အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို မကျေနပ်လို့ အိန္ဒိယလယ်သမားတွေ အကြီးအကျယ်ဆန္ဒပြ

ဒေလီ၊ နိုဝင်ဘာ-၂၇-၂၀၂၀

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှ လယ်သမားထောင်ပေါင်းများစွာဟာ သူတို့ရဲ့အကျိုးစီးပွားနဲ့ ဆန့််ကျင်နေတဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန္ဒပြဖို့မြို့တော်ဒေလီသို့ ချီတက်နေကြပါတယ်။

လယ်သမားတွေဟာ နိုဝင်ဘာ ၂၆ ရက်က အိမ်နီးချင်း ဟာရီယားနာပြည်နယ်ကို ဖြတ်သန်းချိန်မှာတော့ အတားအဆီးတွေကို ဖယ်ရှားဖြတ်ကျော်ခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒေလီမြို့မှာတော့ လုံခြံရေးအထူးတင်းကြပ်ထားပြီး ပို့ဆောင်ရေးလုပ်ငန်းတွေပါ အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ လယ်ယာကဏ္ဍမှာ ပုဂ္ဂလိကလုပ်ကိုင်သူတွေကို လမ်းဖွင့်ပေးထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် လယ်သမားတွေအတွက် ထိခိုက်နစ်နာမယ်ဆိုတဲ့ ဝေဖန်မှုတွေကို အိန္ဒိယအစိုးရက ငြင်းဆိုထားပါတယ်။

ဒေလီနယ်စပ်ဖြစ်တဲ့ ဟာရီယားနားပြည်နယ်ကို ရောက်ရှိနေတဲ့ ဆန္ဒပြလယ်သမားတွေဟာ ငါးသောင်းလောက်ရှိတယ်လို့ လယ်သမားအဖွဲ့နှစ်ဖွဲ့ နိုဝင်ဘာ ၂၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒေလီ-ဟာရီယားနားနယ်စပ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က ဒရုန်းကင်မရာတွေ ဖြန့်ကြက်ထားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ဟာ မီးသတ်ပိုက်တွေနဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဟာရီယားနားပြည်နယ်ရှိ အတားအဆီးတွေကို လယ်သမားတွေက ကျော်ဖြတ်ခဲ့ကြပါတယ်။

Ref: BBC
Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW