အင်းစိန်ထောင်ဝင်စာကို ဧည့်တွေ့လက်မခံတော့ဘဲ ပါဆယ်သာခွင့်ပြု

အင်းစိန်ထောင်ဝင်စာကို ဧည့်တွေ့လက်မခံတော့ဘဲ ပါဆယ်သာခွင့်ပြု

ရန်ကုန် ၊ စက်တင်ဘာ ၄-၂၀၂၀
ယဉ်ပပထွန်း ( VOM )

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ထဲမှာ covid -19 ရောဂါကာကွယ်ရန်အတွက် ထောင်အတွင်းကို ဧည့်တွေ့ခွင့်မပေးတော့ဘဲ ပါဆယ်ပေးသွင်းခွင့်ကိုသာ ဒီကနေ့မှာ စတင်လိုက်တယ်လို့အင်းစိန်ဗဟိုအကျဉ်းထောင်က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန် ကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ ကူးစက်မူနူန်းမြန်ဆန်နေတဲ့အတွက် အကျဉ်းထောင်အတွင်း ကူးစက်ပျံပွားမူတွေ မဖြစ်ပေါ်စေရေးအတွက် ထောင်ဝင်စာတွေ့ဆုံခြင်းကို ကန့်သတ်လိုက်တာဖြစ်ပြီး ပါဆယ် ပေးသွင်းခွင့်ကိုသာ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ နှစ်ပတ်ကို ၁ ကြိမ် | ၁ ကြိမ်မှာ လူတစ်ဦးနူန်းနဲ့ ဧည့်မတွေ့၊ပါဆယ်ပစ္စည်းတွေကို လက်ခံဆောက်ရွက်ပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

” ဧည့်မတွေ့ရဆိုတော့ အဆင်မပြေဘူးပေါ့ဗျာ ။ ထောင်ဝင်စာသွားတွေ့တဲ့အခါမှာ ဟိုဘက်က ဘာလိုအပ်တယ်ဆိုတာလေးတွေ နောက်တစ်လလောက်မှာ တွေ့တဲ့အခါ လိုအပ်တာတွေ ထည့်ပေးလို့အဆင်ပြေတယ်လေ ။ ပါဆယ်ဆိုတော့လည်း ဂိတ်မှာပဲထားခဲ့ရတာပါ ။ ပိုက်ဆံရှိတဲ့လူတွေအတွက်ကတော့ အထဲမှာက ဝယ်စားဖို့အဆင်ပြေတယ် ။ မရှိလူအဝေးကနေလာရတဲ့လူတွေအတွက်ကျတော့ အဆင်မပြေဘူးပေါ့။ ဒါကလဲ လက်ရှိမှာ ရောဂါဖြစ်နေတော့လည်း အဆင်ပြေအောင် လုပ်ပေးရမှာပါ ” လို့ ထောင်ဝင်စာ တစ်လတစ်ခါတွေ့ဆုံနေရသူ တစ်ဦးက ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် ၁၀၀/၂၀၂၀အရ ရောဂါကူးစက်ပျံနှံ့မူကို ထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၇ မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ Stay at Home အဖြစ်နေထိုင်ဖို့အမိန့်ကိုထုတ်ပြန်ခဲ့ရာ အင်းစိန်မြို့နယ်ဟာ ထုတ်ပြန်ထားတဲ့စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အင္းစိန္ေထာင္ဝင္စာကို ဧည့္ေတြ႕လက္မခံေတာ့ဘဲ ပါဆယ္သာခြင့္ျပဳ

ရန္ကုန္ ၊ စက္တင္ဘာ ၄-၂၀၂၀
ယဥ္ပပထြန္း ( VOM )

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္အက်ဥ္းေထာင္ထဲမွာ covid -19 ေရာဂါကာကြယ္ရန္အတြက္ ေထာင္အတြင္းကို ဧည့္ေတြ႕ခြင့္မေပးေတာ့ဘဲ ပါဆယ္ေပးသြင္းခြင့္ကိုသာ ဒီကေန႔မွာ စတင္လိုက္တယ္လို႔အင္းစိန္ဗဟိုအက်ဥ္းေထာင္က ထုတ္ျပန္ထားပါတယ္။

လက္ရွိအခ်ိန္ ကိုဗစ္-၁၉ ဒုတိယလႈိင္းဟာ ကူးစက္မူႏူန္းျမန္ဆန္ေနတဲ့အတြက္ အက်ဥ္းေထာင္အတြင္း ကူးစက္ပ်ံပြားမူေတြ မျဖစ္ေပၚေစေရးအတြက္ ေထာင္ဝင္စာေတြ႕ဆုံျခင္းကို ကန႔္သတ္လိုက္တာျဖစ္ၿပီး ပါဆယ္ ေပးသြင္းခြင့္ကိုသာ သတ္မွတ္စည္းကမ္းခ်က္ေတြနဲ႔အညီ ႏွစ္ပတ္ကို ၁ ႀကိမ္ | ၁ ႀကိမ္မွာ လူတစ္ဦးႏူန္းနဲ႔ ဧည့္မေတြ႕၊ပါဆယ္ပစၥည္းေတြကို လက္ခံေဆာက္႐ြက္ေပးမွာျဖစ္တယ္လို႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

” ဧည့္မေတြ႕ရဆိုေတာ့ အဆင္မေျပဘူးေပါ့ဗ်ာ ။ ေထာင္ဝင္စာသြားေတြ႕တဲ့အခါမွာ ဟိုဘက္က ဘာလိုအပ္တယ္ဆိုတာေလးေတြ ေနာက္တစ္လေလာက္မွာ ေတြ႕တဲ့အခါ လိုအပ္တာေတြ ထည့္ေပးလို႔အဆင္ေျပတယ္ေလ ။ ပါဆယ္ဆိုေတာ့လည္း ဂိတ္မွာပဲထားခဲ့ရတာပါ ။ ပိုက္ဆံရွိတဲ့လူေတြအတြက္ကေတာ့ အထဲမွာက ဝယ္စားဖို႔အဆင္ေျပတယ္ ။ မရွိလူအေဝးကေနလာရတဲ့လူေတြအတြက္က်ေတာ့ အဆင္မေျပဘူးေပါ့။ ဒါကလဲ လက္ရွိမွာ ေရာဂါျဖစ္ေနေတာ့လည္း အဆင္ေျပေအာင္ လုပ္ေပးရမွာပါ ” လို႔ ေထာင္ဝင္စာ တစ္လတစ္ခါေတြ႕ဆုံေနရသူ တစ္ဦးက ေျပာပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန စက္တင္ဘာ ၁ ရက္ေန႔ ရက္စြဲပါ အမိန႔္အမွတ္ ၁၀၀/၂၀၂၀အရ ေရာဂါကူးစက္ပ်ံႏွံ႔မူကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္အတြင္းက ျပည္သူေတြအေနနဲ႔ Stay at Home အျဖစ္ေနထိုင္ဖို႔အမိန႔္ကိုထုတ္ျပန္ခဲ့ရာ အင္းစိန္ၿမိဳ႕နယ္ဟာ ထုတ္ျပန္ထားတဲ့စာရင္းထဲမွာ ပါဝင္ခဲ့ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW