စစ်ကိုင်းတိုင်းမှာ နိုင်ငံရေးပါတီ (၁၇)ပါတီ ရွေးကောက်ပွဲဝင်ပြိုင်မယ်

စစ်ကိုင်းတိုင်းမှာ နိုင်ငံရေးပါတီ (၁၇)ပါတီ ရွေးကောက်ပွဲဝင်ပြိုင်မယ်

မုံရွာ၊ စက်တင်ဘာ ၈-၂၀၂၀
ခင်မေစန်း(VOM)

အခုနှစ်ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉၄ ရှိနေပြီး စစ်ကိုင်းတိုင်းမှာဝင်ရောက်အရွေးခံမယ့်ပါတီ (၁၇)ပါတီ ရှိနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရေစီပါတီတို့ဟာ စစ်ကိုင်းတိုင်းမဲဆန္ဒနယ်အားလုံး (၁၂၅) နေရာမှာ နေရာပြည့် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီ အမှတ်စဉ်(၂) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ နာဂအမျိုးသားပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ ၊တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရေစီပါတီ၊
ညီညွတ်သော တိုင်းရင်းသားဒီမိုကရေစီပါတီ စတဲ့ပါတီတွေပါဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းလွှတ်တော်အတွက် ၇၄နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၃၇ နေရာ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ စုစုပေါင်း ၁၂၅ နေရာအတွက် ပါတီစုံက ကိုယ်စားလှယ်လောင်း (၆၈၅)ဦး ဝင်ပြိုင်ကြမှာဖြစ်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း (၃၃)ဦးထိပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

စစ္ကိုင္းတိုင္းမွာ ႏိုင္ငံေရးပါတီ (၁၇)ပါတီ ေရြးေကာက္ပြဲဝင္ျပိဳင္မယ္

မုံ႐ြာ၊ စက္တင္ဘာ ၈-၂၀၂၀
ခင္ေမစန္း(VOM)

အခုႏွစ္က်င္းပမယ့္ ပါတီစုံ ဒီမိုကေရစီ အထြေထြေ႐ြးေကာက္ပြဲမွာ တစ္ႏိုင္ငံလုံး ဝင္ၿပိဳင္မယ့္ ႏိုင္ငံေရးပါတီ ၉၄ ရွိေနၿပီး စစ္ကိုင္းတိုင္းမွာဝင္ေရာက္အေ႐ြးခံမယ့္ပါတီ (၁၇)ပါတီ ရွိေနတယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကေန သိရပါတယ္။

လက္ရွိအာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ အတိုက္အခံပါတီႀကီးျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ႏွင္းဆီပါတီလို႔ လူသိမ်ားတဲ့ ညီၫြတ္ေသာဒီမိုကေရစီပါတီတို႔ဟာ စစ္ကိုင္းတိုင္းမဲဆႏၵနယ္အားလုံး (၁၂၅) ေနရာမွာ ေနရာျပည့္ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေရးပါတီ အမွတ္စဥ္(၂) တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ အမ်ိဳးသားတိုးတက္ေရးပါတီ ၊ ျပည္သူ႔ပါတီ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ၊ ျမန္မာႏိုင္ငံေတာင္သူလယ္သမားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီ၊ တိုင္းရင္းသားပါတီေတြျဖစ္တဲ့ နာဂအမ်ိဳးသားပါတီ၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊
ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ၊ ရွမ္းနီ(တိုင္းလ်န္) ေသြးစည္းညီၫြတ္​ေရးပါတီ ၊တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ အမ်ိဳးသားႏိုင္ငံေရးဒီမိုကေရစီပါတီ၊
ညီၫြတ္ေသာ တိုင္းရင္းသားဒီမိုကေရစီပါတီ စတဲ့ပါတီေတြပါဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္တယ္လို႔ စစ္ကိုင္းတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ကေန သိရပါတယ္။

စစ္ကိုင္းတိုင္းလႊတ္ေတာ္အတြက္ ၇၄ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ၁၂ေနရာ၊ ျပည္သူ႔လႊတ္ေတာ္အတြက္ ၃၇ ေနရာ တိုင္းရင္းသားေရးရာဝန္ႀကီး ၂ ေနရာ စုစုေပါင္း ၁၂၅ ေနရာအတြက္ ပါတီစုံက ကိုယ္စားလွယ္ေလာင္း (၆၈၅)ဦး ဝင္ၿပိဳင္ၾကမွာျဖစ္ၿပီး တသီးပုဂၢလ ကိုယ္စားလွယ္ေပါင္း (၃၃)ဦးထိပါဝင္ယွဥ္ၿပိဳင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW