လာမယ့် ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေး

လာမယ့် ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေး

ဂျီနီဗာ၊ စက်တင်ဘာ-၈-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာကြီးအနေနဲ့ လာမယ့်ကပ်ရောဂါတွေအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်ထားရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့က စက်တင်ဘာ ၇ ရက်မှာ သတိပေးပြောဆိုလိုက်ပြီး နိုင်ငံတွေအနေနဲ့ အများပြည်သူကျန်းမာရေးကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ နောက်ဆုံးကပ်ရောဂါမဖြစ်နိုင်ဘူးလို့ ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။

ရောဂါဖြစ်ပွားမှု ၊ ကပ်ရောဂါတွေဟာ သမိုင်းတစ်လျှောက်မှရှိနေပြီး လူနေမှုဘဝမှာ ရင်ဆိုင်ရမယ့်အရာတွေဖြစ်တယ်လို့ တက်ဒရို့ကပြောပါတယ်။

ဒါပေမယ့် နောက်ထပ်ကပ်ရောဂါဖြစ်ပွားလာရင် ကမ္ဘာကြီးအနေနဲ့ အဆင့်သင့်ဖြစ်နေရမှာဖြစ်ပြီး အခုတစ်ကြိမ်ထက်ပိုမိုအသင့်ရှိနေရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲကပြောပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိပြီးကတည်းက ကမ္ဘာပေါ်မှာ လူပေါင်း ၂၇ ဒသမ ၁၉ သန်းကူးစက်ခံနေရပြီး ၈၈၈၃၂၆ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကူးစက်မှုနှုန်းနှေးသွားပေမယ့် စက်တင်ဘာ ၈ ရက်အထိ တစ်လကျော်ကာလအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုမှာ အမြင့်ဆုံးအဖြစ်စံချိန်တင်နေတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုအများဆုံး အမေရိကန်ပြီးရင် အိန္ဒိယနိုင်ငံဟာ ဘရာဇီးနိုင်ငံကိုကျော်တက်ပြီး ကူးစက်ခံရသူ ၄ ဒသမ ၂၈ သန်းနဲ့ ကူးစက်မှုအများဆုံး ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Ref : Reuters
Photo: Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Zawgyi

လာမယ္႔ ကပ္ေရာဂါေတြအတြက္ ၾကိဳတင္ျပင္ဆင္ထားဖို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔အၾကီးအကဲ သတိေပး

ဂ်ီနီဗာ၊ စက္တင္ဘာ-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ကမၻာၾကီးအေနနဲ႔ လာမယ္႔ကပ္ေရာဂါေတြအတြက္ အေကာင္းဆံုးၾကိဳတင္ျပင္ဆင္ထားရမယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔အၾကီးအကဲ တက္ဒရို႕က စက္တင္ဘာ ၇ ရက္မွာ သတိေပးေျပာဆိုလိုက္ျပီး နိုင္ငံေတြအေနနဲ႔ အမ်ားျပည္သူက်န္းမာေရးက႑ေတြမွာ ရင္းနွီးျမဳပ္နွံၾကဖို႔ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါဟာ ေနာက္ဆံုးကပ္ေရာဂါမျဖစ္နိုင္ဘူးလို႔ ဂ်ီနီဗာမွာျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ သူကေျပာပါတယ္။

ေရာဂါျဖစ္ပြားမႈ ၊ ကပ္ေရာဂါေတြဟာ သမိုင္းတစ္ေလွ်ာက္မွရိွေနျပီး လူေနမႈဘ၀မွာ ရင္ဆိုင္ရမယ္႔အရာေတြျဖစ္တယ္လို႔ တက္ဒရို႕ကေျပာပါတယ္။

ဒါေပမယ္႔ ေနာက္ထပ္ကပ္ေရာဂါျဖစ္ပြားလာရင္ ကမၻာၾကီးအေနနဲ့ အဆင္႔သင္႔ျဖစ္ေနရမွာျဖစ္ျပီး အခုတစ္ၾကိမ္ထက္ပိုမိုအသင္႔ရိွေနရမယ္လို႔ ကမၻာ႕က်န္းမာေရးအဖြဲ႔ အၾကီးအကဲကေျပာပါတယ္။

၂၀၁၉ ခုနွစ္ ဒီဇင္ဘာလအတြင္း တရုတ္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကို စတင္ေတြ႔ရိွျပီးကတည္းက ကမၻာေပၚမွာ လူေပါင္း ၂၇ ဒသမ ၁၉ သန္းကူးစက္ခံေနရျပီး ၈၈၈၃၂၆ ဦးေသဆံုးသြားျပီျဖစ္ပါတယ္။

အိိႏိၵယနိုင္ငံမွာေတာ႔ ကူးစက္မႈနႈန္းေနွးသြားေပမယ္႔ စက္တင္ဘာ ၈ ရက္အထိ တစ္လေက်ာ္ကာလအတြင္း ဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးမႈမွာ အျမင္႔ဆံုးအျဖစ္စံခ်ိန္တင္ေနတယ္လို႔ အိႏိၵယက်န္းမာေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈအမ်ားဆံုး အေမရိကန္ျပီးရင္ အိႏိၵယနုိင္ငံဟာ ဘရာဇီးနိုင္ငံကိုေက်ာ္တက္ျပီး ကူးစက္ခံရသူ ၄ ဒသမ ၂၈ သန္းနဲ႔ ကူးစက္မႈအမ်ားဆံုး ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

Ref : Reuters
Photo: Getty Images
#voiceofmyanmar #VOM #ဂ်ီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW