အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေကို တစ်နိုင်ငံလုံး သပိတ်မှောက်ကြဖို့ အိန္ဒိယလယ်သမားတွေ တိုက်တွန်း

ဒေလီ၊ ဒီဇင်ဘာ-၈-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံက လယ်သမားတွေဟာ လယ်ယာကဏ္ဍ ဈေးကွက်နဲ့ဆိုင်တဲ့ ပြုပြင်ပြောင်းလဲမှုအသစ် တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်နေချိန်မှာ တစ်နိုင်ငံလုံးသပိတ်မှောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ လယ်သမားတွေကပြောဆိုထားတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဥပဒေတွေအပေါ် အစိုးရနဲ့ တတိယအကြိမ်ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဒီဇင်ဘာ ၈ ရက်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော ဆန္ဒပြလယ်သမားတွေဟာ လွန်ခဲ့တဲ့ ၁၂ ရက်ကတည်းက မြို့တော်ဒေလီသို့ ရောက်ရှိနေကြပြီး မြို့ဝင်ထွက်ဂိတ်အားလုံးနီးပါးကို ပိတ်ဆို့ထားခဲ့ကြပါတယ်။

အိန္ဒိယအတိုက်အခံပါတီ ၁၅ ပါတီကလည်း လယ်သမားတွေ သပိတ်မှောက်တာကို ထောက်ခံကြသပါတယ်။ အစိုးရနဲ့ လယ်သမားတွေအကြား နောက်ထပ်ဆွေးနွေးမှုတွေကို ဒီဇင်ဘာ ၉ ရက်မှာ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လယ်ယာကဏ္ဍမှာ ပိုမိုပါဝင်ခွင့်ပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ လယ်သမားရဲ့ အကျိုးစီးပွားကို ထိခိုက်စေမှာမဟုတ်ဘူးလို့ အာဏာရ ဘီဂျေပီပါတီက ပြောဆိုထားပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #အိန္ဒိယလယ်သမားသပိတ်

zawgy

အစိုးရရဲ႕ျပဳျပင္ေျပာင္းလဲမႈေတြကို တစ္ႏိုင္ငံလုံး သပိတ္ေမွာက္ၾကဖို႔ အိႏၵိယလယ္သမားေတြ တိုက္တြန္း

ေဒလီ၊ ဒီဇင္ဘာ-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

အိႏၵိယႏိုင္ငံက လယ္သမားေတြဟာ လယ္ယာက႑ ေဈးကြက္နဲ႔ဆိုင္တဲ့ ျပဳျပင္ေျပာင္းလဲမႈအသစ္ ေတြနဲ႔ပတ္သက္ၿပီး အစိုးရနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနခ်ိန္မွာ တစ္ႏိုင္ငံလုံးသပိတ္ေမွာက္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

သူတို႔ရဲ႕ အက်ိဳးစီးပြားကို ထိခိုက္ေစတယ္လို႔ လယ္သမားေတြကေျပာဆိုထားတဲ့ ျပဳျပင္ေျပာင္းလဲထားတဲ့ ဥပေဒေတြအေပၚ အစိုးရနဲ႔ တတိယအႀကိမ္ေဆြးေႏြးမႈမ်ားျပဳလုပ္ၿပီးေနာက္ ဒီဇင္ဘာ ၈ ရက္မွာ ဆႏၵျပပြဲေတြ ဆက္လက္ျဖစ္ပြားခဲ့ပါတယ္။

ေထာင္ေပါင္းမ်ားစြာေသာ ဆႏၵျပလယ္သမားေတြဟာ လြန္ခဲ့တဲ့ ၁၂ ရက္ကတည္းက ၿမိဳ႕ေတာ္ေဒလီသို႔ ေရာက္ရွိေနၾကၿပီး ၿမိဳ႕ဝင္ထြက္ဂိတ္အားလုံးနီးပါးကို ပိတ္ဆို႔ထားခဲ့ၾကပါတယ္။

အိႏၵိယအတိုက္အခံပါတီ ၁၅ ပါတီကလည္း လယ္သမားေတြ သပိတ္ေမွာက္တာကို ေထာက္ခံၾကသပါတယ္။ အစိုးရနဲ႔ လယ္သမားေတြအၾကား ေနာက္ထပ္ေဆြးေႏြးမႈေတြကို ဒီဇင္ဘာ ၉ ရက္မွာ ျပဳလုပ္သြားဖြယ္ရွိေနပါတယ္။

ပုဂၢလိကလုပ္ငန္းရွင္ေတြကို လယ္ယာက႑မွာ ပိုမိုပါဝင္ခြင့္ျပဳထားတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြဟာ လယ္သမားရဲ႕ အက်ိဳးစီးပြားကို ထိခိုက္ေစမွာမဟုတ္ဘူးလို႔ အာဏာရ ဘီေဂ်ပီပါတီက ေျပာဆိုထားပါတယ္။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #အိႏၵိယလယ္သမားသပိတ္

 

Related posts

Leave a Comment

VOM News

FREE
VIEW