ရောင်းမည် ငှားမည်

ရောင်းမည် ငှားမည် ညီသစ်(VOM) လတ်တလောရက်ပိုင်း မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့နေရာတွေမှာ အိမ်ခြံမြေ ရောင်းမည်၊ ဆိုင်ခန်း ငှားမည်၊ အိမ် ငှားမည်၊ရောင်းမည် အစရှိတဲ့ ဆိုင်းဘုတ်တွေ တွေ့ရတာ သတိထားမိကြမယ်ထင်ပါတယ်။ ကမ္ဘာ့ကူးစက်ရောဂါ Covid-19ရဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်းကို အံတု ဖြတ်သန်းရတဲ့ အခြေခံလူတန်းစားတစ်ချို့ရဲ့ စားဝတ်နေရေးဟာ အရင်က အခြေအနေတွေထက် ပိုမို ကြပ်တည်းလာတာကိုလည်း တွေ့မြင်နေရပါတယ်။ အရင်ကဖွင့်ထားတဲ့ အစားအသောက်ဆိုင်တွေရဲ့ နေရာအချို့မှာလည်း ဈေးရောင်းတာမရှိတော့ဘဲ အိမ်ငှားမည်၊ ရောင်းမည် စတဲ့ ဆိုင်းဘုတ်အချို့က နေရာယူထားတာကို တွေ့မြင်လာရပါတယ်။ မန္တလေးရဲ့ အိမ်ခြံမြေဈေးကွက်ဟာ Covid-19 ပထမလှိုင်းဖြစ်ပွားတဲ့ကာလ ၅ လကြာတဲ့အထိ ရပ်တန့်မှုတွေ ရှိနေခဲ့ပြီး အခု ပြန်လည်အလုပ်ဖြစ်မယ်လို့ထင်ထားတဲ့အချိန်မှာတော့ ရောဂါပိုးရဲ့ ဒုတိယလှိုင်းဒဏ်ကို ခံစားလာခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာနဲ့ပတ်သက်ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးပြောပြတာက ” ကျနော်အိမ်ငှားမယ်လို့ ချိတ်ထားတာ…

Read More

နေပြည်တော်မှာ NLDပါတီနဲ့ UBPပါတီတို့က အောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူပေမယ့် USDPပါတီရဲ့ လှုပ်ရှားမှုမတွေ့ရ

နေပြည်တော်မှာ NLDပါတီနဲ့ UBPပါတီတို့က အောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူပေမယ့် USDPပါတီရဲ့ လှုပ်ရှားမှုမတွေ့ရ နေပြည်တော်၊ စက်တင်ဘာ ၈-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်မှာ ဒီကနေ့ စက်တင်ဘာလ ၈ ရက်မနက်ပိုင်းက NLD ပါတီနဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBPတို့ဟာ အောင်နိုင်ရေးဆိုင်းဘုတ်တွေကို စတင်စိုက်ထူခဲ့ကြပါတယ်။ NLD ပါတီအနေနဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ထဲက ပါတီရဲ့ ယာယီဌာချုပ်မှာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောင်နိုင်ရေးအလံ စိုက်ထူခဲ့ပြီး UBP ပါတီရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း သပြေကုန်းနဲ့ လယ်ဝေးမြို့နယ်တွေမှာ အောင်နိုင်ရေး ဆိုင်းဘုတ်တွေ စိုက်ထူးခဲ့တာကို တွေ့ရပါတယ်။ USDP ပါတီရဲ့ ဥက္ကဋ္ဌ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇေယျာသီရိဘက်မှာလဲ NLDပါတီ ကိုယ်စားလှယ်လောင်းတွေက တစ်အိမ်တက်ဆင်း စည်းရုံးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပေမယ့် USDP ပါတီကတော့ စည်းရုံးရေးလုပ်တာတို့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူတာမျိုးတွေကိုတော့…

Read More

စစ်တွေမှာ ကိုဗစ်ပိုးကင်းသူ(၆၄) ဦး ဆေးရုံကဆင်း

စစ်တွေမှာ ကိုဗစ်ပိုးကင်းသူ(၆၄) ဦး ဆေးရုံကဆင်း စစ်တွေ၊ စက်တင်ဘာ ၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ဒီကနေ့ညနေပိုင်းက ကိုဗစ်ပိုးတွေ့လူနာတွေထဲက ပိုးကင်းစင်သူ (၆၄) ဦး ရောဂါပိုးကင်းစင်တဲ့အတွက် ဆေးရုံကနေဆင်းပြီဖြစ်တယ်လို့ စစ်တွေဆေးရုံကနေ သိရပါတယ်။ စစ်တွေဆေးရုံမှာ ကိုဗစ်ပိုးကင်းစင်ပြီး ပြန်လည်သက်သာလာသူ (၇၇)ဦးထိရှိလာပြီး သူတို့အားလုံးဟာ stay at home အနေနဲ့ မိမိနေအိမ်မှာ (၇) ရက် အသွားအလာကန့်သတ်ထားအုံးမှာဖြစ်တယ်လို့ စစ်တွေဆေးရုံအုပ်(ညွှန်ကြားရေးမှူး) ဒေါက်တာဇော်လွင်ကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ နေ့တိုင်းလိုလိုတွေ့ရှိနေပြီး ယခုရက်ပိုင်းအတွင်း ပိုးကင်းစင်သူတွေဟာလည်း ဆေးရုံကနေ ဆင်းခွင့်ရနေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီကနေ့မနက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၅၇၉)ဦးထိ တွေ့ရှိထားတာဖြစ်ပြီး အဲ့ဒီအထဲမှာ ပိုးကင်းစင်လာသူတွေဟာ ဆေးရုံကနေဆင်းခွင့်ရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစပ်မှုမြင့်တက်လာတာနဲ့အတူ ဒေသမတည်ငြိမ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။…

Read More

တိုင်းရင်းသားပါတီတွေနိုင်ယုံနဲ့ အစိုးရမဖွဲ့နိုင်တဲ့အတွက် ပြည်ထောင်စုပါတီဖြစ်တဲ့ NLD ကိုသာမဲပေးဖို့ ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း

တိုင်းရင်းသားပါတီတွေနိုင်ယုံနဲ့ အစိုးရမဖွဲ့နိုင်တဲ့အတွက် ပြည်ထောင်စုပါတီဖြစ်တဲ့ NLD ကိုသာမဲပေးဖို့ ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း မန္တလေး၊ စက်တင်ဘာ – ၈ – ၂၀၂၀ ရှိုင်းအောင်(VOM) တိုင်းရင်းသားပါတီတွေ အားကောင်းလာပြီး တိုင်းရင်းသားပါတီတွေကို မဲပေးခြင်းအားဖြင့် တိုင်းရင်းသားတွေအခွင့်အရေးရလာမယ်လို့ထင်နေတာ မဟုတ်ဘူးထင်တယ်၊ တိုင်းရင်းသားပါတီတွေနိုင်ယုံနဲ့ အစိုးရမဖွဲ့နိုင်တာကြောင့် ပြည်ထောင်စုပါတီဖြစ်တဲ့ NLD ကိုမဲပေးဖို့ မန္တလေး တိုင်းဝန်ကြီးချုပ် ၊ NLDပါတီဗဟို ဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့မနက်ပိုင်း မန္တလေးတိုင်းNLDရုံးမှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် သုံးသပ်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင် ရဲ့သုံးသပ်ချက်ကြောင့် တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ SNLD ပါတီ က ပြောရေးဆိုခွင့်ရှိတဲ့ ဦးစိုင်းခမ်းလိတ် ကို VOM သတင်းဌာနက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ “သူ့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့သဘောတရားကို လုံးဝနားမလည်တာလို့ မှတ်ချက်ပေးချင်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ့် နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ခေါင်းဆောင်ပိုင်းမှာပါတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါမျိုးမဆင်မခြင်မပြောသင့်ပါဘူး၊ အဲ့တော့ ဗမာပြည်မှာ အစိုးရဖွဲ့နိုင်တဲ့ပါတီက…

Read More

ချင်းပြည်နယ်က ၉မြို့နယ်မှာ ပါတီပေါင်း ၁၂ခု ယှဉ်ပြိုင်မယ်

chin luttaw

ချင်းပြည်နယ်က ၉မြို့နယ်မှာ ပါတီပေါင်း ၁၂ခု ယှဉ်ပြိုင်မယ်   ချင်းပြည်နယ်ကနေပါတီပေါင်း၁၂ခုကကိုယ်စားလှယ်လောင်း၁၉၃ဦးနှင့်တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း၁၇ဦး၊စုစုပေါင်း၂၁၀ဦးဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။   ချင်းပြည်နယ်က မဲဆန္ဒနယ် ၉ခုက လွတ်တော်အသီးသီးအတွက် နေရာ ၃၉နေရာရှိတာမှာ အန်အယ်လ်ဒီပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီက  နေရာအားလုံးဝင်ပြိုင်မှာဖြစ်ပြီး ၊ ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်သူ့လွှတ်တော်နေရာ ၉ နေရာအပြည့်ပြိုင်ပြီး အမျိုးသားလွှတ်တော်အတွက်နေရာတခုလျှော့သလို တိုင်းဒေသကြီးနေရာမှာလည်း ၂နေရာလျှော့တဲ့အတွက် ၃၆ နေရာ ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၃၆ နေရာပြိုင်မှာဖြစ်ပါတယ်။   သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၁၉နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၂နေရာ၊ ဦးကိုကိုကြီးရဲ့ ပြည်သူပါတီက ၃နေရာ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီက ၄နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၉နေရာ၊ ခူမီးအမျိုးသားပါတီက ၃နေရာ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီက ၃နေရာ၊ ချင်းတိုင်းရင်းသားများပါတီ ၁နေရာ နဲ့ တသီးပုဂ္ဂလတွေက ၁၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။   ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ NLD ပါတီက…

Read More

ပါတီမိတ်ဆက်

ပါတီမိတ်ဆက် တစ်ဖက်ပိတ်များများရှိတဲ့ မဲဆန္ဒနယ်တွေဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအတွက် အခက်အခဲရှိလာနိုင် နေပြည်တော်၊ စက်တင်ဘာ ၈-၂၀၂၀ စွမ်းရဲထွဋ် (VOM) တစ်ဖက်ပိတ်များများရှိတဲ့ မဲဆန္ဒနယ်တွေဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအတွက် အခက်အခဲရှိလာနိုင်တယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ သူရဦရွှေမန်းက ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့ကပြုလုပ်တဲ့ Zoom Press မှာ သတင်းမီဒီယာတွေရဲ့ အမေးကို ဖြေကြားချိန် သုံးသပ်ပြောဆိုသွားတာဖြစ်ပါတယ်။ “၉၂၇ နေရာဝင်ပြိုင်တယ်။ မြို့နယ်ပေါင်း ၂၆၀ ရှိပါတယ်။ ဘယ်နေရာတွေ အခက်အခဲရှိလဲဆိုရင်တော့ ဒီရွေးကောက်ပွဲမှာ အခက်အခဲရှိတာက တွေးတောဆင်ခြင်မှုမရှိဘဲ မျက်စေ့မှိတ်ပြီး တစ်ဖက်ပိတ်များများရှိတဲ့ နေရာကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအတွက် အခက်အခဲရှိတယ်။ သို့သော် အဲ့ဒီအခက်အခဲ တွေကို စဉ်းစားဉာဏ်ရင့်သန်ပြီးတော့ ဘယ်သူက ပိုပြီးကောင်းအောင် လုပ်ပေးနိုင်မလဲဆိုတဲ့ ပုဂ္ဂိုလ်များ များလာပြီဆိုရင်တော့ မိမိတို့အတွက် အခက်အခဲမရှိဘူး”လို့ သူရဦးရွှေမန်းကပြောပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ နေရာတစ်ခုတည်း၊ ဧရိယာတစ်ခုတည်းကို စည်းရုံးဖို့…

Read More

အမေရိကန်သမ္မတထရမ့်က နောက်လထဲမှာ COVID-19ကာကွယ်ဆေးထုတ်ဖြစ်မယ်လို့ အရိတ်အမြွတ်ပြော

အမေရိကန်သမ္မတထရမ့်က နောက်လထဲမှာ COVID-19ကာကွယ်ဆေးထုတ်ဖြစ်မယ်လို့ အရိတ်အမြွတ်ပြော အမေရိကန်၊ စက်တင်ဘာ ၈-၂၀၂၀ လဲ့လဲ့ဝင်း(VOM) အမေရိကန်သမ္မတ ထရမ့်ဟာ ကိုဗစ်-၁၉ကာကွယ်ဆေးကို လာမယ့်လပိုင်းမှာ ထုတ်ဖြစ်သွားမှာဖြစ်ပြီး အဲ့ဒီကာကွယ်ဆေးဟာ အလွန်လုံခြုံမှုရှိတဲ့အပြင် ထိရောက်မှုအားကောင်းမှာဖြစ်တယ်လို့ မနေ့ စက်တင်ဘာ ၇ရက်နေ့ကပြုလုပ်တဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်တယ်လို့ အမေရိကန်အခြေစိုက် BloomBerg သတင်းဌာနကနေ ဖော်ပြထားထားတာဖြစ်ပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်း ဘီဒန်း ပြောတာကတော့ နိုဝင်ဘာသမ္မတရွေးကောက်ပွဲမတိုင်မီ COVID-19ကာကွယ်ဆေးရှိရင် ကာကွယ်ဆေးထိုးဖို့အတွက်ဆုံးဖြတ်ချက်ကို သိပ္ပံပညာရှင်တွေရဲ့ အကြံပေးချက်အတိုင်းလုပ်ဆောင်မှာဖြစ်တယ်လို့ ပြောထားတာဖြစ်ပါတယ်။ အမေရိကန်ရှိ CBSသတင်းဌာနရဲ့ စစ်တမ်းတစ်ခုအရ အမေရိကန်လူမျိုးအများစုဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သံသယဝင်နေကြပါတယ်။ အဲ့ဒီစစ်တမ်းကို ဖြေဆိုသူတွေရဲ့ ၂၁ ရာခိုင်နူန်းကသာ ကာကွယ်ဆေးအခမဲ့ရှိရင် အမြန်ဆုံးကာကွယ်ဆေးထိုးလိုကြောင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို ထရမ့်ရဲ့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ဇူလိုင်လအကုန်မှာတော့ ကာကွယ်ဆေးထိုးမယ့်သူ အရေအတွက်လည်း လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ အရင်က ကာကွယ်ဆေးထိုးဖို့ စဉ်းစားထားသူတွေကလည်း…

Read More

ဆော်ဒီသတင်းထောက်ခါရှိုဂီကို သတ်ဖြတ်ခဲ့သူတွေ ထောင်နှစ် ၂၀ ချမှတ်ခံရ

ဆော်ဒီသတင်းထောက်ခါရှိုဂီကို သတ်ဖြတ်ခဲ့သူတွေ ထောင်နှစ် ၂၀ ချမှတ်ခံရ ရီယတ်၊ စက်တင်ဘာ-၈-၂၀၂၀ မျိုးဆက် (VOM) ဆော်ဒီသတင်းထောက် ဂျမယ်ခါရှိုဂီ သတ်ဖြတ်ရာမှာပါဝင်တဲ့ သေဒဏ်ချမှတ်ခံရသူ အမျိုးသား ၅ ဦးကို ဆော်ဒီတရားရုံးက ပြစ်ဒဏ်များလျှော့ချပြီး စီရင်ချက်ချမှတ်လိုက်ပါတယ်။ နောက်ဆုံးစီရင်ချက်ချမှတ်ရာမှာ အဲဒီအမျိုးသား ၅ ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ လူသတ်မှုကျူးလွန်သူတွေကို ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ မိသားစုအနေနဲ့ လူသတ်သမားတွေကို ခွင့်လွှတ်တယ်လို့ သတင်းထောက်ခါရှိုဂီရဲ့ သားတစ်ဦးက မေလအတွင်းထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ကျူးလွန်တွေအပေါ် ပြစ်ဒဏ်လျှော့ပေါ့စီရင်ခဲ့တာဖြစ်ပါတယ်။ သတင်းထောက်ခါရှိုဂီဟာ တူရီကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှာ ၂၀၁၈ ခုနှစ်က သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကို ဝေဖန်လေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ခါရှိုခီသတ်ဖြတ်ခံရမှုအတွက် ဆော်ဒီအိမ်ရှေ့မင်းသားက ကြိုးကိုင်ခဲ့တယ်လို့ သံသယများစွာ ထွက်ပေါ်ခဲ့ပေမယ့် ဒီကိစ္စမှာ အိမ်ရှေ့မင်းသားပါဝင်ပတ်သက်ခြင်းရှိမရှိ ဖြေရှင်းနိုင်ခြင်းမရှိဘဲ တရားစီရင်မှု အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ Ref…

Read More

စစ်ကိုင်းတိုင်းမှာ နိုင်ငံရေးပါတီ (၁၇)ပါတီ ရွေးကောက်ပွဲဝင်ပြိုင်မယ်

စစ်ကိုင်းတိုင်းမှာ နိုင်ငံရေးပါတီ (၁၇)ပါတီ ရွေးကောက်ပွဲဝင်ပြိုင်မယ် မုံရွာ၊ စက်တင်ဘာ ၈-၂၀၂၀ ခင်မေစန်း(VOM) အခုနှစ်ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉၄ ရှိနေပြီး စစ်ကိုင်းတိုင်းမှာဝင်ရောက်အရွေးခံမယ့်ပါတီ (၁၇)ပါတီ ရှိနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရေစီပါတီတို့ဟာ စစ်ကိုင်းတိုင်းမဲဆန္ဒနယ်အားလုံး (၁၂၅) နေရာမှာ နေရာပြည့် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီ အမှတ်စဉ်(၂) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ နာဂအမျိုးသားပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ ၊တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရေစီပါတီ၊ ညီညွတ်သော တိုင်းရင်းသားဒီမိုကရေစီပါတီ စတဲ့ပါတီတွေပါဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့…

Read More

လာမယ့် ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေး

လာမယ့် ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေး ဂျီနီဗာ၊ စက်တင်ဘာ-၈-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာကြီးအနေနဲ့ လာမယ့်ကပ်ရောဂါတွေအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်ထားရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့က စက်တင်ဘာ ၇ ရက်မှာ သတိပေးပြောဆိုလိုက်ပြီး နိုင်ငံတွေအနေနဲ့ အများပြည်သူကျန်းမာရေးကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ နောက်ဆုံးကပ်ရောဂါမဖြစ်နိုင်ဘူးလို့ ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။ ရောဂါဖြစ်ပွားမှု ၊ ကပ်ရောဂါတွေဟာ သမိုင်းတစ်လျှောက်မှရှိနေပြီး လူနေမှုဘဝမှာ ရင်ဆိုင်ရမယ့်အရာတွေဖြစ်တယ်လို့ တက်ဒရို့ကပြောပါတယ်။ ဒါပေမယ့် နောက်ထပ်ကပ်ရောဂါဖြစ်ပွားလာရင် ကမ္ဘာကြီးအနေနဲ့ အဆင့်သင့်ဖြစ်နေရမှာဖြစ်ပြီး အခုတစ်ကြိမ်ထက်ပိုမိုအသင့်ရှိနေရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲကပြောပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိပြီးကတည်းက ကမ္ဘာပေါ်မှာ လူပေါင်း ၂၇ ဒသမ ၁၉ သန်းကူးစက်ခံနေရပြီး ၈၈၈၃၂၆ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကူးစက်မှုနှုန်းနှေးသွားပေမယ့် စက်တင်ဘာ ၈…

Read More
VOM News

FREE
VIEW