အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို မကျေနပ်လို့ အိန္ဒိယလယ်သမားတွေ အကြီးအကျယ်ဆန္ဒပြ

ဒေလီ၊ နိုဝင်ဘာ-၂၇-၂၀၂၀ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှ လယ်သမားထောင်ပေါင်းများစွာဟာ သူတို့ရဲ့အကျိုးစီးပွားနဲ့ ဆန့််ကျင်နေတဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန္ဒပြဖို့မြို့တော်ဒေလီသို့ ချီတက်နေကြပါတယ်။ လယ်သမားတွေဟာ နိုဝင်ဘာ ၂၆ ရက်က အိမ်နီးချင်း ဟာရီယားနာပြည်နယ်ကို ဖြတ်သန်းချိန်မှာတော့ အတားအဆီးတွေကို ဖယ်ရှားဖြတ်ကျော်ခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေလီမြို့မှာတော့ လုံခြံရေးအထူးတင်းကြပ်ထားပြီး ပို့ဆောင်ရေးလုပ်ငန်းတွေပါ အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ လယ်ယာကဏ္ဍမှာ ပုဂ္ဂလိကလုပ်ကိုင်သူတွေကို လမ်းဖွင့်ပေးထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် လယ်သမားတွေအတွက် ထိခိုက်နစ်နာမယ်ဆိုတဲ့ ဝေဖန်မှုတွေကို အိန္ဒိယအစိုးရက ငြင်းဆိုထားပါတယ်။ ဒေလီနယ်စပ်ဖြစ်တဲ့ ဟာရီယားနားပြည်နယ်ကို ရောက်ရှိနေတဲ့ ဆန္ဒပြလယ်သမားတွေဟာ ငါးသောင်းလောက်ရှိတယ်လို့ လယ်သမားအဖွဲ့နှစ်ဖွဲ့ နိုဝင်ဘာ ၂၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒေလီ-ဟာရီယားနားနယ်စပ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က ဒရုန်းကင်မရာတွေ ဖြန့်ကြက်ထားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ဟာ မီးသတ်ပိုက်တွေနဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဟာရီယားနားပြည်နယ်ရှိ…

Read More

ရာထူးကနေ ဆင်းပေးဖို့ ဒေါ်နယ်ထရန့် အရိပ်အယောင်ပြ

ဝါရှင်တန်၊ နိုဝင်ဘာ-၂၇-၂၀၂၀ မျိုးဆက်(VOM) ဂျိုးဘိုင်ဒင်ကို ပြည်နယ်ကိုယ်စားပြုမဲတွေအရ နောက်တက်မယ့်သမ္မတအဖြစ် တရားဝင်အတည်ပြုပြီးပြီဆိုရင် အိမ်ဖြူတော်ကနေ ထွက်ခွာသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်ထားပြီး အရှုံးကိုလက်ခံဖို့ ခဲယဉ်းမယ်လို့ နိုဝင်ဘာ ၂၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး သက်သေအထောက်အထားမဲ့ ကြိမ်ဖန်များစွာ ထရန့်ကပြောဆိုခဲ့ပါတယ်။ မစ္စတာဘိုင်ဒင်ဟာ အမေရိကန်သမ္မတရွေးကောက်တင်မြောက်တဲ့ ပြည်နယ်ကိုယ်စားပြုမဲအရ မစ္စတာထရန့်ကို ၃၀၆ မဲ ၂၃၂ မဲနဲ့ အနိုင်ရရှိထားပါတယ်။ အဲ့ဒီမဲအရေအတွက်ဟာ သမ္မတအဖြစ်အနိုင်ရရှိဖို့လိုအပ်တဲ့ မဲ၂၇၀ ထက်များစွာ သာလွန်နေပြီး မစ္စတာဘိုင်ဒင်ဟာ ပေါ်ပြူလာမဲအရေအတွက်မှာလည်း ဒေါ်နယ်ထရန့်ထက် ခြောက်သန်းကျော် ပိုမိုရရှိထားပါတယ်။ သမ္မတအဖြစ်ယှဉ်ပြိုင်သူနှစ်ဦးဟာ တရားဝင်မဲရလဒ်အတည်ပြုမယ့် လာမယ့်လမှာ တွေ့ဆုံကြဖို့ရှိနေပြီး ဒီမိုကရက်တစ်ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀…

Read More

ဇီးကုန်းမြို့မှာ ကိုဗစ်လူနာ သေဆုံးမှု ပထမဦးဆုံးဖြစ်ပွား

နိုဝင်ဘာ ၂၇-၂၀၂၀ ကောင်းလက်ျာ (VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ မနေ့ နိုဝင်ဘာ၂၆ ရက်ညပိုင်းက Covid-19 ‌အတည်ပြုလူနာ အမျိုးသားကြီး တစ်ဦး ပထမဦးဆုံး သေဆုံးသွားတယ်လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးမှုး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။ ” မနေ့က ပဲခူးနဲ့ဇီးကုန်းမှာ ပိုး‌တွေ့လူနာတစ်ယောက်စီ ကွယ်လွန်တယ်ဆိုတော့ ပဲခူးတိုင်းဒေသကြီးမှာ ရောဂါအတည်ပြုလူနာသေဆုံးမှု ၉ ဦးရှိသွားပါပြီ။ ဇီးကုန်းကတော့ပထမဦးဆုံး ပိုးတွေ့လူနာ သေဆုံးမှုဖြစ်ပြီး ဒေသတွင်း ပိုးတွေ့လူနာများလာလို့ ကျန်းမာရေးဦးစီးဌာနနဲ့ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်”လို့ ဒေါက်တာရန်နိုင်မောင်က ‌ပြောပါတယ်။ ဇီးကုန်းမြို့နယ်မှာ ပထမဆုံး သေဆုံးသွားတဲ့ ကိုဗစ်လူနာဟာ အသက် ၆၇ နှစ်အရွယ် ရှိပြီး နိုဝင်ဘာ၂၆ ရက်နေ့က ရန်ကုန်မြို့ဆေးရုံတစ်ခုမှာ ကင်ဆာရောဂါကုသပြီး ပြန်လာသူဖြစ်ပါတယ်။ ဇီးကုန်းပြည်သူ့ဆေးရုံမှာ RDT စနစ်နဲ့စစ်ဆေးမှုအရ Covid-19ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပြီး မနေ့က ည ၉ နာရီခန့်မှာသေဆုံးခဲ့ခြင်းဖြစ်တယ်လို့…

Read More

ဆွေးနွေးမှုအဆင့်တခုရောက်ရင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ပေးမယ်

နိုဝင်ဘာ-၂၇-၂၀၂၀ ဆွေလင်းထွန်း(VOM) အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ရက္ခိုင့်တပ်တော်(AA) နဲ့ ဆွေးနွေးနိုင်ရေးအတွက် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကတဆင့် ဆောင်ရွက်နေပြီး ဆွေးနွေးမှုအဆင့်တခုရောက်ရင် အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။ “အရင်ကလည်း ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေနွေးရာမှာ ကြိုတင်ညှိနှိုင်းဆွေးနွေးပြီးတော့ အဆင့်တခုရောက်မှ မတရားအသင်းတွေ၊ အကြမ်းဖက်အဖွဲ့တွေအဖြစ်ကနေ ဥပဒေနဲ့အညီပယ်ဖျက်ပေးခဲ့တဲ့ သာဓကတွေ ရှိတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေ ကြေညာခဲ့ခြင်းဟာလည်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်တာပဲ ဖြစ်ပြီးတော့ကျ အကြမ်းဖက်အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကိုလည်း ဖြစ်ပေါ်တိုးတက်လာတဲ့ လုပ်ဆောင်ချက်တွေ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မှုတွေအပေါ်မှာ ကြည့်ရမှာ ဖြစ်တယ်လို့” ပြောပါတယ်။ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ နိုဝင်ဘာ ၁၂ရက်မှာ AA အဖွဲ့က အစိုးရနဲ့ တပ်မတော်ကို မေတ္တာရပ်ခံပြီးနောက်ပိုင်း ရခိုင်ဒေသမှာ…

Read More
VOM News

FREE
VIEW