ကယားဝန်ကြီးချုပ်နဲ့ပတ်သက်လို့ ဥပဒေအတိုင်းလုပ်ဆောင်ခဲ့တယ်လို့ စုံစမ်‌းရေးအဖွဲ့ ဥက္ကဋ္ဌ တုန့်ပြန်

ကယားဝန်ကြီးချုပ်နဲ့ပတ်သက်လို့ ဥပဒေအတိုင်းလုပ်ဆောင်ခဲ့တယ်လို့ စုံစမ်‌းရေးအဖွဲ့ ဥက္ကဋ္ဌ တုန့်ပြန်

နေပြည်တော်၊စက်တင်ဘာ ၄-၂၀၂၀
ကောင်းလက်ျာ(VOM)

တာဝန်ကနေ ရပ်စဲခံလိုက်ရတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူနဲ့ပတ်သက်လို့ NLDပါတီဗဟို ထုတ်ပြန်ချက်နဲ့ ပါတီရဲ့ဒု-ဥက္ကဋ္ဌ ပြောဆိုမှုတွေဟာ တစ်ပုံစံထဲထွက်လာပေမယ့်လည်း ဥပဒေအတိုင်းသာ မိမိတို့လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ စုံစမ်‌းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ခူးသဲရယ်က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

” တိုင်းပြည်အကျိုးနဲ့ ပြည်နယ်အကျိုးကို ရှေးရှူလုပ်ဆောင်ခဲ့တာပါ။ မိမိတို့ဘက်က ဘာအာဃာတမှ မရှိသလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရပဲ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ပုဂ္ဂိုလ်အရေး တိုက်ခိုက်တာမဟုတ်ပါဘူး” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
လည်းဖြစ်တဲ့ ခူးသဲရယ်က ပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူကို ပြီးခဲ့တဲ့သြဂုတ်လထဲမှာ ကယား‌ဒေးကွင်း‌မြ‌နေရာကို လုပ်ငန်းရှင်တွေကိုချပေးတဲ့ကိစ္စနဲ့ စက်ယန္တယားဝယ်ယူရေးကိစ္စတွေမှာ အဂတိရှိတယ်လို့ ယူဆတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက စွပ်
စွဲပြစ်တင်တဲ့ကိစ္စ စုံစမ်းစစ်‌ဆေးမှုအပြီး စက်တင်ဘာလ ၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတကနေ တာဝန်ရပ်စဲပေးခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီပြဿနာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီကို ကယားပြည်နယ်ဝန်ကြီးချုပ် က လာရောက်စစ်ဆေးမခံပေမယ့် စုံစမ်းမှုတွေပြီးသွားချိန် စက်တင်ဘာ ၁ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ (၄)မဲ၊ ‌ထောက်ခံမဲ (၁၄)မဲနဲ့ အတည်ပြုခဲ့တာကြောင့် တာဝန်ကနေ ရပ်ဆိုင်းဖို့ သမ္မတကို တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၃ (၅)၊ ပုဒ်မငယ် (၂)အရ နိုင်ငံတော်သမ္မတဟာ လွှတ်တော်ကတင်ပြလာပါက ဝန်ကြီးချုပ်ကို တာဝန်ကရပ်စဲရမယ်လို့ ဖော်ပြထားတယ်
လို့ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်ခူးသဲရယ်ပြောပြချက်အရ သိရတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပုဒ်မ ၂၆၃(ခ)အရပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌အရေအတွက် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးတင်ပြလာတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ကိစ္စနဲ့စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်းမှာ အဖွဲ့ဝင် တစ်ဦးက အဖွဲ့ထဲကနုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ ၃ ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ၂ဦးသာမက အဖွဲ့ဝင်တစ်ဦးကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့တဲ့အပြင် စွပ်စွဲပြစ်တင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးမှာ တစ်ဦးကနုတ်ထွက်သွားတာကြောင့် ဥပဒေအရ လိုအပ်တဲ့အရေအတွက်ပြည့်မီခြင်းမရှိဘူးလို့ NLD ပါတီဗဟိုက မနေ့စက်တင်ဘာ ၃ ရက်နေ့ညနေခင်းမှာပဲ ထောက်ပြဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် NLD ပါတီဗဟိုကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဟာ လာမယ့်‌ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းထပ်မံ‌ရွေးချယ်ခံရတာမျိုးမရှိတဲ့အပေါ် အချိန်ကိုက်ပြီး ပုဂ္ဂိုလ်ရေးအာဃာတနဲ့လုပ်ဆောင်ခဲ့တယ်လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ကယားဝန္ႀကီးခ်ဳပ္နဲ႔ပတ္သက္လို႔ ဥပေဒအတိုင္းလုပ္ေဆာင္ခဲ့တယ္လို႔ စုံစမ္‌းေရးအဖြဲ႕ ဥကၠ႒ တုန႔္ျပန္

ေနျပည္ေတာ္၊စက္တင္ဘာ ၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

တာဝန္ကေန ရပ္စဲခံလုိက္ရတဲ့ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရွိူနဲ႔ပတ္သက္လို႔ NLDပါတီဗဟို ထုတ္ျပန္ခ်က္နဲ႔ ပါတီရဲ႕ဒု-ဥကၠ႒ ေျပာဆိုမႈေတြဟာ တစ္ပုံစံထဲထြက္လာေပမယ့္လည္း ဥပေဒအတိုင္းသာ မိမိတို႔လုပ္ေဆာင္ခဲ့ၾကတာျဖစ္တယ္လို႔ စုံစမ္‌းစစ္ေဆးေရးအဖြဲ႕ဥကၠ႒ ခူးသဲရယ္က တုန႔္ျပန္ေျပာဆိုလိုက္ပါတယ္။

” တိုင္းျပည္အက်ိဳးနဲ႔ ျပည္နယ္အက်ိဳးကို ေရွးရႉလုပ္ေဆာင္ခဲ့တာပါ။ မိမိတို႔ဘက္က ဘာအာဃာတမွ မရွိသလို ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒအရပဲ လုပ္ေဆာင္ခဲ့ၾကတာျဖစ္ၿပီး ပုဂၢိဳလ္အေရး တိုက္ခိုက္တာမဟုတ္ပါဘူး” လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
လည္းျဖစ္တဲ့ ခူးသဲရယ္က ေျပာပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရွိူကို ၿပီးခဲ့တဲ့ၾသဂုတ္လထဲမွာ ကယား‌ေဒးကြင္း‌ျမ‌ေနရာကို လုပ္ငန္းရွင္ေတြကိုခ်ေပးတဲ့ကိစၥနဲ႔ စက္ယႏၲယားဝယ္ယူေရးကိစၥေတြမွာ အဂတိရွိတယ္လို႔ ယူဆတဲ့အတြက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံက စြပ္
စြဲျပစ္တင္တဲ့ကိစၥ စံုစမ္းစစ္‌ေဆးမႈအၿပီး စက္တင္ဘာလ ၃ ရက္ေန႔မွာ ႏိုင္ငံေတာ္သမၼတကေန တာဝန္ရပ္စဲေပးခဲ့တာလည္းျဖစ္ပါတယ္။

အဲ့ဒီျပႆနာနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႔ဆီကို ကယားျပည္နယ္ဝန္ႀကိီးခ်ဳပ္ က လာေရာက္စစ္ေဆးမခံေပမယ့္ စံုစမ္းမႈေတြၿပီးသြားခ်ိန္ စက္တင္ဘာ ၁ ရက္ေန႔က ျပည္နယ္လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ရာ ကန႔္ကြက္မဲ (၄)မဲ၊ ‌ေထာက္ခံမဲ (၁၄)မဲနဲ႔ အတည္ျပဳခဲ့တာေၾကာင့္ တာဝန္ကေန ရပ္ဆိုင္းဖို႔ သမၼတကို တင္ျပခဲ့တာလည္း ျဖစ္ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ၂၆၃ (၅)၊ ပုဒ္မငယ္ (၂)အရ ႏိုင္ငံေတာ္သမၼတဟာ လႊတ္ေတာ္ကတင္ျပလာပါက ဝန္ႀကီးခ်ဳပ္ကို တာဝန္ကရပ္စဲရမယ္လို႔ ေဖာ္ျပထားတယ္
လို႔ျပည္နယ္လႊတ္‌ေတာ္ကိုယ္စားလွယ္ခူးသဲရယ္ေျပာျပခ်က္အရ သိရတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၅)၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ ဥပေဒပုဒ္မ ၂၆၃(ခ)အရျပည္နယ္လႊတ္‌ေတာ္ကိုယ္စားလွယ္‌အေရအတြက္ ေလးပံုတစ္ပံုက လက္မွတ္ေရးထိုးတင္ျပလာတဲ့ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္တဲ့ကိစၥနဲ႔စပ္လ်ဥ္းၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဥကၠ႒နဲ႔ အတြင္းေရးမွဴးအပါအဝင္ အဖြဲ႕ဝင္ ၅ ဦးနဲ႔ ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။

စံုစမ္းစစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္းၿပီးေနာက္ပိုင္းမွာ အဖြဲ႔ဝင္ တစ္ဦးက အဖြဲ႕ထဲကႏုတ္ထြက္သြားခဲ့တာလည္း ျဖစ္ပါတယ္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္တဲ့ ၃ ဦးကို စုံစမ္းစစ္ေဆးေရးအဖြဲ႕ထဲမွာ ဥကၠ႒နဲ႔ အတြင္းေရးမွဴး ၂ဦးသာမက အဖြဲ႕ဝင္တစ္ဦးကိုပါ ထည့္သြင္းဖြဲ႕စည္းခဲ့တဲ့အျပင္ စြပ္စြဲျပစ္တင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးမွာ တစ္ဦးကႏုတ္ထြက္သြားတာေၾကာင့္ ဥပေဒအရ လိုအပ္တဲ့အေရအတြက္ျပည့္မီျခင္းမရွိဘူးလို႔ NLD ပါတီဗဟိုက မေန႔စက္တင္ဘာ ၃ ရက္ေန႔ညေနခင္းမွာပဲ ေထာက္ျပေဝဖန္ခဲ့ပါတယ္။

ဒါ့အျပင္ NLD ပါတီဗဟိုကထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္ထဲမွာ ကယားျပည္နယ္လႊတ္ေတာ္ ဥကၠ႒ဟာ လာမယ့္‌ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းထပ္မံ‌ေ႐ြးခ်ယ္ခံရတာမ်ိဳးမရွိတဲ့အေပၚ အခ်ိ္န္ကိုက္ၿပီး ပုဂၢိဳလ္ေရးအာဃာတနဲ႔လုပ္ေဆာင္ခဲ့တယ္လို႔ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW