ကျိုက်လတ်မြို့မှာ ပြည်သူ့ပါတီ ၀န်းရံသူများ အင်အားပြလှည့်လည်မှု ရဲတပ်ဖွဲ့မှတားဆီး

အောက်တိုဘာ ၃၁-၂၀၂၀ အေးချမ်းသူ(VOM) ကျိုက်လတ်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ပြည်သူ့ပါတီကို ဝန်းရံအားပေးသူတွေဟာ မြို့တွင်းကိုလှည့်လည်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တားဆီးခြင်းကိုခံခဲ့ရတယ်လို့ ကြက်ကွင်းကျေးရွာမှ ကိုပေါက်စက VOMကိုပြောပါတယ်။ “ကျနော်တို့က စည်းကမ်းတကျ လှည့်တာ၊ လူလည်းမများဘူး၊ ကြက်ကွင်းကျေးရွာကနေ ဒိုက်ဖျက်ကျေးရွာအဖြတ်မှာ ဖလံကုန်းရွာကနေရဲတွေကတားပြီး ရွာကိုပြန်ခိုင်းတယ်၊ မသွားရဘူး မလှည့်ရဘူး”လို့ ကိုပေါက်စကပြောပါတယ်။ ပြည်သူ့ပါတီကို ဝန်းရံသူပြည်သူတွေအနေနဲ့ ကျုံပျော်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တွေ စကားအချေအတင်ဖြစ်ကြတဲ့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားရောက်ဖြေရှင်းခဲ့ရပြီး ဝန်းရံသူတွေကလည်း မိမိနေထိုင်ရာကျေးရွာတွေကို ပြန်လွှတ်ခဲ့တယ်လို့ ပြည်သူ့ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်လွင်က VOMကိုပြောပါတယ်။ “လူကမများပါဘူး UECက ကြေညာထားတဲ့အတိုင်းပဲ ၅၀မကျော်ဘူး၊ ဂွန်ဒါင်းတစ်စီး နဲ့တစ်စီးလည်း အကွာကြီး၊ ဒါပေမဲ့ ပြဿနာမတက်ချင်လို့ ရွာသားတွေကိုပြန်ခိုင်းလိုက်တာ”လို့ ဦးအောင်ကျော်လွင်ကပြောပါတယ်။ ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူ့ပါတီကို ‌ထောက်ခံအားပေးကြတဲ့ ကျေးရွာ ၂၀၊ ဝန်းရံသူ ၃၀၀ကျော်မှ မြို့အတွင်း လှည့်လည်မယ့်အစီအစဉ်ကိုလည်း သိရှိတယ်လို့ ပြည်သူ့ပါတီမှ…

Read More

လက်နက်ကိုင်အဖွဲ့ကလို့အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေကို ဖမ်းဆီးရမိ

အောက်တိုဘာ ၃၁-၂၀၂၀ သူရိန်(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)အဖွဲ့ကလို့ပြောဆိုပြီး အရပ်သားတစ်ဦးကို လက်နက်နဲ့ခြိမ်းခြောက် လက်ထိပ်ခတ်ကာ ကျပ်သိန်း ၇၀ တောင်းယူခဲ့သူ ကျော်ကျော်(မြေသြဇာ)ဆိုသူကို မနေ့အောက်တိုဘာ ၃၀ ရက် ညပိုင်းက ဒိုက်ဦးမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် ပြန်ပေးဆွဲမှုပြုလုပ်ခဲ့တဲ့ မြဝတီမြို့နယ် အမှတ်-၅ ရပ်ကွက် တရုတ်ဘုံကျောင်းရှေ့မှာရှိတဲ့ ခြံဝန်းတစ်ခုထဲကနေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ BGF တံဆိပ်ပါ ယူနီဖောင်းနဲ့အီကွေ့မန့်၊ လက်ထိပ်အပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်-၂ ရပ်ကွက်၊ ရွှေဒင်္ဂါးလမ်းမှာနေတဲ့ အရောင်းအဝယ်လုပ်ကိုင်သူ ဦးမင်းမင်းနိုင်ဆိုသူဟာ အောက်တိုဘာ ၂၆ ရက် မနက် ၂ နာရီအချိန်ခန့်က မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးမှာ ယာဉ်အမှတ်/ ကားအမျိုးအစား(မမှတ်မိ) အဖြူရောင်ယာဉ်ကိုရပ်တန့်ပြီးအိပ်နေစဉ် အမှတ်-၄…

Read More

ဘိုးဘွားဂေဟာက အဘိုးအဘွားတွေ မဲပေးခဲ့တာ အဆင်ပြေမှုရှိရဲ့လား

မန္တလေး၊ အောက်တိုဘာ- ၃၁- ၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်အတွင်းမှာရှိတဲ့ မန်းတောင်ခြေဘိုးဘွားရိပ်သာကဘိုးဘွားတွေဟာ အောက်တိုဘာလ (၃၁) ရက်နေ့ မနက်ပိုင်းက ကြိုတင်မဲပေးခဲ့ ကြတာဖြစ်ပြီး အဖိုးအဖွား မဲဆန္ဒရှင် တွေရဲ့ အသံ ကို VOM သတင်းထောက် ကိုညီသစ် က ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ အဲ့ဒီဘိုးဘွားရိပ်သာမှာ အဘိုးအဖွား ၇၂ ဦး အပါအဝင် အသက် ၆၀ ကျော် ဝန်ထမ်းမိသားစု ၈ ဦးတို့ ဆန္ဒမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ #VOM #VoiceofMyanmar #Election #ရွေးကောက်ပွဲ #အသက်၆၀အထက်မဲဆန္ဒရှင် zawgy ဘိုးဘွားဂေဟာက အဘိုးအဘွားတွေ မဲပေးခဲ့တာ အဆင်ပြေမှုရှိရဲ့လား မန္တလေး၊ အောက်တိုဘာ- ၃၁- ၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်အတွင်းမှာရှိတဲ့ မန်းတောင်ခြေဘိုးဘွားရိပ်သာကဘိုးဘွားတွေဟာ အောက်တိုဘာလ (၃၁)…

Read More

ကျွန်းရင်းရွာမှာဖြစ်ခဲ့တဲ့ မဲမသမာမှုဖြစ်စဉ်က ကြိုတင်မဲဆန္ဒရှင်တွေကို နိုဝင်ဘာ ၈ရက်နေ့မှာ ပြန်လည်မဲပေးဖို့ခွင့်ပြုထား

အောက်တိုဘာ ၃၁-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ရက်နေ့ကဖြစ်ခဲ့တဲ့ မဲမသမာမှုဖြစ်စဉ်က ကြိုတင်မဲဆန္ဒရှင်တွေကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြန်လည်မဲပေးဖို့ ခွင့်ပြုထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်ကပြောပါတယ်။ ကျွန်းရင်းကျေးရွာမှာ အသက်၆၀နှစ်အထက်ကြိုတင်မဲကောက်ယူနေချိန် သက်ကြီးရွယ်အိုများရဲ့ဆန္ဒကိုလွန်ဆန်ကာ မဲလက်မှတ်တွေပေါ်မှာ အစိမ်းပါတီတစ်ခုတည်းကိုပဲ တံဆိပ်တုံးထုနှက်တယ်လို့ ရွာသူရွာသားတွေက စွပ်စွဲခဲ့တဲ့အတွက် ရွာသူရွာသားတွေနဲ့ မဲရုံတာဝန်ရှိသူတို့ ပြဿနာဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်ပြောတာက”ပေါက်မြို့နယ်အနေအထားကတော့ အခင်းမဖြစ်ခင် အသက်၆၀နဲ့အထက် ကြိုတင်မဲပေးပြီးသားက လူ၄၀ရှိတယ်၊ အဓိက ပြဿနာဖြစ်တာက၂၄ဦး၊ ရွာခံတွေက တောင်းဆိုတာက ၁။အချက်မဲပုံးကြီးကိုဖွင့်ပြပါ၊ ၂။အချက်က သူတို့မသင်္ကာတဲ့ ကိုယ်စားပေးခဲ့တဲ့ လူ၂ဦးကိုအရေးယူပေးပေါ့၊ ဒါက တရားဝင်စုံစမ်းစစ်ဆေးနေပြီ၊ ဟုတ်ခဲ့ရင်အရေးယူမယ်၊ နောက် ၃။အချက်က ကြိုတင်မဲပေးခဲ့တဲ့လူ ၄၀ဦးကို နိုဝင်ဘာ ၈ ရက်နေ့မှာ မဲပြန်ပေးဖို့ခွင့်ပြုဖို့တောင်းဆိုတယ်၊ သူတို့ရဲ့အခွင့်အရေးမဆုံးရှုံးအောင် ၈ရက်နေ့မှာ မဲပြန်ပေးဖို့…

Read More

ဗန်းမော် လေကြောင်းရုံးက လူသတ်မှုကျူးလွန်သူဟာ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်နေ

အောက်တိုဘာ ၃၁-၂၀၂၀ ကိုတိုးကြီး (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ မြန်မာ့လေကြောင်းရုံးမှာနေတဲ့ လေကြောင်းရုံးမန်နေဂျာရဲ့အိမ်မှာ မနေ့အောက်တိုဘာ ၃၀ရက် နေ့လယ်ပိုင်းက လူသတ်၊ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကြောင့် လေကြောင်းရုံးမန်နေဂျာ ဦးအောင်ဇော်မြင့်ဦး ရဲ့ ဇနီးဖြစ်သူ အသက် (၄၅) နှစ်အမျိုးသမီးဟာ မီးဖိုခန်းအတွင်း ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့ပြီး မီးခံသေတ္တာထဲက ပိုက်ဆံ သိန်း ၂၀ လည်း ပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမည်မသိ လူ ၃ ယောက်ဟာ နေအိမ်အတွင်းဝင်ရောက်လာပြီး သူတို့ကို တိပ်ဖြင့် ရစ်ပတ်ချည်နှောင်ကာ ရိုက်နှိပ်ပြီး ပိုက်ဆံတွေ လုယူသွားတယ်လို့ သေဆုံးသူရဲ့ခင်ပွန်းဖြစ်သူကိုယ်တိုင်က ဗန်းမော်ရဲစခန်းမှာ (ပ)၂၁၂/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ / ၃၉၄ အရ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ တိုင်ကြားချက်အရ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေဆောင်ရွက်တဲ့အခါ ဒီကနေ့မနက် ၁ နာရီမှာပဲ…

Read More

ရပ်ကျေး‌ကော်မရှင်ရုံး ကြိုတင်မဲပုံးသိမ်းတဲ့နေရာမှာ လ-ဝ-ကဝန်ကြီးညွှန်ကြားမှုနဲ့ CCTV တွေ တပ်ဆင်ထားမှုဖြစ်ပွားခဲ့

အောက်တိုဘာ ၃၁-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်နဲ့ မုတ္တမကျေးရွာအုပ်ချုပ်ရေးမှူး ကြိုတင်မဲပုံသိမ်းတဲ့နေရာတွေမှာ ပြည်နယ်အစိုးရအဖွဲ့ လ.ဝ.ကဝန်ကြီးတစ်ဦးရဲ့ လမ်းညွှန်ချက်နဲ့ CCTV ( စောင့်ကြည့်ကင်မရာ)တွေ တပ်ဆင်ထားတဲ့ဖြစ်စဉ် မနေ့ အောက်တိုဘာ ၃၀ရက်နေ့ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ CCTV တွေကို ပြန်ဖြုတ်သိမ်းလိုက်တယ်လို့ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ” မဲပေးတဲ့နေရာမဟုတ်ဘဲ ပုံးသိမ်းဖို့လုပ်ထားတဲ့နေရာမှာ တပ်ထားတာပါ။ ရပ်ကွက်အခင်းဖြစ်ညနေပိုင်းမှာပဲ ကော်မရှင်ညွန်ကြားချက်နဲ့ ပြန်ဖြုတ်သိမ်းပြီးပါပြီ”လို့ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်ကပြောပါတယ်။ အခုလို ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ကြိုတင်မဲပုံးသိမ်းတဲ့နေရာ၂ခုကို အောက်တိုဘာ ၃၀ ရက် မနက်၁၁နာရီကျော်လောက်က မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနဲ့လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဦးထွန်းမင်းအောင်ရဲ့ညွှန်ကြားမှုနဲ့ CCTV စောင့်ကြည့်ကင်မရာတွေကို လာရောက်တပ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မဲရုံမှာ မဲပေးသူ‌တွေ လုံခြုံမှုနဲ့အခွင့်အရေးအရ ဓာတ်ပုံရိုက်ခွင့်၊ အသံဖမ်းခွင့်တောင် မပေးထားဘူး။ အခုဟာက ရုပ်သံရိုက်ကူးနေတာဖြစ်လို့ဥပဒေအရပြန်ဖြုတ်သိမ်းခိုင်းလိုက်တာ”လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသက်နိုင်ဦးက‌ရှင်းပြပါတယ်။ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာမှာ…

Read More

တမူးရဲစခန်းက အချုပ်တရားခံ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့

အောက်တိုဘာ ၃၁-၂၀၂၀ ကိုတိုးကြီး (VOM) မြန်မာ – အိန္နိယ နယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မရဲစခန်းက အချုပ်တရားခံ တစ်ယောက်ဟာ မနေ့ အောက်တိုဘာ ၃၀ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိပြီး အဲ့ဒီအချုပ်တရားခံနဲ့ ထိတွေ့ခဲ့သူ ရဲဝန်ထမ်း ၁၁ ယောက်ကိုလည်း ကွာရန်တင်းစင်တာမှာထားရှိပြီး ကျန်းမာရေးစစ်ဆေးနေတယ်လို့ သိရပါတယ်။ တမူးမြို့မရဲစခန်း မယ(ပ) ၉၁/၂၀၂၀၊ မူးစိတ်ပုဒ်မ-၁၉ (က)/၂၁ အမှုက အချုပ်တရားခံ အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ယောက်နဲ့ အသက် (၂၁) နှစ်အရွယ် အမျိုးသမီး တစ်ယောက်ကို တမူးပြည်သူ့ဆေးရုံအချုပ်မှာ ကွာရန်တင်းထားရှိပြီး Tesk kit ဖြင့် စစ်ဆေးခဲ့ရာ အသက် (၃၉) နှစ်အရွယ် အမျိုးသား အချုပ်တရားခံမှာ ကိုဗစ် ၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ” ပိုးတွေ့လူနာ…

Read More

တံဆိပ်တုံးအတုနဲ့ ဆန္ဒမဲပေးဖို့လုပ်ဆောင်ခဲ့တဲ့ USDPမဲရုံကိုယ်စားလှယ်လောင်းကို NLDကိုယ်စားလှယ်လောင်းက အမှုဖွင့်ဖို့စီစဉ်

အောက်တိုဘာ ၃၁-၂၀၂၀ သိင်္ဂီထွန်း ( VOM ) လှည်းကူးမြို့နယ်မှာ မနေ့အောက်တိုဘာ ၃၀ရက်နေ့က ကြိုတင်မဲကောက်ခဲ့ချိန် တံဆိပ်တုံးအတုနဲ့ ဆန္ဒမဲပေးဖို့လုပ်ဆောင်ခဲ့တဲ့ USDP ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံကိုယ်စားလှယ်ကို အမှုဖွင့်ဖို့အတွက် စီစဉ်နေတယ်လို့ NLDပါတီမှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းတန်ကပြောပါတယ်။ အခုလို တံဆိပ်တုံးအတုအသုံးပြုပြီး မဲပေးစေခဲ့တဲ့ကိစ္စကို မကျေနပ်တဲ့အတွက် ကန့်ကွက်ကြောင်းကိုလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတဲ့အပြင် ၊ အမှုဖွင့်နိုင်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးလုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ “မနေ့က မနက် ၁၀ နာရီဝန်းကျင်လောက်ဖြစ်မှာပေါ့။ စစပြီးချင်းမှာပဲ ပထမ ၃ အိမ်မှာ ၅ ယောက်ပေးပြီးပြီ။ နောက်တစ်အိမ်အကူး သူကနေ အိမ်ထဲကိုဝင်လို့ရတဲ့ ဦးကျော်စိုးဆိုတဲ့ အိမ်ထဲကို ဝင်ခွင့်ရတဲ့ ရပ်ကွက်ကော်မရှင်ကို တံဆိပ်တုန်းလေး လှမ်းပေးလိုက်တယ်။ တံဆိပ်တုံးက ကော်မရှင်ပဲ ကိုင်ခွင့်ရှိတာကို ဒီကလေးမဆီကနေ တံဆိပ်ပေးလိုက်တယ်ဆိုတော့ နည်းနည်းလေး မသင်္ကာဘူးဖြစ်သွားတယ်။ နောက်တစ်အိမ်ကို…

Read More

ကြိုတင်မဲပေးရာမှာ ဝင်ရောက်စွက်ဖက်တဲ့ NLD ပါတီဝင်တစ်ယောက်ကို UBPပါတီ ကိုယ်စားလှယ်လောင်းက အမှုဖွင့်တိုင်တန်း

အောက်တိုဘာ ၃၁-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံးက ကြိုတင်မဲရုံထဲကို ဝင်ရောက်ပြီး မဲပေးရာမှာ ဝင်ရောက်စွက်ဖက်နေတဲ့ NLDပါတီဝင်တစ်ယောက်ကို ပြည်ထောင်စုကောင်းကျိုးဆောင်(UBP)ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်မိုးနိုင်က အောက်တိုဘာ ၂၉ရက် ညပိုင်းက ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။ ပလိုင်းကျေးရွာမှာနေတဲ့ မဲဆန္ဒရှင်တစ်ဦးက ကြိုတင်မဲရုံကို လာရောက်မဲပေးချိန် ဆွေမျိုးတော်စပ်ခြင်းမရှိသူ NLDပါတီဝင် ဦးချိုမောင်ရင် ဆိုသူက မဲရုံအတွင်းလိုက်ပါသွားပြီး ဆန္ဒမဲပေးရာမှာ ဝင်ရောက်စွက်ဖက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” အမှုဖွင့်ထားတာရှိတယ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မိုးနိုင်က NLDပါတီဝင် ဦးချိုမောင်ရင်ကိုယ် အမှုဖွင့်တိုင်တန်းထားတာ ဖြစ်တယ်လို့ ” လို့ ရွှေဘိုမြိုမရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်ကပြောပါတယ်။ အဲ့ဒီကိစ္စကို ရွှေဘိုမြို့မရဲစခန်းမှ (ပ) ၆၂၆/၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၆၁(ဂ)အရ အမှုရေးဖွင့်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုလိုကိစ္စမျိုး မဖြစ်စေဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က…

Read More

သထုံမြို့မှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်အတွင်းမထည့်ဘဲ မဲပုံးထဲကို တိုက်ရိုက်ထည့်တာတွေရှိနေ

အောက်တိုဘာ ၃၀-၂၀၂၀ ကောင်းလက်ျာ(VOM) သထုံမြို့၊ ကြက်တူရွေးသောင်ကျေးရွာအုပ်စု၊ ဝါးခုတ်တောမဲရုံမှာ အောက်တိုဘာ၂၉ ရက်နေ့က ကြိုတင်ဆန္ဒမဲပေးခဲ့ကြရာမှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်ထဲမထည့်ဘဲ မဲပုံးထဲကို တိုက်ရိုက်ထည့်‌နေတယ်လို့ သထုံမြို့နယ် ပြည်ခိုင်ဖြိုး(USDP)ပါတီကနေ သိရပါတယ်။ ကျေးရွာရှိ အသက် ၆၀နဲ့အထက် မဲဆန္ဒရှင်တွေ ဝါးခုတ်တောမဲရုံကိုလာရောက်ပြီး ဆန္ဒမဲပေးရာမှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်မပေးဘဲ ကျေးရွာကော်မရှင်က ထုတ်ပေးခဲ့တာဖြစ်ပြီး မဲပေးသူတွေက ချိတ်ပိတ်ထားတဲ့ မဲပုံးထဲကို စာအိတ်မပါဘဲ ထည့်သွင်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ” သတင်းရလို့ ကျွန်တော်ကိုယ်တိုင်လိုက်သွားတဲ့အခါ ကော်မရှင်က နေအိမ်ကိုလိုက်ထည့်ခိုင်းမှ စာအိတ်ပေးမယ်လို့ပြောတယ်။ ဒါကြောင့် မြို့နယ်ကော်မရှင်ကို အသိပေးခဲ့တာပါ။ မဲပြန်‌ပေးမလား။ ဒီအတိုင်းထားမလားဆိုတာ စောင့်ကြည့်နေပါတယ်”လို့ သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စောမျိုးမင်းဌေးကပြောပါတယ်။ စာအိတ်ကို‌မပေးမိကြောင်းနဲ့ကြိုတင်မဲလက်မှတ်တွေကို မဲပုံးထဲကို တိုက်ရိုက်ထည့်ခိုင်းမိတယ်လို့ ပြောဆိုဝန်ခံခဲ့ပြီး ပထမဦဆုံးအတွေ့ကြုံအရ မှားယွင်းနိုင်တယ်လို့ယူဆကြောင်း သထုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့က ပြောပါတယ်။ ” ဌာနဆိုင်ရာတွေ ကော်မရှင်တာဝန်ရှိသူတွေ…

Read More
VOM News

FREE
VIEW