သင်္ဃန်းကျွန်းက ကိုဗစ်လူနာနှစ်ဦးဟာ စားသောက်ဆိုင်ဝန်ထမ်းတွေဖြစ်နေ

သင်္ဃန်းကျွန်းက ကိုဗစ်လူနာနှစ်ဦးဟာ စားသောက်ဆိုင်ဝန်ထမ်းတွေဖြစ်နေ

ရန်ကုန်၊စက်တင်ဘာ ၄-၂၀၂၀
အေးချမ်းသူ(VOM)

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်စာရင်းမှာ ပါဝင်လာတဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ထပ်တိုး ကိုဗစ်အတည်ပြုလူနာနှစ်ဦးဟာ KTV ၊ မာဆတ်နဲ့ စားသောက်ဆိုင်တို့ တွဲဖွင့်ထားတဲ့ Music ဇုန်က ဝန်ထမ်းတွေဖြစ်တဲ့အတွက် အဲ့ဒီဆိုင်ကို အသွားအလာကန့်သတ်ထားတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

ကိုဗစ်အတည်ပြု လူနာအမှတ်-၁၀၆၁ ( မ ၃၂ နှစ်) နဲ့ ၁၀၆၂ (မ ၂၅ နှစ်)တို့ဟာ ကိုဗစ်အတည်ပြုလူနာအမှတ်-၇၄၁ နဲ့ ဆက်စပ်သူတွေဖြစ်ပြီး အသွားအလာကန့်သတ်ထားသူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဦးပြောပြတာက ” Music ဇုန်က ဝန်ထမ်းတွေဗျ ၊ အဲ့ဒီမှာ ဝန်ထမ်း ၁၀၀ကျော် ရှိတဲ့အနက်မှာ တစ်ယောက်က စာရင်းကိုင်ဖြစ်တယ်လို့ သိရတယ်။ သူတို့နှစ်ယောက်က တစ်ခန်းထဲမှာ အတူနေကြတာလို့ ပြောတယ်၊ Music Zone KTVကို Lockdownချထားပြီးပါပြီ”လို့ ပြောပါတယ်။

အဲ့ဒီစားသောက်ဆိုင်မှာ ဝန်ထမ်းအင်အားတစ်ရာခန့်ရှိပြီး လက်ရှိအခြေအနေမှာတော့ အသွားအလာကန့်သတ်ထားကာ အဲ့ဒီဆိုင်ကဝန်ထမ်းတွေကို ကွာရန်တင်းဝင်ဖို့အတွက် တိုင်းကျန်းမာရေးဦးစီးမှူးရဲ့ ညွန်ကြားချက်နဲ့ လုပ်ဆောင်ရမှာဖြစ်တဲ့အပြင် နောက်ထပ်ဆက်စပ်မှုတွေကို ဆက်လိုက်အုံးမှာဖြစ်တယ်လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

Music Zoneဆိုင်က ဝန်ထမ်းနှစ်ဦးဟာ ကိုဗစ်အတည်ပြုလူနာအဖြစ် ပထမအသုတ် စစ်ဆေးမှုမှာ ပါဝင်လာခြင်းဖြစ်ပြီး ဆိုင်တစ်ခုလုံးကို မနေ့ညပိုင်းကတည်းက အသွားအလာကန့်သတ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

သဃၤန္းကၽြန္းက ကိုဗစ္လူနာႏွစ္ဦးဟာ စားေသာက္ဆိုင္ဝန္ထမ္းေတြျဖစ္ေန

ရန္ကုန္၊စက္တင္ဘာ ၄-၂၀၂၀
ေအးခ်မ္းသူ(VOM)

က်န္းမာေရး ႏွင့္ အားကစား၀န္ႀကီးဌာနရဲ႔ ဒီကေန႔မနက္ပိုင္းထုတ္ျပန္ခ်က္စာရင္းမွာ ပါ၀င္လာတဲ့ ရန္ကုန္ၿမိဳ႔၊ သဃၤန္းကၽြန္းၿမိဳ႕နယ္က ထပ္တိုး ကိုဗစ္အတည္ျပဳလူနာႏွစ္ဦးဟာ KTV ၊ မာဆတ္နဲ႔ စားေသာက္ဆိုင္တို႔ တြဲဖြင့္ထားတဲ့ Music ဇုန္က ၀န္ထမ္းေတြျဖစ္တဲ့အတြက္ အဲ့ဒီဆိုင္ကုိ အသြားအလာကန္႔သတ္ထားတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

ကုိဗစ္အတည္ျပဳ လူနာအမွတ္-၁၀၆၁ ( မ ၃၂ ႏွစ္) နဲ႔ ၁၀၆၂ (မ ၂၅ ႏွစ္)တို႔ဟာ ကိုဗစ္အတည္ျပဳလူနာအမွတ္-၇၄၁ နဲ႔ ဆက္စပ္သူေတြျဖစ္ၿပီး အသြားအလာကန္႔သတ္ထားသူေတြျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႔ထုတ္ျပန္ခ်က္မွာ ေတြ႔ရပါတယ္။

သဃၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ဦးေမာင္ေမာင္ဦးေျပာျပတာက ” Music ဇုန္က ၀န္ထမ္းေတြဗ် ၊ အဲ့ဒီမွာ ၀န္ထမ္း ၁၀၀ေက်ာ္ ရွိတဲ့အနက္မွာ တစ္ေယာက္က စာရင္းကိုင္ျဖစ္တယ္လို႔ သိရတယ္။ သူတို႔ႏွစ္ေယာက္က တစ္ခန္းထဲမွာ အတူေနၾကတာလို႔ ေျပာတယ္၊ Music Zone KTVကုိ Lockdownခ်ထားၿပီးပါၿပီ”လို႔ ေျပာပါတယ္။

အဲ့ဒီစားေသာက္ဆိုင္မွာ ဝန္ထမ္းအင္အားတစ္ရာခန္႔႐ွိၿပီး လက္႐ွိအေျခအေနမွာေတာ့ အသြားအလာကန္႔သတ္ထားကာ အဲ့ဒီဆိုင္ကဝန္ထမ္းေတြကို ကြာရန္တင္းဝင္ဖို႔အတြက္ တိုင္းက်န္းမာေရးဦးစီးမွဴးရဲ႔ ၫြန္ၾကားခ်က္နဲ႔ လုပ္ေဆာင္ရမွာျဖစ္တဲ့အျပင္ ေနာက္ထပ္ဆက္စပ္မႈေတြကို ဆက္လိုက္အံုးမွာျဖစ္တယ္လို႔ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

Music Zoneဆိုင္က ၀န္ထမ္းႏွစ္ဦးဟာ ကိုဗစ္အတည္ျပဳလူနာအျဖစ္ ပထမအသုတ္ စစ္ေဆးမႈမွာ ပါ၀င္လာျခင္းျဖစ္ၿပီး ဆိုင္တစ္ခုလုံးကို မေန႔ညပိုင္းကတည္းက အသြားအလာကန္႔သတ္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW