ပဲခူးခရိုင်မှာ အသက်၆၀နဲ့အထက် ကြိုတင်မဲပေးနိုင်သူ တစ်သိန်းခုနှစ်သောင်းကျော်ရှိ

ပဲခူးခရိုင်မှာ အသက်၆၀နဲ့အထက် ကြိုတင်မဲပေးနိုင်သူ တစ်သိန်းခုနှစ်သောင်းကျော်ရှိ

အောက်တိုဘာ ၁၈-၂၀၂၀
သိင်္ဂီ(VOM)

ပဲခူးခရိုင်မှာ အသက် ၆၀ အထက် ကြိုတင်မယ့်ပေးနိုင်တဲ့သူ ၁၇၀၀၀၀ ကျော် ရှိနေတယ်လို့ ပဲခူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

အဲ့ဒီအထဲမှာ လုံခြု့ရေးအဖွဲ့၊ အစိုးရအဖွဲ့ ဝင်တွေ၊ မဲရုံဝန်ထမ်းတွေ ပါဝင်မှုမရှိသေးသလို ကိုဗစ်ကြောင့် ကွာရန်တင်းဝင်နေတဲ့သူတွေ မပါဝင်ဘူးလို့ သိရပါတယ်။

“လောလောဆယ် တစ်ခရိုင်လုံးအနေနဲ့ အသက် ၆၀ အထက် ကြိုတင်မဲပေးဖို့လျာထားတာ ၁၇၀၀၀၀ လောက်ရှိတယ်။ တခြားကြိုတင်မဲတွေက မသိသေးဘူး။ Qဝင်နေသူတွေစာရင်းက စင်တာ ၂၀၀ ကျော်လောက်ရှိတယ်။ ကြိုတင်မဲပေးဖို့အတွက်လည်း သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေ စီစဉ်နေပါတယ်”လို့ ပဲခူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းသက်နောင်ကပြောပါတယ်။

ကိုဗစ်ကာလ ကွာရန်တင်းဝင်ရောက်နေသူတွေကို ကြိုတင်မဲယူတဲ့အခါ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၈ ရက်နေ့မတိုင်မီ Quarantine စင်တာကထွက်မယ့် သူတွေကိုတော့ ကြိုတင်မဲမယူတော့ဘဲ အဲ့ဒီရက်နောက်ပိုင်း Qထွက်မယ့်သူတွေကိုသာ ကြိုတင်မဲရယူမယ်လို့ သိရပါတယ်။

ကြိုတင်မဲကောက်ယူခြင်းကိုတော့ အခုလ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြိး နိုဝင်ဘာလ ၅ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်ပြီး ကျန်းမာရေးမကောင်းသူ၊ အသက်အရွယ်ကြီးသူတွေနဲ့ ကွာရန်တင်းဝင်နေသူတွေကို အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ပဲခူးခရိုင်ထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ ကျေးရွာအုပ်စုပေါင်း (၃၀) ရှိပြီး အဲ့ဒီ ကျေးရွာအုပ်စုတွေဟာ ရွှေကျင်မြို့နယ်ထဲမှာ တည်ရှိနေတာဖြစ်ပါတယ်။

Photo – ပဲခူးမြို့သူမြို့သားများ
#voiceofmyanmar #VOM #ပဲခူး #ရွေးကောက်ပွဲ #ကြိုတင်မဲ

Zawgyi

ပဲခူးခ႐ိုင္မွာ အသက္၆၀နဲ႔အထက္ ႀကိဳတင္မဲေပးႏိုင္သူ တစ္သိန္းခုႏွစ္ေသာင္းေက်ာ္ရွိ

ေအာက္တိုဘာ ၁၈-၂၀၂၀
သိဂႌ(VOM)

ပဲခူးခ႐ိုင္မွာ အသက္ ၆၀ အထက္ ႀကိဳတင္မယ့္ေပးႏိုင္တဲ့သူ ၁၇၀၀၀၀ ေက်ာ္ ႐ွိေနတယ္လို႔ ပဲခူးခ႐ိုင္ ေရြးေကာက္ပြဲေကာ္မ႐ွင္အဖြဲ႔ခြဲကေန သိရပါတယ္။

အဲ့ဒီအထဲမွာ လုံျခဳ႕ေရးအဖြဲ႔၊ အစိုးရအဖြဲ႔ ဝင္ေတြ၊ မဲ႐ုံဝန္ထမ္းေတြ ပါဝင္မႈမ႐ွိေသးသလို ကိုဗစ္ေျကာင့္ ကြာရန္တင္းဝင္ေနတဲ့သူေတြ မပါဝင္ဘူးလို႔ သိရပါတယ္။

“ေလာေလာဆယ္ တစ္ခ႐ိုင္လုံးအ​ေနနဲ႔ အသက္ ၆၀ အထက္ ႀကိဳတင္မဲေပးဖို႔လ်ာထားတာ ၁၇၀၀၀၀ ေလာက္႐ွိတယ္။ တျခားႀကိဳတင္မဲေတြက မသိေသးဘူး။ Qဝင္ေနသူေတြစာရင္းက စင္တာ ၂၀၀ ေက်ာ္ေလာက္႐ွိတယ္။ ႀကိဳတင္မဲ​ေပးဖို႔အတြက္လည္း သက္ဆိုင္ရာ ၿမိဳ႕နယ္တာဝန္႐ွိသူေတြ စီစဥ္ေနပါတယ္”လို႔ ပဲခူးခ႐ိုင္ ေရြးေကာက္ပြဲေကာ္မ႐ွင္အဖြဲ႔ခြဲအတြင္း​ေရးမွဴး ဦးမင္းသက္ေနာင္ကေျပာပါတယ္။

ကိုဗစ္ကာလ ကြာရန္တင္းဝင္ေရာက္ေနသူေတြကို ႀကိဳတင္မဲယူတဲ့အခါ ေရြးေကာက္ပြဲက်င္းပမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မတိုင္မီ Quarantine စင္တာကထြက္မယ့္ သူေတြကိုေတာ့ ႀကိဳတင္မဲမယူေတာ့ဘဲ အဲ့ဒီရက္ေနာက္ပိုင္း Qထြက္မယ့္သူေတြကိုသာ ႀကိဳတင္မဲရယူမယ္လို႔ သိရပါတယ္။

ႀကိဳတင္မဲေကာက္ယူျခင္းကိုေတာ့ အခုလ ေအာက္တိုဘာလ ၂၉ ရက္ေန႔ကစၿပိး ႏိုဝင္ဘာလ ၅ ရက္ေန႔အထိ ​ေဆာင္ရြက္မွာျဖစ္ၿပီး က်န္းမာေရးမေကာင္းသူ၊ အသက္အရြယ္ႀကီးသူေတြနဲ႔ ကြာရန္တင္းဝင္ေနသူေတြကို အိမ္တိုင္ရာေရာက္ လိုက္လံေဆာင္ရြက္ေပးမွာျဖစ္ပါတယ္။

ပဲခူးခ႐ိုင္ထဲမွာ ေရြးေကာက္ပြဲ က်င္းပႏိုင္ျခင္းမ႐ွိတဲ့​ ေက်းရြာအုပ္စုေပါင္း (၃၀) ႐ွိၿပီး အဲ့ဒီ ေက်းရြာအုပ္စု​ေတြဟာ ေရႊက်င္ၿမိဳ႕နယ္ထဲမွာ တည္႐ွိေနတာျဖစ္ပါတယ္။

Photo – ပဲခူးၿမိဳ႔သူၿမိဳ႔သားမ်ား
#voiceofmyanmar #VOM #ပဲခူး #ေရြးေကာက္ပြဲ #ႀကိဳတင္မဲ

Related posts

Leave a Comment

VOM News

FREE
VIEW