ကချင်ပြည်နယ်ရွေးကောက်ပွဲစောင့်ကြည့်ခွင့် တရားဝင်လျှောက်ထားမှုမရှိသေး

ကချင်ပြည်နယ်ရွေးကောက်ပွဲစောင့်ကြည့်ခွင့် တရားဝင်လျှောက်ထားမှုမရှိသေး

မြစ်ကြီးနား၊ စက်တင်ဘာ ၄-၂၀၂၀
ရန်အောင်ထွန်း ( VOM )

ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲစောင့်ကြည့်မယ့်အဖွဲ့တွေ တရားဝင်လျှောက်ထားလာတာ မရှိသေးဘူးလို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့် အဖွဲ့တွေအနေနဲ့ စောင့်ကြည့်လေ့လာရေးအတွက် ရွေးကောက်ပွဲမကျင်းပမီ တစ်လအလိုထိ လျှောက်ထားလို့ ရတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်အထိတော့ ကချင်ပြည်နယ်ရွေးကောက်ပွဲစောင့်ကြည့်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က လာရောက်စုံစမ်းမှုစာ လုပ်ဆောင်လာသေးတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

#voiceofmyanmar #VOM #ကချင်

Zawgyi


ရန်အောင်ထွန်း ( VOM )





Related posts

Leave a Comment

VOM News

FREE
VIEW