တိုင်းရင်းသားပါတီတွေနိုင်ယုံနဲ့ အစိုးရမဖွဲ့နိုင်တဲ့အတွက် ပြည်ထောင်စုပါတီဖြစ်တဲ့ NLD ကိုသာမဲပေးဖို့ ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း

တိုင်းရင်းသားပါတီတွေနိုင်ယုံနဲ့ အစိုးရမဖွဲ့နိုင်တဲ့အတွက် ပြည်ထောင်စုပါတီဖြစ်တဲ့ NLD ကိုသာမဲပေးဖို့ ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း

မန္တလေး၊ စက်တင်ဘာ – ၈ – ၂၀၂၀
ရှိုင်းအောင်(VOM)

တိုင်းရင်းသားပါတီတွေ အားကောင်းလာပြီး တိုင်းရင်းသားပါတီတွေကို မဲပေးခြင်းအားဖြင့် တိုင်းရင်းသားတွေအခွင့်အရေးရလာမယ်လို့ထင်နေတာ မဟုတ်ဘူးထင်တယ်၊ တိုင်းရင်းသားပါတီတွေနိုင်ယုံနဲ့ အစိုးရမဖွဲ့နိုင်တာကြောင့် ပြည်ထောင်စုပါတီဖြစ်တဲ့ NLD ကိုမဲပေးဖို့ မန္တလေး တိုင်းဝန်ကြီးချုပ် ၊ NLDပါတီဗဟို ဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့မနက်ပိုင်း မန္တလေးတိုင်းNLDရုံးမှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် သုံးသပ်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် ရဲ့သုံးသပ်ချက်ကြောင့် တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ SNLD ပါတီ က ပြောရေးဆိုခွင့်ရှိတဲ့ ဦးစိုင်းခမ်းလိတ် ကို VOM သတင်းဌာနက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ “သူ့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့သဘောတရားကို လုံးဝနားမလည်တာလို့ မှတ်ချက်ပေးချင်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ့် နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ခေါင်းဆောင်ပိုင်းမှာပါတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါမျိုးမဆင်မခြင်မပြောသင့်ပါဘူး၊ အဲ့တော့ ဗမာပြည်မှာ အစိုးရဖွဲ့နိုင်တဲ့ပါတီက NLD နဲ့ USDP ရှိမယ်ဆိုလို့ရှိရင် ကျနော်တို့အားလုံးမျှော်မှန်းတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး၊ အဲ့ပါတီနှစ်ခုထဲကိုပဲ တစ်နည်းအားဖြင့် အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲပေးနေရမယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းတဲ့ ပြည်ထောင်စုဆိုတာ ဖြစ်လာနိုင်စရာအကြောင်းလည်းမရှိတော့ဘူး၊ တိုင်းပြည်လည်း ငြိမ်းချမ်းစရာ အကြောင်းမရှိပါဘူး”လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

#voiceofmyanmar #VOM #NLD #ရွေးကောက်ပွဲ #တိုင်းရင်းသားပါတီ #SNLD

Zawgyi

တိုင္းရင္းသားပါတီေတြႏိုင္ယုံနဲ႔ အစိုးရမဖြဲ႕ႏိုင္တဲ့အတြက္ ျပည္ေထာင္စုပါတီျဖစ္တဲ့ NLD ကိုသာမဲေပးဖို႔ ေဒါက္တာေဇာ္ျမင့္ေမာင္ တိုက္တြန္း

မႏၲေလး၊ စက္တင္ဘာ – ၈ – ၂၀၂၀
ရႈိင္းေအာင္(VOM)

တိုင္းရင္းသားပါတီေတြ အားေကာင္းလာၿပီး တိုင္းရင္းသားပါတီေတြကို မဲေပးျခင္းအားျဖင့္ တိုင္းရင္းသားေတြအခြင့္အေရးရလာမယ္လို႔ထင္ေနတာ မဟုတ္ဘူးထင္တယ္၊ တိုင္းရင္းသားပါတီေတြႏိုင္ယုံနဲ႔ အစိုးရမဖြဲ႕ႏိုင္တာေၾကာင့္ ျပည္ေထာင္စုပါတီျဖစ္တဲ့ NLD ကိုမဲေပးဖို႔ မႏၲေလး တိုင္းဝန္ႀကီးခ်ဳပ္ ၊ NLDပါတီဗဟို ဒု-ဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က ဒီကေန႔မနက္ပိုင္း မႏၲေလးတိုင္းNLDရံုးမွာ သတင္းမီဒီယာေတြနဲ႔ေတြ႕ဆံုခ်ိန္ သံုးသပ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ ရဲ႕သုံးသပ္ခ်က္ေၾကာင့္ တိုင္းရင္းသားပါတီတစ္ခုျဖစ္တဲ့ SNLD ပါတီ က ေျပာေရးဆိုခြင့္ရွိတဲ့ ဦးစိုင္းခမ္းလိတ္ ကို VOM သတင္းဌာနက ဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါမွာေတာ့ “သူ႔အေနနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုဆိုတဲ့သေဘာတရားကို လုံးဝနားမလည္တာလို႔ မွတ္ခ်က္ေပးခ်င္တယ္၊ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္မယ့္ ႏိုင္ငံေရးပါတီတစ္ရပ္ရဲ႕ ေခါင္းေဆာင္ပိုင္းမွာပါတဲ့ ပုဂၢိဳလ္အေနနဲ႔ ဒါမ်ိဳးမဆင္မျခင္မေျပာသင့္ပါဘူး၊ အဲ့ေတာ့ ဗမာျပည္မွာ အစိုးရဖြဲ႕ႏိုင္တဲ့ပါတီက NLD နဲ႔ USDP ရွိမယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔အားလုံးေမွ်ာ္မွန္းတဲ့ တန္းတူညီမွ်ေရးနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ဆိုတာ ဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ပါဘူး၊ အဲ့ပါတီႏွစ္ခုထဲကိုပဲ တစ္နည္းအားျဖင့္ အစိုးရဖြဲ႕ႏိုင္တဲ့ပါတီကိုပဲ မဲေပးေနရမယ္ဆိုရင္ ကၽြန္ေတာ္တို႔ေမွ်ာ္မွန္းတဲ့ ျပည္ေထာင္စုဆိုတာ ျဖစ္လာႏိုင္စရာအေၾကာင္းလည္းမရွိေတာ့ဘူး၊ တိုင္းျပည္လည္း ၿငိမ္းခ်မ္းစရာ အေၾကာင္းမရွိပါဘူး”လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

#voiceofmyanmar #VOM #NLD #ေ႐ြးေကာက္ပြဲ #တိုင္းရင္းသားပါတီ #SNLD

Related posts

Leave a Comment

VOM News

FREE
VIEW