တိုင်းအစိုးရဝန်ကြီးတစ်ဦးပါဝင်တဲ့ NLDစည်းရုံးရေးအဖွဲ့ Mask လဲလှယ်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွာအဝင်ကနေပြန်လှည့်ခဲ့ရ

တိုင်းအစိုးရဝန်ကြီးတစ်ဦးပါဝင်တဲ့ NLDစည်းရုံးရေးအဖွဲ့ Mask လဲလှယ်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွာအဝင်ကနေပြန်လှည့်ခဲ့ရ

အောက်တိုဘာ ၁၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း‌၊ ပေါင်းတည်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို မဲဆွယ်စည်းရုံးရေးဆင်းတဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး တစ်ဦးနဲ့ NLD ပါတီဝင်တွေကို တပ်ဆင်လာတဲ့ Maskတွေ လဲလှယ်တပ်ဆင်ခိုင်းတာကြောင့် ပြန်လှည့်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ ပဲခူးတိုင်‌း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။

” မနေ့က ဖြစ်ပုံက ဆင်လူးရွာအဝင်မှာ မောင်းတံဂိတ်တစ်ခုက လူတွေက ပါတီမဲဆွယ်စည်းရုံးရေးအဖွဲ့ကို တားတယ်။တပ်လာတဲ့ Mask တွေကိုချွတ်ပြီး သူတို့ရန်ပုံငွေရောင်းတဲ့စာ ဝယ်တပ်ပေးဖို့ပါ။ အဖွဲ့ကဝယ်မယ်ဆိုပြီး လုပ်တဲ့အခါ ပါလာတဲ့ Maskကို မီးရှို့ဖျက်ဆီးပစ်ဖို့ပြောတော့ လက်မခံဘဲ ပြန်လှည့်လာကြတဲ့သဘောပါ”လို့ ဝန်ကြီး ဦးထွန်း
ထွန်းဦးက ပြောပါတယ်။

ပေါင်းတည်မြို့နယ် NLDပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း၊ လက်ရှိအစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးထွန်းထွန်းဦး လိုက်ပါလာတဲ့ ပါတီမဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်တွေဟာ ဆင်လူးကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာအဝင် မောင်းတံဂိတ်တာဝန်ရှိသူအချို့က Mask တစ်ခုကို ငွေကျပ်တစ်ရာနဲ့ ဝယ်ယူပေးပြီး ပါလာတဲ့ Mask တွေကို လဲ
လှယ် တပ်ဆင်ဖို့ ပြောဆိုခဲ့ရာ အဆင်ပြေခဲ့ပေမယ့် အဟောင်းကို မီးရှို့ဖျက်ဆီးမယ့်ကိစ္စအဆင်မပြေတာကြောင့် လှည့်ပြန်ခဲ့တာလို့ လိုက်ပါလာသူအချို့က ဆိုပါတယ်။

အဲ့ဒီပြဿနာနဲ့ ပတ်သက်လို့ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြိုင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ” မောင်းတံဂိတ်ကို ကျန်မ‌ာရေးအကြောင်းပြချက်ကြောင့်ဖွင့်လှစ်ထားတာကို လက်သင့်ခံထားတာဖြစ်တယ်၊ Mask ကိုပြောင်းလဲတပ်ဆင်ဖို့ ရံပုံငွေတောင်းခံမှုတွေ ပြုလုပ်နေတာ မသိရဘူး၊ သူတို့ကို ပရဟိတအဖွဲ့တွေနဲ့စကားတွေပြောဆိုကြပြီးနောက် ငွေမတောင်းဘဲ ဝင်ခွင့်ပေးတယ်။ သူတို့ဟာသူတို့ မဝင်ကြတော့တာပါ”လို့ ပြောပါတယ်။

ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာအုပ်စုအတွင်းမှာ ကျေးရွာပေါင်း ၇ ရွာနဲ့ လူဦးရေ နှစ်ထောင်နီးပါးရှိနေပြီး အခုလိုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ တမင်လုပ်တယ်လို့ စွပ်စွဲပြစ်တင်ကြတာတွေရှိနေပေမယ့် ကျေးရွာတာဝန်ရှိသူတွေကတော့ ဒေသခံတွေဟာ မည်သည့်ပါတီကို အားပေးတဲ့သူတွေဖြစ်တယ်ဆိုတာ မသိနိုင်ဘူးလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

Photo – ဦးထွန်းထွန်းဦး
#voiceofmyanmar #VOM #ပေါင်းတည်

Zawgyi

တိုင္းအစိုးရဝန္ႀကီးတစ္ဦးပါဝင္တဲ့ NLDစည္း႐ုံးေရးအဖြဲ႕ Mask လဲလွယ္ခိုင္းတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ႐ြာအဝင္ကေနျပန္လွည့္ခဲ့ရ

ေအာက္တိုဘာ ၁၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း‌၊ ေပါင္းတည္ၿမိဳ႕နယ္အတြင္းက ေက်း႐ြာတစ္႐ြာကို မဲဆြယ္စည္း႐ုံးေရးဆင္းတဲ့ တိုင္းအစိုးရအဖြဲ႕ဝန္ႀကီး တစ္ဦးနဲ႔ NLD ပါတီဝင္ေတြကို တပ္ဆင္လာတဲ့ Maskေတြ လဲလွယ္တပ္ဆင္ခိုင္းတာေၾကာင့္ ျပန္လွည့္ခဲ့ရတဲ့ျဖစ္စဥ္တစ္ခု ျဖစ္ေပၚခဲ့တယ္လို႔ ပဲခူးတိုင္‌း လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းျမစ္ဝန္ႀကီး ဦးထြန္းထြန္းဦးက ေျပာပါတယ္။

” မေန႔က ျဖစ္ပုံက ဆင္လူး႐ြာအဝင္မွာ ေမာင္းတံဂိတ္တစ္ခုက လူေတြက ပါတီမဲဆြယ္စည္း႐ံုးေရးအဖြဲ႕ကို တားတယ္။တပ္လာတဲ့ Mask ေတြကိုခြၽတ္ၿပီး သူတို႔ရန္ပုံေငြေရာင္းတဲ့စာ ဝယ္တပ္ေပးဖို႔ပါ။ အဖြဲ႕ကဝယ္မယ္ဆိုၿပီး လုပ္တဲ့အခါ ပါလာတဲ့ Maskကို မီးရႈိ႕ဖ်က္ဆီးပစ္ဖို႔ေျပာေတာ့ လက္မခံဘဲ ျပန္လွည့္လာၾကတဲ့သေဘာပါ”လို႔ ဝန္ႀကီး ဦးထြန္း
ထြန္းဦးက ေျပာပါတယ္။

ေပါင္းတည္ၿမိဳ႕နယ္ NLDပါတီက တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၊ လက္ရွိအစိုးရအဖြဲ႕ဝင္ဝန္ႀကီး ဦးထြန္းထြန္းဦး လိုက္ပါလာတဲ့ ပါတီမဲဆြယ္စည္း႐ုံးေရးအဖြဲ႕ဝင္ေတြဟာ ဆင္လူးေက်း႐ြာအုပ္စု၊ ေတာင္ကုန္းေက်း႐ြာအဝင္ ေမာင္းတံဂိတ္တာဝန္ရွိသူအခ်ိဳ႕က Mask တစ္ခုကို ေငြက်ပ္တစ္ရာနဲ႔ ဝယ္ယူေပးၿပီး ပါလာတဲ့ Mask ေတြကို လဲ
လွယ္ တပ္ဆင္ဖို႔ ေျပာဆိုခဲ့ရာ အဆင္ေျပခဲ့ေပမယ့္ အေဟာင္းကို မီးရႈိ႕ဖ်က္ဆီးမယ့္ကိစၥအဆင္မေျပတာေၾကာင့္ လွည့္ျပန္ခဲ့တာလို႔ လိုက္ပါလာသူအခ်ိဳ႕က ဆိုပါတယ္။

အဲ့ဒီျပႆနာနဲ႔ ပတ္သက္လို႔ ဆင္လူးေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ႀကိဳင္ကို ဆက္သြယ္ေမးျမန္းတဲ့အခါ ” ေမာင္းတံဂိတ္ကို က်န္မ‌ာေရးအေၾကာင္းျပခ်က္ေၾကာင့္ဖြင့္လွစ္ထားတာကို လက္သင့္ခံထားတာျဖစ္တယ္၊ Mask ကိုေျပာင္းလဲတပ္ဆင္ဖို႔ ရံပုံေငြေတာင္းခံမႈေတြ ျပဳလုပ္ေနတာ မသိရဘူး၊ သူတို႔ကို ပရဟိတအဖြဲ႕ေတြနဲ႔စကားေတြေျပာဆိုၾကၿပီးေနာက္ ေငြမေတာင္းဘဲ ဝင္ခြင့္ေပးတယ္။ သူတို႔ဟာသူတို႔ မဝင္ၾကေတာ့တာပါ”လို႔ ေျပာပါတယ္။

ေပါင္းတည္ၿမိဳ႕နယ္၊ ဆင္လူးေက်း႐ြာအုပ္စုအတြင္းမွာ ေက်း႐ြာေပါင္း ၇ ႐ြာနဲ႔ လူဦးေရ ႏွစ္ေထာင္နီးပါးရွိေနၿပီး အခုလိုျဖစ္တဲ့ကိစၥနဲ႔ပတ္သက္လို႔ တမင္လုပ္တယ္လို႔ စြပ္စြဲျပစ္တင္ၾကတာေတြရွိေနေပမယ့္ ေက်း႐ြာတာဝန္ရွိသူေတြကေတာ့ ေဒသခံေတြဟာ မည္သည့္ပါတီကို အားေပးတဲ့သူေတြျဖစ္တယ္ဆိုတာ မသိႏိုင္ဘူးလို႔ တုန္႔ျပန္ေျပာဆိုခဲ့ပါတယ္။

Photo – ဦးထြန္းထြန္းဦး
#voiceofmyanmar #VOM #ေပါင္းတည္

Related posts

Leave a Comment

VOM News

FREE
VIEW