စစ်တွေမှာ ကိုဗစ်ပိုးကင်းသူ(၆၄) ဦး ဆေးရုံကဆင်း

စစ်တွေမှာ ကိုဗစ်ပိုးကင်းသူ(၆၄) ဦး ဆေးရုံကဆင်း

စစ်တွေ၊ စက်တင်ဘာ ၈- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ဒီကနေ့ညနေပိုင်းက ကိုဗစ်ပိုးတွေ့လူနာတွေထဲက ပိုးကင်းစင်သူ (၆၄) ဦး ရောဂါပိုးကင်းစင်တဲ့အတွက် ဆေးရုံကနေဆင်းပြီဖြစ်တယ်လို့ စစ်တွေဆေးရုံကနေ သိရပါတယ်။

စစ်တွေဆေးရုံမှာ ကိုဗစ်ပိုးကင်းစင်ပြီး ပြန်လည်သက်သာလာသူ (၇၇)ဦးထိရှိလာပြီး သူတို့အားလုံးဟာ stay at home အနေနဲ့ မိမိနေအိမ်မှာ (၇) ရက် အသွားအလာကန့်သတ်ထားအုံးမှာဖြစ်တယ်လို့ စစ်တွေဆေးရုံအုပ်(ညွှန်ကြားရေးမှူး) ဒေါက်တာဇော်လွင်ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ နေ့တိုင်းလိုလိုတွေ့ရှိနေပြီး ယခုရက်ပိုင်းအတွင်း ပိုးကင်းစင်သူတွေဟာလည်း ဆေးရုံကနေ ဆင်းခွင့်ရနေပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီကနေ့မနက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၅၇၉)ဦးထိ တွေ့ရှိထားတာဖြစ်ပြီး အဲ့ဒီအထဲမှာ ပိုးကင်းစင်လာသူတွေဟာ ဆေးရုံကနေဆင်းခွင့်ရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစပ်မှုမြင့်တက်လာတာနဲ့အတူ ဒေသမတည်ငြိမ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

စစ္ေတြမွာ ကိုဗစ္ပိုးကင္းသူ(၆၄) ဦး ေဆး႐ုံကဆင္း

စစ္ေတြ၊ စက္တင္ဘာ ၈- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ၿမိဳ႕ေတာ္ စစ္ေတြမွာ ဒီကေန႔ညေနပိုင္းက ကိုဗစ္ပိုးေတြ႕လူနာေတြထဲက ပိုးကင္းစင္သူ (၆၄) ဦး ေရာဂါပိုးကင္းစင္တဲ့အတြက္ ေဆး႐ုံကေနဆင္းၿပီျဖစ္တယ္လို႔ စစ္ေတြေဆး႐ုံကေန သိရပါတယ္။

စစ္ေတြေဆး႐ုံမွာ ကိုဗစ္ပိုးကင္းစင္ၿပီး ျပန္လည္သက္သာလာသူ (၇၇)ဦးထိရွိလာၿပီး သူတို႔အားလုံးဟာ stay at home အေနနဲ႔ မိမိေနအိမ္မွာ (၇) ရက္ အသြားအလာကန႔္သတ္ထားအုံးမွာျဖစ္တယ္လို႔ စစ္ေတြေဆး႐ုံအုပ္(ၫႊန္ၾကားေရးမႉး) ေဒါက္တာေဇာ္လြင္ကေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္အတည္ျပဳလူနာ ေန႔တိုင္းလိုလိုေတြ႕ရွိေနၿပီး ယခုရက္ပိုင္းအတြင္း ပိုးကင္းစင္သူေတြဟာလည္း ေဆး႐ုံကေန ဆင္းခြင့္ရေနၿပီ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ ဒီကေန႔မနက္ပိုင္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ ဓာတ္ခြဲအတည္ျပဳလူနာ (၅၇၉)ဦးထိ ေတြ႕ရွိထားတာျဖစ္ၿပီး အဲ့ဒီအထဲမွာ ပိုးကင္းစင္လာသူေတြဟာ ေဆးရံုကေနဆင္းခြင့္ရတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ကိုဗစ္-၁၉ေရာဂါ ကူးစပ္မႈျမင့္တက္လာတာနဲ႔အတူ ေဒသမတည္ၿငိမ္မႈေတြလည္း ျဖစ္ေပၚေနပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW