အင်းစိန်ထောင်ဝင်စာကို ဧည့်တွေ့လက်မခံတော့ဘဲ ပါဆယ်သာခွင့်ပြု
အင်းစိန်ထောင်ဝင်စာကို ဧည့်တွေ့လက်မခံတော့ဘဲ ပါဆယ်သာခွင့်ပြု ရန်ကုန် ၊ စက်တင်ဘာ ၄-၂၀၂၀ ယဉ်ပပထွန်း ( VOM ) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ထဲမှာ covid -19 ရောဂါကာကွယ်ရန်အတွက် ထောင်အတွင်းကို ဧည့်တွေ့ခွင့်မပေးတော့ဘဲ ပါဆယ်ပေးသွင်းခွင့်ကိုသာ ဒီကနေ့မှာ စတင်လိုက်တယ်လို့အင်းစိန်ဗဟိုအကျဉ်းထောင်က ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန် ကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ ကူးစက်မူနူန်းမြန်ဆန်နေတဲ့အတွက် အကျဉ်းထောင်အတွင်း ကူးစက်ပျံပွားမူတွေ မဖြစ်ပေါ်စေရေးအတွက် ထောင်ဝင်စာတွေ့ဆုံခြင်းကို ကန့်သတ်လိုက်တာဖြစ်ပြီး ပါဆယ် ပေးသွင်းခွင့်ကိုသာ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ နှစ်ပတ်ကို ၁ ကြိမ် | ၁ ကြိမ်မှာ လူတစ်ဦးနူန်းနဲ့ ဧည့်မတွေ့၊ပါဆယ်ပစ္စည်းတွေကို လက်ခံဆောက်ရွက်ပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ” ဧည့်မတွေ့ရဆိုတော့ အဆင်မပြေဘူးပေါ့ဗျာ ။ ထောင်ဝင်စာသွားတွေ့တဲ့အခါမှာ ဟိုဘက်က ဘာလိုအပ်တယ်ဆိုတာလေးတွေ နောက်တစ်လလောက်မှာ တွေ့တဲ့အခါ လိုအပ်တာတွေ ထည့်ပေးလို့အဆင်ပြေတယ်လေ ။ ပါဆယ်ဆိုတော့လည်း ဂိတ်မှာပဲထားခဲ့ရတာပါ ။…
Read More
ကိုဗစ်-၁၉ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုမှာ လူနာ ၁ဦး သေဆုံး
ကိုဗစ်-၁၉ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုမှာ လူနာ ၁ဦး သေဆုံး ရန်ကုန်၊ စက်တင်ဘာ ၄-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်တွင်းကူးစက်ခံထားရတဲ့ ကိုဗစ်လူနာအမှတ်-၁၀၂၃ ဟာ မနေ့ စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းက သေဆုံးသွားပြီဖြစ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ လူနာဟာ နဂိုထဲက ရောဂါအခံရှိသူဖြစ်သလို ကိုဗစ်-၁၉ ရောဂါပါ ကူးစက်ခံထားရတာကြောင့် သေဆုံးရခြင်းဖြစ်ပြီး သေဆုံးသူဟာ ပြည်ပကို ခရီးသွားရာဇဝင်မရှိသလို ကိုဗစ်အတည်ပြုလူနာနဲ့လည်း ထိတွေ့မှုမရှိဘဲ ကူးစက်ခံထားရသူ ဖြစ်ပါတယ်။ ” လူနာ-၁၀၂၃က အမျိုးသမီးဖြစ်တယ်။ အရေပြား လေးဘက်နာအခံရှိတယ်၊ အဆုပ်မကောင်းဘူး၊ မန္တလေးမှာ ၈ လပိုင်း ၁၄ ရက်က ဆေးကုသမှုရှိခဲ့တယ်။ သွေးသန့်စင်ဖို့ လိုတဲ့အနေအထား၊ ဒါပေမယ့် ဆက်မလုပ်တော့ဘဲ ပြန်ဆင်းလာတယ်၊ နောက် အိမ်မှာဖျားတယ်၊ ချောင်းဆိုးတယ်၊ ရောဂါလက္ခဏာတွေဖြစ်လို့…
Read More
ကိုဗစ်အတည်ပြုလူနာတွေ့ထားတဲ့ မင်္ဂလာဒုံက EMCစက်ရုံကို ယာယီပိတ်ဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်လည်ပတ်နေ
ကိုဗစ်အတည်ပြုလူနာတွေ့ထားတဲ့ မင်္ဂလာဒုံက EMCစက်ရုံကို ယာယီပိတ်ဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်လည်ပတ်နေ ရန်ကုန် ၊စက်တင်ဘာ ၄-၂၀၂၀ သိင်္ဂီ (VOM) မင်္ဂလာဒုံမြို့နယ်က လုပ်သားအင်အား ၅၀၀၀ နီးပါးရှိတဲ့ စက်ရုံတစ်ခုမှာ ကိုဗစ် အတည်ပြုလူနာ တွေ့ရှိထားတဲ့အတွက် စက်ရုံကိုယာယီပိတ်ထားဖို့ ညွှန်ကြားစာထွက်နေပေမယ့် စက်ရုံကတော့ လည်ပတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ” စက်ရုံက ခုထိတော့မပိတ်သေးပါဘူး။ ဖွင့်နေဆဲပါ။ ကျန်တဲ့ အသေးစိတ်အခြေအနေကိုတော့ သေချာမသိသေးပါဘူး၊ ” လို့ EMCစက်ရုံဘက်က ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ လက်ရှိမှာ EMC စက်ရုံကို ယာယီပိတ်ဖို့အတွက် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားစာထွက်ထားပေမယ့် စက်ရုံဘက်က အလုပ်ကိုပိတ်ထားတာမရှိဘဲ ဆက်လက်ဖွင့်လှစ်နေပြီး အလုပ်မဆင်းလို့မရကြောင်း ပြောဆိုနေသလို အလုပ်သမားတွေနေထိုင်ရာ ပတ်ဝန်းကျင် ၊ နေအိမ်၊ အဆောင်ပိုင်ရှင်တွေကလည်း အလုပ်သွားရောက်ပါက အိမ်မှာလက်မခံဘူးလို့် ပြောဆိုတာတွေရှိနေတာကြောင့် အခက်အခဲတွေ ဖြစ်နေပါတယ်။ ” မနေ့က ဝန်ကြီးလာစစ်ဆေးတယ်။…
Read More
သင်္ဃန်းကျွန်းက ကိုဗစ်လူနာနှစ်ဦးဟာ စားသောက်ဆိုင်ဝန်ထမ်းတွေဖြစ်နေ
သင်္ဃန်းကျွန်းက ကိုဗစ်လူနာနှစ်ဦးဟာ စားသောက်ဆိုင်ဝန်ထမ်းတွေဖြစ်နေ ရန်ကုန်၊စက်တင်ဘာ ၄-၂၀၂၀ အေးချမ်းသူ(VOM) ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်စာရင်းမှာ ပါဝင်လာတဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ထပ်တိုး ကိုဗစ်အတည်ပြုလူနာနှစ်ဦးဟာ KTV ၊ မာဆတ်နဲ့ စားသောက်ဆိုင်တို့ တွဲဖွင့်ထားတဲ့ Music ဇုန်က ဝန်ထမ်းတွေဖြစ်တဲ့အတွက် အဲ့ဒီဆိုင်ကို အသွားအလာကန့်သတ်ထားတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။ ကိုဗစ်အတည်ပြု လူနာအမှတ်-၁၀၆၁ ( မ ၃၂ နှစ်) နဲ့ ၁၀၆၂ (မ ၂၅ နှစ်)တို့ဟာ ကိုဗစ်အတည်ပြုလူနာအမှတ်-၇၄၁ နဲ့ ဆက်စပ်သူတွေဖြစ်ပြီး အသွားအလာကန့်သတ်ထားသူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဦးပြောပြတာက ” Music ဇုန်က ဝန်ထမ်းတွေဗျ ၊ အဲ့ဒီမှာ ဝန်ထမ်း ၁၀၀ကျော် ရှိတဲ့အနက်မှာ တစ်ယောက်က စာရင်းကိုင်ဖြစ်တယ်လို့ သိရတယ်။ သူတို့နှစ်ယောက်က…
Read More
ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၂ ဦးကို ဆက်သွယ်ရေးစကားပြောစက် ကိုင်ဆောင်မှုနဲ့ အမှုဖွင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၂ ဦးကို ဆက်သွယ်ရေးစကားပြောစက် ကိုင်ဆောင်မှုနဲ့ အမှုဖွင့် မုံရွာ ၊ စက်တင်ဘာ ၊ ၄ – ၂၀၂၀ သက်စမ်းရေ(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်ကွက်လုံခြုံရေးတာဝန်ထမ်းဆောင်မယ့် စေတနာ့ဝန်ထမ်း (၁၂)ဦးကို ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး စကားပြောစက်တွေကို လက်ဝယ်ထား ကိုင်ဆောင်အသုံးပြုမှုနဲ့ အမှုဖွင့်အရေးယူခံရတယ်လို့ အမှုဖွင့်ခံရတဲ့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ “ ရပ်ကွက်လုံခြုံရေး စေတနာ့ဝန်ထမ်း ကလေးတွေဖြစ်တယ် ၊ လုံခြုံရေးအဖွဲ့အတွက် လုပ်ပေးလိုက်တာပါ ၊ စင်ပြိုင်လိုတဲ့ သဘောဆန္ဒ ဘာတစ်ခုမှ မပါဘူး ၊ ကျနော့်ဘက်က စေတနာအမှားဖြစ်သွားတာပါ ၊ အဲ့ဒီ ပြောက်ကျားဝတ်စုံကလဲ အမှတ်(၂) ရဲစခန်းနားက လေဘေးဆိုင်ကဝယ်တာဖြစ်တယ် ၊ အနက်ရောင်ဆေး ဆိုးပြီးမှ ဝတ်ကျဖို့ ကျနော်က ဆေးတွေကို ဝယ်ပေးထားတယ်…
Read More
အမြန်လမ်းမှာဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို အုတ်တွင်းမြို့ဆေးရုံ ICUမှာ ကန့်သတ်ထားရှိ
အမြန်လမ်းမှာဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို အုတ်တွင်းမြို့ဆေးရုံ ICUမှာ ကန့်သတ်ထားရှိ နေပြည်တော်၊ စက်တင်ဘာ ၄-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်-၁၂၅အနီးမှာ ဒီကနေ့မနက် ၃ နာရီ‌ခန့်က ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃ဦးကို အုတ်တွင်းမြို့နယ် ဆေးရုံကြီးမှာဖွင့်ထားတဲ့ ICU‌ ဆောင်မှာ ကန့်သတ်ထားရှိတယ်လို့ အုတ်တွင်းမြို့နယ် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းကနေ သိရပါတယ်။ ” တာဝန်ရှိသူတွေရောက်တော့ သုံးဦးက ထွက်ပြေးသွားတယ်။ အခုမိထားတဲ့ မိသားစုဝင် သုံးဦးကို နှာခေါင်းတို့ပတ်နမူနာ ယူစစ်ဆေးမယ်။ သူတို့တွေ ရခိုင်ပြည်နယ်၊ ကျောက်တော်ကနေ သန်လျင်ရောက်နေတာ သုံးလလောက်ရှိပြီ။ အခုကျောက်တော်ပြန်ဖို့ ကားငှားလာတာ၊ ဒီနားမှာချသွားတာလို့ပြောတယ်”လို့ ‌အုတ်တွင်း‌ဆေးရုံကိုပို့‌ပေးခဲ့တဲ့ ရင်ခုန်သံရှင် ရေးကူညီမှုအသင်းနာယကဆရာတော် ဦးတေဇသီရိက မိန့်ကြားပါတယ်။ မသင်္ကာဖွယ် အမည်မသိသူအချို့ ရောက်နေတယ်ဆိုတဲ့ သတင်းအရ အုတ်တွင်းမြို့နယ် Covid-19 ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီက သွားရောက်စစ်ဆေးရာမှာတော့ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသား ၁ ဦး၊…
Read More
克伦邦首席省长因违反法律而被下令免职
克伦邦首席省长因违反法律而被下令免职 Lei Lei Win(VOM) 克伦邦首席部长U L phaung Sho 由总统选举产生宪法第263条第(5)款的第2条; 在9月3日,他被下令免职。 州议会议员Khu Thae Ral表示,在对有关他购买土地和机器以及州议会四分之一的指控进行调查之后,总统签署了他免职。 总理没有访问关于此事的调查委员会,在调查结束后9月1日,州议会上有4票反对,有14票赞成的表决方式,要求克伦邦首席部长下台。 全国民主联盟(NLD)中央委员会发表声明称,这一决定是根据法律做出来的。据说是对克伦议长的个人不满。写着:“控诉过程中,据认为,这是在没有适当行动的情况下对个人进行的侵略,并且宣布将对此事件进行监视。” 克耶邦首席部长U L phaung Sho 在其社交媒体页面上写道:“我了解这种情况,并对上级的决定感到满意,我要感谢自2016年上任以来与我合作的所有人。” 全国民主联盟(NLD)民盟副主席 Dr.Zaw Myint Maung说:“有个错误的理念就是原告必须有四分之一,其中一名原告因为不想涉案而离开了;另一件事是调查小组也离开了。在任何理念中都不存在的。 宪法第(5)章;根据《宪法》第263 (b)条的规定,成立了一个五人调查小组,调查国家立法机构四分之一成员弹劾国家首席部长一事。 根据邦立法机构的一份声明,四分之一的邦立法委员指责邦首席部长允许克伦土地用于商业活动,以及政府在购买和租赁重型机械方面缺乏透明度。 尽管因为这件事情,但还是会在11月份的选举中,U L phaung Sho 会正常在克伦议会上,Mae Sae乡的第二选区再次参加竞选。 #voiceofmyanmar #VOM #克伦邦首席省长因违反法律而被下令免职
Read More
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကိုဗစ်ရောဂါကိစ္စရပ်တွေအပေါ် အကြံပြုတာမျိုးမရှိဘဲ လုံခြုံရေးပိုင်းဆိုင်ရာအကြံပြုချက်များသာရှိ 
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကိုဗစ်ရောဂါကိစ္စရပ်တွေအပေါ် အကြံပြုတာမျိုးမရှိဘဲ လုံခြုံရေးပိုင်းဆိုင်ရာအကြံပြုချက်များသာရှိ နေပြည်တော်၊ စက်တင်ဘာ ၄-၂၀၂၀ စွမ်းရဲထွဋ် (VOM) လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အကြံပြုချက်များသာရှိပြီး ကိုဗစ်-၁၉ဆိုင်ရာ ကိစ္စရပ်တွေအပေါ် အကြံပြုတာမျိုးမရှိခဲ့ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့မနက်ပိုင်း နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။ “တပ်မတော်အနေနဲ့ တစ်ခုပဲရှိတယ်။ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်လာလို့ရှိရင် အကြံပြုနိုင်တာ၊ အကြံပြုတာရှိမယ်။ ကိုဗစ်ကာလနဲ့ပတ်သက်ပြီး အကြံပြုထားတာမရှိဘူး။ လုံခြုံရေးနဲ့ပတ်သက်လို့ အကြံပြုထားတာရှိတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။ အကြံပြုထားတဲ့နေရာတွေကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီးဖြစ်တဲ့  ‘ဝ’ ဒေသနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မဲဆန္ဒနယ်အချို့ပဲဖြစ်ပါတယ်။ “ရခိုင်ပြည်နယ် အချို့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး လုံခြုံရေးအရ စိုးရိမ်ရတဲ့အနေအထားရှိတယ်ဆိုတာ ပြောထားပြီးဖြစ်တယ်။ အဲ့ဒါတွေကလည်း လက်ရှိ လုံခြုံရေးအနေအထားအရ ဖြစ်ပျက်နေလို့ပဲဖြစ်တယ်။…
Read More
ကချင်ပြည်နယ်ရွေးကောက်ပွဲစောင့်ကြည့်ခွင့် တရားဝင်လျှောက်ထားမှုမရှိသေး
Read More
ကယားဝန်ကြီးချုပ်နဲ့ပတ်သက်လို့ ဥပဒေအတိုင်းလုပ်ဆောင်ခဲ့တယ်လို့ စုံစမ်‌းရေးအဖွဲ့ ဥက္ကဋ္ဌ တုန့်ပြန်
ကယားဝန်ကြီးချုပ်နဲ့ပတ်သက်လို့ ဥပဒေအတိုင်းလုပ်ဆောင်ခဲ့တယ်လို့ စုံစမ်‌းရေးအဖွဲ့ ဥက္ကဋ္ဌ တုန့်ပြန် နေပြည်တော်၊စက်တင်ဘာ ၄-၂၀၂၀ ကောင်းလက်ျာ(VOM) တာဝန်ကနေ ရပ်စဲခံလိုက်ရတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူနဲ့ပတ်သက်လို့ NLDပါတီဗဟို ထုတ်ပြန်ချက်နဲ့ ပါတီရဲ့ဒု-ဥက္ကဋ္ဌ ပြောဆိုမှုတွေဟာ တစ်ပုံစံထဲထွက်လာပေမယ့်လည်း ဥပဒေအတိုင်းသာ မိမိတို့လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ စုံစမ်‌းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ခူးသဲရယ်က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ ” တိုင်းပြည်အကျိုးနဲ့ ပြည်နယ်အကျိုးကို ရှေးရှူလုပ်ဆောင်ခဲ့တာပါ။ မိမိတို့ဘက်က ဘာအာဃာတမှ မရှိသလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရပဲ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ပုဂ္ဂိုလ်အရေး တိုက်ခိုက်တာမဟုတ်ပါဘူး” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်တဲ့ ခူးသဲရယ်က ပြောပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူကို ပြီးခဲ့တဲ့သြဂုတ်လထဲမှာ ကယား‌ဒေးကွင်း‌မြ‌နေရာကို လုပ်ငန်းရှင်တွေကိုချပေးတဲ့ကိစ္စနဲ့ စက်ယန္တယားဝယ်ယူရေးကိစ္စတွေမှာ အဂတိရှိတယ်လို့ ယူဆတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက စွပ် စွဲပြစ်တင်တဲ့ကိစ္စ စုံစမ်းစစ်‌ဆေးမှုအပြီး စက်တင်ဘာလ ၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတကနေ တာဝန်ရပ်စဲပေးခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီပြဿနာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီကို ကယားပြည်နယ်ဝန်ကြီးချုပ်…
Read More
VOM News
FREE
VIEW