအသင္းကေန သိရပါတယ္။

” တာဝန္ရွိသူေတြေရာက္ေတာ့ သုံးဦးက ထြက္ေျပးသြားတယ္။ အခုမိထားတဲ့ မိသားစုဝင္ သုံးဦးကို ႏွာေခါင္းတို႔ပတ္နမူနာ ယူစစ္ေဆးမယ္။ သူတို႔ေတြ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ကေန သန္လ်င္ေရာက္ေနတာ သုံးလေလာက္ရွိၿပီ။ အခုေက်ာက္ေတာ္ျပန္ဖို႔ ကားငွားလာတာ၊ ဒီနားမွာခ်သြားတာလို႔ေျပာတယ္”လို႔ ‌အုတ္တြင္း‌ေဆးရံုကိုပို႔‌ေပးခဲ့တဲ့ ရင္ခုန္သံရွင္
ေရးကူညီမႈအသင္းနာယကဆရာေတာ္ ဦးေတဇသီရိက မိန႔္ၾကားပါတယ္။

မသကၤာဖြယ္ အမည္မသိသူအခ်ိဳ႕ ေရာက္ေနတယ္ဆိုတဲ့ သတင္းအရ အုတ္တြင္းၿမိဳ႕နယ္ Covid-19 ထိန္းခ်ဳပ္ကာကြယ္ကုသေရးေကာ္မတီက သြားေရာက္စစ္ေဆးရာမွာေတာ့ ႏိုင္ငံသားအေထာက္အထားမဲ့ အမ်ိဳးသား ၁ ဦး၊ အမ်ိဳးသမီး ၁ဦး နဲ႔ ကေလးငယ္တစ္ဦးကိုေတြ႕ရွိခဲ့ရၿပီး က်န္တဲ့ အမ်ိဳးသားသုံးဦးဟာ အခင္းျဖစ္ေနရာအနီးက ေတာထဲကို ထြက္ေျပးလႊတ္ေျမာက္သြားတယ္လို႔ သိရပါတယ္။

အခင္းျဖစ္ေနရာက ထြက္ေျပးသြားတဲ့ အသက္ ၃၀ အ႐ြယ္ ႏိုင္ငံသားအေထာက္အထားမဲ့သူ ၂ဦးနဲ႔ အသက္၂၀ အ႐ြယ္ အမ်ိဳးသား ၁ဦးကို ကြၽဲပြဲနယ္ေျမရဲစခန္း၊ ေညာင္ေျခေထာက္နယ္ေျမရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ လူမႈကူညီေရးအသင္းေတြက ေတာနင္းရွာေဖြ‌ေနတယ္လို႔ ကြၽဲပြဲနယ္‌ေျမရဲစခန္းကေန သိရပါတယ္။

” စခန္းႏွစ္ခု ေပါင္းရွာေဖြေနဆဲပါ။ ခုထိ အရိပ္ေယာင္ မေတြ႕ရေသးဘူး။ နယ္ေျမခံေက်း႐ြာသားေတြကိုလည္း အသိေပးထားတယ္”လို႔ ကြၽဲပြဲနယ္‌ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္သန္းလႈိင္ဝင္းကေျပာပါတယ္။

အဲ့ဒီႏိ္ုင္ငံသားအေထာက္အထားမဲ့သူ ၆ဦးဟာ ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္ထဲက ဗလီတစ္ခုမွာ သုံးလနီးပါးေနထိုင္ခဲ့ၾကၿပီး စက္တင္ဘာ ၃ ရက္ေန႔မွာ ကားတစ္စီးကို ေငြ ၅
သိန္း‌ေပးငွားရမ္းကာ ေက်ာက္ေတာ္ကိုျပန္လာတာျဖစ္ပါတယ္။ အျမန္လမ္းမိုင္တိုင္အမွတ္ ၁၂၅ အနီးမွာ ကားသမားက ခ်ထားၿပီး ထြက္ေျပးသြားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW