လမ်းပေါ်မှာစိုက်ထားတဲ့ ပါတီအလံတွေကို ဖြုတ်သိမ်းဖို့ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်ညွှန်ကြား

အောက်တိုဘာ၂၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်းက မြို့နယ် (၈) မြို့နယ်က အများပြည်သူ ဝင်ထွက်သွားလာတဲ့လမ်းနယ်နိမိတ်တွေမှာစိုက်ထူထားတဲ့ ပါတီအလံတွေကိုဖြုတ်သိမ်းဖို့အတွက် ညွန်ကြားလိုက်တယ်လို့ ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရဲမြင့်က ပြောပါတယ်။

“အရင်က ပါတီတွေနဲ့ အကြိုညှိနိူင်းပြီး သဘောတူထားတာ၊ နေအိမ်ခြံဝန်းနဲ့ မိမိပိုင်မြေပရဝုဏ်တွေစိုက်ထူဖို့ပါ။ အခုပါတီအလံတစ်ချို့က လမ်းနယ်တွေထဲပါလာလို့ သူများအနှောက်ယက်လည်းမဖြစ်အောင် ပါတီအချင်းချင်းလည်း ပြဿနာမဖြစ်အောင် ဖြုတ်ချခိုင်းလိုက်တာပါ”လို့ ဦးရဲမြင့်ကပြောပါတယ်။

အများသူငှာ ဝင်ထွက်သွားလာနေကြတဲ့ လမ်းတွေပေါ်မှာ နိုင်ငံရေးပါတီများရဲ့အလံတိုင်တွေ စိုက်ထူထားတာကို စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် မိမိပိုင်နေရာတွေမှာ စိုက်ထူထားတာကလွဲပြီး အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ စိုက်ထူထားရင် ပြန်လည်ဖြုတ်သိမ်းကြဖို့အတွက် သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်က ပါတီတွေဆီကို အောက်တိုဘာ၂၃ ရက် ရက်စွဲနဲ့ အကြောင်းကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။

သာယာဝတီခရိုင်၊ သာယာဝတီ နဲ့ လက်ပံတန်းအပါအဝင် မြို့နယ်ပေါင်း ၈ မြို့နယ်ထဲက ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်ဖို့ ပါတီပေါင်း ၁၂ ခုက စာရင်းပေးသွင်းထားတာဖြစ်ပါတယ်။

NLD ၊ USDP၊ တ.စ.ည ပါတီနဲ့ ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီUDP ပါတီတို့က နေရာစုံကနေ ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီအချို့က နေရာစုံပြိုင်ဖို့မရှိဘူးလို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

ဓာတ်ပုံ-ပဲခူးသတင်းစဉ်
#voiceofmyanmar #VOM #ပဲခူး #သာယာဝတီ #ပါတီအလံဖြုတ်ဖို့ #ကော်မရှင်ညွန်ကြား

Related posts

Leave a Comment

VOM News

FREE
VIEW