ဆော်ဒီသတင်းထောက်ခါရှိုဂီကို သတ်ဖြတ်ခဲ့သူတွေ ထောင်နှစ် ၂၀ ချမှတ်ခံရ

ဆော်ဒီသတင်းထောက်ခါရှိုဂီကို သတ်ဖြတ်ခဲ့သူတွေ ထောင်နှစ် ၂၀ ချမှတ်ခံရ

ရီယတ်၊ စက်တင်ဘာ-၈-၂၀၂၀
မျိုးဆက် (VOM)

ဆော်ဒီသတင်းထောက် ဂျမယ်ခါရှိုဂီ သတ်ဖြတ်ရာမှာပါဝင်တဲ့ သေဒဏ်ချမှတ်ခံရသူ အမျိုးသား ၅ ဦးကို ဆော်ဒီတရားရုံးက ပြစ်ဒဏ်များလျှော့ချပြီး စီရင်ချက်ချမှတ်လိုက်ပါတယ်။

နောက်ဆုံးစီရင်ချက်ချမှတ်ရာမှာ အဲဒီအမျိုးသား ၅ ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

လူသတ်မှုကျူးလွန်သူတွေကို ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မိသားစုအနေနဲ့ လူသတ်သမားတွေကို ခွင့်လွှတ်တယ်လို့ သတင်းထောက်ခါရှိုဂီရဲ့ သားတစ်ဦးက မေလအတွင်းထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ကျူးလွန်တွေအပေါ် ပြစ်ဒဏ်လျှော့ပေါ့စီရင်ခဲ့တာဖြစ်ပါတယ်။

သတင်းထောက်ခါရှိုဂီဟာ တူရီကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှာ ၂၀၁၈ ခုနှစ်က သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကို ဝေဖန်လေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

ခါရှိုခီသတ်ဖြတ်ခံရမှုအတွက် ဆော်ဒီအိမ်ရှေ့မင်းသားက ကြိုးကိုင်ခဲ့တယ်လို့ သံသယများစွာ ထွက်ပေါ်ခဲ့ပေမယ့် ဒီကိစ္စမှာ အိမ်ရှေ့မင်းသားပါဝင်ပတ်သက်ခြင်းရှိမရှိ ဖြေရှင်းနိုင်ခြင်းမရှိဘဲ တရားစီရင်မှု အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ရီယတ်

Zawgyi

ေဆာ္ဒီသတင္းေထာက္ခါရိႈဂီကို သတ္ျဖတ္ခဲ႔သူေတြ ေထာင္နွစ္ ၂၀ ခ်မွတ္ခံရ

ရီယတ္၊ စက္တင္ဘာ-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ေဆာ္ဒီသတင္းေထာက္ ဂ်မယ္ခါရိႈဂီ သတ္ျဖတ္ရာမွာပါ၀င္တဲ႔ ေသဒဏ္ခ်မွတ္ခံရသူ အမ်ိဳးသား ၅ ဦးကို ေဆာ္ဒီတရားရံုးက ျပစ္ဒဏ္မ်ားေလွ်ာ႔ခ်ျပီး စီရင္ခ်က္ခ်မွတ္လိုက္ပါတယ္။

ေနာက္ဆံုးစီရင္ခ်က္ခ်မွတ္ရာမွာ အဲဒီအမ်ိဳးသား ၅ ဦးကို ေထာင္ဒဏ္ နွစ္ ၂၀ ခ်မွတ္လိုက္တယ္လို႔ ေဆာ္ဒီနိုင္ငံပိုင္သတင္းဌာနက ေဖာ္ျပထားပါတယ္။

လူသတ္မႈက်ဴးလြန္သူေတြကို ျပီးခ႔ဲတဲ႔ဒီဇင္ဘာလမွာ ေသဒဏ္ခ်မွတ္ခဲ႔တာျဖစ္ပါတယ္။

မိသားစုအေနနဲ႔ လူသတ္သမားေတြကို ခြင္႔လႊတ္တယ္လို႔ သတင္းေထာက္ခါရိႈဂီရဲ႕ သားတစ္ဦးက ေမလအတြင္းထုတ္ေဖာ္ေျပာဆိုလိုက္ျပီးေနာက္ က်ဴးလြန္ေတြအေပၚ ျပစ္ဒဏ္ေလွ်ာ႔ေပါ႔စီရင္ခဲ႔တာျဖစ္ပါတယ္။

သတင္းေထာက္ခါရိႈဂီဟာ တူရီကီနိုင္ငံရိွ ေဆာ္ဒီေကာင္စစ္၀န္ရံုးအတြင္းမွာ ၂၀၁၈ ခုနွစ္က သတ္ျဖတ္ခံခဲ႔ရတာျဖစ္ၿပီး ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆယ္လ္မန္ကို ေ၀ဖန္ေလ႔ရိွသူတစ္ဦးလည္းျဖစ္ပါတယ္။

ခါရိႈခီသတ္ျဖတ္ခံရမႈအတြက္ ေဆာ္ဒီိအိမ္ေရွ႕မင္းသားက ၾကိဳးကိုင္ခဲ႔တယ္လိို႔ သံသယမ်ားစြာ ထြက္ေပၚခဲ႔ေပမယ့္ ဒီကိစၥမွာ အိမ္ေရွ႕မင္းသားပါ၀င္ပတ္သက္ျခင္းရိွမရိွ ေျဖရွင္းနိုင္ျခင္းမရိွဘဲ တရားစီရင္မႈ အဆံုးသတ္ခဲ႔ရတာျဖစ္ပါတယ္။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ရီယတ္

Related posts

Leave a Comment

VOM News

FREE
VIEW