တောင်ကြီးမြို့မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

နိုဝင်ဘာ ၃၀-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်မှာရှိတဲ့ တောင်ကြီးတက္ကသိုလ် ကွာရန်တင်းစင်တာရှိ နန်းဝတီအမျိုးသမီးဆောင်မှာ ကွာရန်တင်းဝင်နေတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အမည်မသိ (စုံစမ်းစဲ) အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု မနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသမီး ဘုရားဝတ်ပြုနေချိန် အမျိုးသားတစ်ဦးဝင်လာပြီး လည်ပင်းကို ဓားနဲ့ထောက်ကာ “မအော်နဲ့တိတ်တိတ်နေ” လို့ ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့ပြီး အော်မယ်ဆိုရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကာ အခန်းထဲကနေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တောင်ကြီးတက္ကသိုလ် ကွာရန်တင်းစင်တာ တာဝန်ခံ ဦးသန်းမင်းစိုးကတော့ “အမှုဖြစ်တာ မှန်ပါတယ်၊ အခု အမှုဖွင့်ထားပါတယ်၊ လောလောဆယ် စုံစမ်းဆဲမို့ ဘာမှတော့ အသေအချာမပြောနိုင်သေးပါဘူး”လို့ ပြောပါတယ်။

လက်ရှိမှာတော့ အဓမ္မပြုကျင့်ခံရသူအမျိုးသမီးကို ဆေးရုံကိုပို့ဆောင်ထားပြီး အလိုမတူ အဓမ္မပြုကျင့်သွားတဲ့ အမျိုးသားကို တောင်ကြီးမြို့မရဲစခန်းမှာ (ပ)၅၉၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #ကွာရန်တင်းဝင်အမျိုးသမီး #အဓမ္မကျင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW