ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၂ ဦးကို ဆက်သွယ်ရေးစကားပြောစက် ကိုင်ဆောင်မှုနဲ့ အမှုဖွင့်

ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၂ ဦးကို ဆက်သွယ်ရေးစကားပြောစက် ကိုင်ဆောင်မှုနဲ့ အမှုဖွင့်

မုံရွာ ၊ စက်တင်ဘာ ၊ ၄ – ၂၀၂၀
သက်စမ်းရေ(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်ကွက်လုံခြုံရေးတာဝန်ထမ်းဆောင်မယ့် စေတနာ့ဝန်ထမ်း (၁၂)ဦးကို ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး စကားပြောစက်တွေကို လက်ဝယ်ထား ကိုင်ဆောင်အသုံးပြုမှုနဲ့ အမှုဖွင့်အရေးယူခံရတယ်လို့ အမှုဖွင့်ခံရတဲ့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

“ ရပ်ကွက်လုံခြုံရေး စေတနာ့ဝန်ထမ်း ကလေးတွေဖြစ်တယ် ၊ လုံခြုံရေးအဖွဲ့အတွက် လုပ်ပေးလိုက်တာပါ ၊ စင်ပြိုင်လိုတဲ့ သဘောဆန္ဒ ဘာတစ်ခုမှ မပါဘူး ၊ ကျနော့်ဘက်က စေတနာအမှားဖြစ်သွားတာပါ ၊ အဲ့ဒီ ပြောက်ကျားဝတ်စုံကလဲ အမှတ်(၂) ရဲစခန်းနားက လေဘေးဆိုင်ကဝယ်တာဖြစ်တယ် ၊ အနက်ရောင်ဆေး ဆိုးပြီးမှ ဝတ်ကျဖို့ ကျနော်က ဆေးတွေကို ဝယ်ပေးထားတယ် ၊ ရုံးရှေ့မှာ ဂရုဖိုတို အမှတ်တရ ရိုက်ရင်းက facebook ပေါ်ရောက်သွားတာတော့ ပြန့်သွားတာပေါ့ ၊ အခုဆို ကလေးတွေက ရပ်ကွက်လုံးခြုံရေးအ တွက် စိတ်ဓာတ်ပျက်ပြားကုန်ပြီ ”လို့ အမှုဖွင့်ခံရတဲ့ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောပါတယ်။

အဲ့ဒီအမှုကို မုံရွာနယ်မြေရဲစခန်းက တရားလိုပြုလုပ် တိုင်တန်းခဲ့တာဖြစ်ပြီး ရဲစခန်းက ပထမသတင်းပေးတိုင်တန်းချက် အမှတ် (၃၄၄ /၂၀၂၀ ) ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အရ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ စက်တင်ဘာ ၃ရက်နေ့ညပိုင်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုသွားရောက်ပြီး ရပ်ကွက်လုံခြုံရေးအတွက် အသုံးပြုကိုင်ဆောင်မယ့် အစိမ်းရောင် ပြောက်ကျားဝတ်စုံ (၁၄)စုံ ကာလတန်ဖိုး ၁၀၅၀၀၀ ကျပ် ၊ လုံခြုံရေးအဖွဲ့ စာတမ်းပါ လက်မောင်းဘက်တံဆိပ် (၁၄)စုံ တန်ဖိုး ၁၄၀၀ ကျပ် ၊ အစိမ်းရောင် ပြောက်ကျား ရှာထိုးဦးထုပ် (၁၄) လုံး တန်ဘိုး ၂၈၀၀၀ ကျပ် နဲ့ P2P အမှတ်တံဆိပ် နဲ့ l ETONG အမှတ်တံဆိပ်ပါ စကားပြောစက် (၁၁) လုံး တန်ဘိုး ၇၇၀၀၀၀ ကျပ်တို့ကို သက်သေတွေနဲ့အတူ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

Photo – လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေတဲ့ ထန်းတောရပ်ကွက် လုံခြုံရေးအဖွဲ့
#voiceofmyanmar #VOM #မုံရွာ

Zawgyi

ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ လူ ၁၂ ဦးကို ဆက္သြယ္ေရးစကားေျပာစက္ ကိုင္ေဆာင္မႈနဲ႔ အမႈဖြင္႔

မံုရြာ ၊ စက္တင္ဘာ ၊ ၄ – ၂၀၂၀
သက္စမ္းေရ(VOM)

စစ္ကိုင္းတိုင္း၊ မံုရြာျမိဳ႕၊ ထန္းေတာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ ရပ္ကြက္လံုျခံဳေရးတာ၀န္ထမ္းေဆာင္မယ္႔ ေစတနာ႔၀န္ထမ္း (၁၂)ဦးကို ခြင္႔ျပဳခ်က္မရွိဘဲ ဆက္သြယ္ေရး စကားေျပာစက္ေတြကို လက္၀ယ္ထား ကိုင္ေဆာင္အသံုးျပဳမႈနဲ႔ အမႈဖြင္႔အေရးယူခံရတယ္လို႔ အမႈဖြင္႔ခံရတဲ႔ အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

“ ရပ္ကြက္လံုျခံဳေရး ေစတနာ႔၀န္ထမ္း ကေလးေတြျဖစ္တယ္ ၊ လံုျခံဳေရးအဖြဲ႔အတြက္ လုပ္ေပးလိုက္တာပါ ၊ စင္ျပိဳင္လိုတဲ႔ သေဘာဆႏၵ ဘာတစ္ခုမွ မပါဘူး ၊ က်ေနာ္႔ဘက္က ေစတနာအမွားျဖစ္သြားတာပါ ၊ အဲ႔ဒီ ေျပာက္က်ား၀တ္စံုကလဲ အမွတ္(၂) ရဲစခန္းနားက ေလေဘးဆိုင္က၀ယ္တာျဖစ္တယ္ ၊ အနက္ေရာင္ေဆး ဆိုးျပီးမွ ၀တ္က်ဖို႔ က်ေနာ္က ေဆးေတြကို ၀ယ္ေပးထားတယ္ ၊ ရံုးေရွ႔မွာ ဂရုဖိုတို အမွတ္တရ ရိုက္ရင္းက facebook ေပၚေရာက္သြားတာေတာ႔ ျပန္႔သြားတာေပါ႔ ၊ အခုဆို ကေလးေတြက ရပ္ကြက္လံုးျခံဳေရးအ တြက္ စိတ္ဓာတ္ပ်က္ျပားကုန္ျပီ ”လို႔ အမႈဖြင္႔ခံရတဲ႔ ထန္းေတာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးညိဳ၀င္းက ေျပာပါတယ္။

အဲ႔ဒီအမႈကို မံုရြာနယ္ေျမရဲစခန္းက တရားလိုျပဳလုပ္ တိုင္တန္းခဲ႔တာျဖစ္ျပီး ရဲစခန္းက ပထမသတင္းေပးတိုင္တန္းခ်က္ အမွတ္ (၃၄၄ /၂၀၂၀ ) ၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ အရ အမႈဖြင္႔အေရးယူထားတာျဖစ္ပါတယ္။

ဒါ႔အျပင္ မေန႔ စက္တင္ဘာ ၃ရက္ေန႔ညပိုင္းက ရဲတပ္ဖြဲ႔၀င္ေတြဟာ ထန္းေတာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးကိုသြားေရာက္ျပီး ရပ္ကြက္လံုျခံဳေရးအတြက္ အသံုးျပဳကိုင္ေဆာင္မယ္႔ အစိမ္းေရာင္ ေျပာက္က်ား၀တ္စံု (၁၄)စံု ကာလတန္ဖိုး ၁၀၅၀၀၀ က်ပ္ ၊ လံုျခံဳေရးအဖြဲ႔ စာတမ္းပါ လက္ေမာင္းဘက္တံဆိပ္ (၁၄)စံု တန္ဖိုး ၁၄၀၀ က်ပ္ ၊ အစိမ္းေရာင္ ေျပာက္က်ား ရွာထိုးဦးထုပ္ (၁၄) လံုး တန္ဘိုး ၂၈၀၀၀ က်ပ္ နဲ႔ P2P အမွတ္တံဆိိပ္ နဲ႔ l ETONG အမွတ္တံဆိပ္ပါ စကားေျပာစက္ (၁၁) လံုး တန္ဘိုး ၇၇၀၀၀၀ က်ပ္တို႔ကို သက္ေသေတြနဲ႔အတူ သိမ္းဆည္းခဲ႔တယ္လို႔ သိရပါတယ္။

Photo – လူမႈကြန္ယက္ေပၚမွာ ျပန္႔ႏွံ႔ေနတဲ႔ ထန္းေတာရပ္ကြက္ လံုျခံဳေရးအဖြဲ႔
#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW