အာမခံမရတဲ့ပုဒ်မတွေနဲ့ မိထ္ထီလာ ဗကသကျောင်းသားတွေကို ရဲတပ်ဖွဲ့ကဖမ်း

အာမခံမရတဲ့ပုဒ်မတွေနဲ့ မိထ္ထီလာ ဗကသကျောင်းသားတွေကို ရဲတပ်ဖွဲ့ကဖမ်း

မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၀
ဟိန်းကို(VOM)

မိထ္ထီလာတက္ကသိုလ်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသား၂ဦးကို ရခိုင်အရေးအတွက် စတစ်ကာကမ်ပိန်းပြုလုပ်တဲ့အတွက် ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အာမခံမရတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က/ခ)နဲ့ တရားစွဲဆိုထားတယ်လို့ ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။

” ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့ကိစ္စကို ရပ်ဖို့နဲ့ ဖက်ဆစ်စစ်တပ်အလိုမရှိ စတဲ့ စာသားတွေပါတဲ့ စတစ်ကာကမ်ပိန်းကို သူတို့က မိထ္ထီလာမှာလုပ်တယ်၊ အဲ့ကိစ္စနဲ့ပတ်သက်ပြီး မိထ္ထီလာ ထွေအုပ်ကနေ စတစ်ကာကမ်ပိန်းမှာပါဝင်တဲ့ကျောင်းသားတွေကို ၅၀၅ နဲ့ တရားစွဲတယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ အစိုးရကိုမပြောချင်ဘူး စစ်အုပ်စုကို တည့်ပြောချင်တာ၊ စစ်အုပ်စုက သူ့ရဲ့အကျိုးစီးပွားကို ထိခိုက်လာပြီဖြစ်တဲ့အတွက် ဒီလို ကျောင်းသားမရွေး၊ ပြည်သူမရွေး လိုက်ဖမ်းဆီးမယ်၊ ထောင်ချမယ်။ သူတို့ကိုဆန့်ကျင်သူတွေကို ဖိနှိပ်တဲ့အသွင်သဏ္ဍန်ဆောင်လာပါပြီ၊ သူတို့ကို ဘယ်လိုနည်းမျိုးနဲ့မဆို ဆန့်ကျင်နေပါစေ သူတို့ကလည်း နည်းမျိုးစုံနဲ့ပြန်ပြီး ဖိနှိပ်နေတဲ့ပုံစံပါပဲ ဖိလည်းဖိနှိပ်နေပါတယ်၊ လက်ရှိ ရခိုင်ကကျောင်းသား ၂ယောက် ၊ ရန်ကုန်ကကျောင်းသား ၂ယောက်၊ ဒီနေ့ဆိုလည်း ရန်ကုန် မရမ်းကုန်းကကျောင်းသား တစ်ယော်က သူ့အိမ်ကိုဝင်ရှာခံရတယ်၊ ဒီအပတ်အတွင်းမှာပဲ ကယားပြည်နယ်ကျောင်းသားသမဂ္ဂက ကျောင်းသူတွေကို လွိုင်ကော်ထွေအုပ်ကနေပြီးတော့ အတင်းအကြပ်ခံဝန်ထိုးခိုင်းတာတွေ၊ ပြီးရင်မနေ့က ဝါခင်ကုန်းမှာရှာတာတွေ ၊ ဒီနေ့ မိထ္ထီလာကရဲဘော် ၂ယောက်ကိုဖမ်းတာမျိုးတွေပေါ့၊ အဲ့လိုမျိုး သူတို့ကို ဆန့်ကျင်မယ့်သူတွေကို နည်းမျိုးစုံနဲ့ဖိနှိပ်ဖို့စတင်နေပါပြီ၊ ဖိနှိပ်တာကတော့ကြာပါပြီ၊ အခုမှပေါ်ပေါ်တင်တင် ကျောင်းသားတွေကို တည့်ဖိနှိပ်တာပါ”လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။

ဗကသကျောင်းသားတွေဟာ မိထ္ထီလာမြို့မှာ စတစ်ကာကမ်ပိန်းကို ၁၂ရက်လုပ်ခဲ့တာဖြစ်ပြီး ကမ်ပိန်းပြုလုပ်တဲ့ကျောင်းသားတွေထဲက ကိုဆန်းလင်းကိုနဲ့ ကိုသန်းတိုးအောင်တို့ကို မိထ္ထီလာမြို့ပေါ်မှာရှိနေချိန် ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။

မနေ့ စက်တင်ဘာ ၁၄ရက်နေ့ မနက်ပိုင်းကလည်း မန္တလေးမြို့မှာ ဗကသကျောင်းသားတချို့က တပ်မတော်ကိုဆန့်ကျင်တဲ့စာသားတွေပါတဲ့ စာရွက်တွေကို မီးပွိုင့်အနီးက နေရာတွေမှာ လိုက်လံကပ်အပြီး ဘုန်းကြီးကျောင်းတစ်ခုကို ကျောင်းသားတွေနေထိုင်တယ်လို့ဆိုကာ ရဲတပ်ဖွဲ့ကနေ ရှာဖွေတာတွေလည်း ြ ပုလုပ်ခဲ့ပါတယ်။

” မန္တလေးမှာ ကပ်တဲ့သူတွေကိုလည်း လိုက်ဖမ်းပါတယ်။ ပျော်ဘွယ်ဘက်မှာတော့ မြန်မြန်လုပ်ပြီး မြန်မြန်ထွက်လိုက်တာဆိုတော့ သိပ်မသိလို့နေမယ်၊ ဒါတောင်မှ အတိအကျတော့ ပြောလို့မရသေးပါဘူး လိုက်ဖမ်းတာတွေဖြစ်လာအုံးမှာပါ” လို့ ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။

ဗကသကျောင်းသားတွေဟာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရက်တွေကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းလျှောက်ဆန္ဒပြတာတွေ၊ စတစ်ကာကမ်ပိန်းပြုလုပ်တာတွေကို အခုရက်ပိုင်းအတွင်းပြုလုပ်နေပြီး ရဲတပ်ဖွဲ့ကလည်း ဗကသကျောင်းသားတွေကို တရားစွဲဆိုနေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မန္တလေးမြို့မှာ ရခိုင်အရေး ဆန္ဒပြခဲ့တဲ့ ဗကသ ကျောင်းသား ၁၃ ဦးကို ငြိမ်းစုစီပုဒ်မ-၁၉၊ ရခိုင်ကကျောင်းသူအချို့ကိုလည်း ငြိမ်းစုစီပုဒ်မ-၁၉၊ သဘာဝဘေးအန္တရာယ်ဥပဒေပုဒ်မ-၂၅နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #မိထ္ထီလာ #ဗကသကျောင်းသား #ဖမ်းဆီးခံရ

Zawgyi

အာမခံမရတဲ့ပုဒ္မေတြနဲ႔ မိထၳီလာ ဗကသေက်ာင္းသားေတြကို ရဲတပ္ဖြဲ႕ကဖမ္း

မႏၲေလး၊ စက္တင္ဘာ ၁၅-၂၀၂၀
ဟိန္းကို(VOM)

မိထၳီလာတကၠသိုလ္က ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ေက်ာင္းသား၂ဦးကို ရခိုင္အေရးအတြက္ စတစ္ကာကမ္ပိန္းျပဳလုပ္တဲ့အတြက္ ရဲတပ္ဖြဲ႕ကဖမ္းဆီးၿပီး အာမခံမရတဲ့ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ-၅၀၅(က/ခ)နဲ႔ တရားစြဲဆိုထားတယ္လို႔ ဗကသအဖြဲ႕ခ်ဳပ္ ဥကၠ႒ ကိုေအာင္ျပည့္စုံၿဖိဳးကေျပာပါတယ္။

” ရခိုင္ျပည္နယ္မွာျဖစ္ပ်က္ေနတဲ့ကိစၥကို ရပ္ဖို႔နဲ႔ ဖက္ဆစ္စစ္တပ္အလိုမရွိ စတဲ့ စာသားေတြပါတဲ့ စတစ္ကာကမ္ပိန္းကို သူတို႔က မိထၳီလာမွာလုပ္တယ္၊ အဲ့ကိစၥနဲ႔ပတ္သက္ၿပီး မိထၳီလာ ေထြအုပ္ကေန စတစ္ကာကမ္ပိန္းမွာပါဝင္တဲ့ေက်ာင္းသားေတြကို ၅၀၅ နဲ႔ တရားစြဲတယ္လို႔ သိရတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အစိုးရကိုမေျပာခ်င္ဘူး စစ္အုပ္စုကို တည့္ေျပာခ်င္တာ၊ စစ္အုပ္စုက သူ႔ရဲ႔အက်ိဳးစီးပြားကို ထိခိုက္လာၿပီျဖစ္တဲ့အတြက္ ဒီလို ေက်ာင္းသားမေရြး၊ ျပည္သူမေရြး လိုက္ဖမ္းဆီးမယ္၊ ေထာင္ခ်မယ္။ သူတို႔ကိုဆန္႔က်င္သူေတြကို ဖိႏွိပ္တဲ့အသြင္သ႑န္ေဆာင္လာပါၿပီ၊ သူတို႔ကို ဘယ္လိုနည္းမ်ိဳးနဲ႔မဆို ဆန္႔က်င္ေနပါေစ သူတို႔ကလည္း နည္းမ်ိဳးစံုနဲ႔ျပန္ၿပီး ဖိႏွိပ္ေနတဲ့ပံုစံပါပဲ ဖိလည္းဖိႏွိပ္ေနပါတယ္၊ လက္ရွိ ရခိုင္ကေက်ာင္းသား ၂ေယာက္ ၊ ရန္ကုန္ကေက်ာင္းသား ၂ေယာက္၊ ဒီေန႔ဆိုလည္း ရန္ကုန္ မရမ္းကုန္းကေက်ာင္းသား တစ္ေယာ္က သူ႔အိမ္ကိုဝင္ရွာခံရတယ္၊ ဒီအပတ္အတြင္းမွာပဲ ကယားျပည္နယ္ေက်ာင္းသားသမဂၢက ေက်ာင္းသူေတြကို လြိဳင္ေကာ္ေထြအုပ္ကေနၿပီးေတာ့ အတင္းအၾကပ္ခံဝန္ထိုးခိုင္းတာေတြ၊ ၿပီးရင္မေန႔က ဝါခင္ကုန္းမွာရွာတာေတြ ၊ ဒီေန႔ မိထၳီလာကရဲေဘာ္ ၂ေယာက္ကိုဖမ္းတာမ်ိဳးေတြေပါ့၊ အဲ့လိုမ်ိဳး သူတို႔ကို ဆန္႕က်င္မယ့္သူေတြကို နည္းမ်ိဳးစံုနဲ႔ဖိႏွိပ္ဖို႔စတင္ေနပါၿပီ၊ ဖိႏွိပ္တာကေတာ့ၾကာပါၿပီ၊ အခုမွေပၚေပၚတင္တင္ ေက်ာင္းသားေတြကို တည့္ဖိႏွိပ္တာပါ”လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ ဥကၠ႒ ကိုေအာင္ျပည္႔စံုၿဖိဳးကေျပာပါတယ္။

ဗကသေက်ာင္းသားေတြဟာ မိထၳီလာၿမိဳ႕မွာ စတစ္ကာကမ္ပိန္းကို ၁၂ရက္လုပ္ခဲ့တာျဖစ္ၿပီး ကမ္ပိန္းျပဳလုပ္တဲ့ေက်ာင္းသားေတြထဲက ကိုဆန္းလင္းကိုနဲ႔ ကိုသန္းတိုးေအာင္တို႔ကို မိထၳီလာၿမိဳ႕ေပၚမွာရွိေနခ်ိန္ ဖမ္းဆီးခံရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

မေန႔ စက္တင္ဘာ ၁၄ရက္ေန႔ မနက္ပိုင္းကလည္း မႏၲေလးၿမိဳ႕မွာ ဗကသေက်ာင္းသားတခ်ိဳ႔က တပ္မေတာ္ကိုဆန႔္က်င္တဲ့စာသားေတြပါတဲ့ စာ႐ြက္ေတြကို မီးပြိဳင့္အနီးက ေနရာေတြမွာ လိုက္လံကပ္အၿပီး ဘုန္းႀကီးေက်ာင္းတစ္ခုကို ေက်ာင္းသားေတြေနထိုင္တယ္လို ႔ဆိုကာ ရဲတပ္ဖြဲ႕ကေန ရွာေဖြတာေတြလည္း ျ ပဳလုပ္ခဲ့ပါတယ္။

” မႏၲေလးမွာ ကပ္တဲ့သူေတြကိုလည္း လိုက္ဖမ္းပါတယ္။ ေပ်ာ္ဘြယ္ဘက္မွာေတာ့ ျမန္ျမန္လုပ္ၿပီး ျမန္ျမန္ထြက္လိုက္တာဆိုေတာ့ သိပ္မသိလို႔ေနမယ္၊ ဒါေတာင္မွ အတိအက်ေတာ့ ေျပာလို႔မရေသးပါဘူး လိုက္ဖမ္းတာေတြျဖစ္လာအုံးမွာပါ” လို႔ ဗကသအဖြဲ႕ခ်ဳပ္ ဥကၠ႒ ကိုေအာင္ျပည့္စုံၿဖိဳးကေျပာပါတယ္။

ဗကသေက်ာင္းသားေတြဟာ ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ့ အၾကမ္းဖက္လုပ္ရက္ေတြကို ဆန႔္က်င္တဲ့အေနနဲ႔ လမ္းေလွ်ာက္ဆႏၵျပတာေတြ၊ စတစ္ကာကမ္ပိန္းျပဳလုပ္တာေတြကို အခုရက္ပိုင္းအတြင္းျပဳလုပ္ေနၿပီး ရဲတပ္ဖြဲ႕ကလည္း ဗကသေက်ာင္းသားေတြကို တရားစြဲဆိုေနတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မႏၲေလးၿမိဳ႔မွာ ရခိုင္အေရး ဆႏၵျပခဲ့တဲ့ ဗကသ ေက်ာင္းသား ၁၃ ဦးကို ၿငိမ္းစုစီပုဒ္မ-၁၉၊ ရခိုင္ကေက်ာင္းသူအခ်ိဳ႕ကိုလည္း ၿငိမ္းစုစီပုဒ္မ-၁၉၊ သဘာဝေဘးအႏၲရာယ္ဥပေဒပုဒ္မ-၂၅နဲ႔ ရဲတပ္ဖြဲ႔က တရားစြဲဆိုထားတာလည္းျဖစ္ပါတယ္။

#voiceofmyanmar #VOM #မိထၳီလာ #ဗကသေက်ာင္းသား #ဖမ္းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW