ကြိုတင်မဲပေးရာမှာ ဝင်ရောက်စွက်ဖက်တဲ့ NLD ပါတီဝင်တစ်ယောက်ကို UBPပါတီ ကိုယ်စားလှယ်လောင်းက အမှုဖွင့်တိုင်တန်း

အောက်တိုဘာ ၃၁-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံးက ကြိုတင်မဲရုံထဲကို ဝင်ရောက်ပြီး မဲပေးရာမှာ ဝင်ရောက်စွက်ဖက်နေတဲ့ NLDပါတီဝင်တစ်ယောက်ကို ပြည်ထောင်စုကောင်းကျိုးဆောင်(UBP)ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်မိုးနိုင်က အောက်တိုဘာ ၂၉ရက် ညပိုင်းက ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။

ပလိုင်းကျေးရွာမှာနေတဲ့ မဲဆန္ဒရှင်တစ်ဦးက ကြိုတင်မဲရုံကို လာရောက်မဲပေးချိန် ဆွေမျိုးတော်စပ်ခြင်းမရှိသူ NLDပါတီဝင် ဦးချိုမောင်ရင် ဆိုသူက မဲရုံအတွင်းလိုက်ပါသွားပြီး ဆန္ဒမဲပေးရာမှာ ဝင်ရောက်စွက်ဖက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” အမှုဖွင့်ထားတာရှိတယ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မိုးနိုင်က NLDပါတီဝင် ဦးချိုမောင်ရင်ကိုယ် အမှုဖွင့်တိုင်တန်းထားတာ ဖြစ်တယ်လို့ ” လို့ ရွှေဘိုမြိုမရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်ကပြောပါတယ်။

အဲ့ဒီကိစ္စကို ရွှေဘိုမြို့မရဲစခန်းမှ (ပ) ၆၂၆/၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၆၁(ဂ)အရ အမှုရေးဖွင့်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလိုကိစ္စမျိုး မဖြစ်စေဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရုံးမှူး နဲ့ မဲရုံစောင့်တွေ လိုက်နာဖို့ သင်တန်းများပို့ချပေးထားတာရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရွေဘို #ကြိုတင်မဲ #NLDပါတီ #UBPပါတီ #အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW