ဦးဖြိုးမင်းသိန်းအနေနဲ့ ပါတီရဲ့CEC အစည်းအဝေးကို ကျန်းမာရေးအရ မတက်ရောက်ဖြစ်

ဒီဇင်ဘာ ၁၃-၂၀၂၀
သူရိန်(VOM)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအပြီး ပထမဆုံးပြုလုပ်တဲ့ ပါတီ CEC အစည်းအဝေးကိုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း မတက်ရောက်ဖြစ်တာဟာ ကျန်းမာရေးအရဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့ ကိုဗစ်ရောဂါကူးစက်ခံနေရပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှာလည်း ရောဂါကူးစက်ခံရမှုရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NLDပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ဝန်ကြီးချုပ်က သူတို့အစည်းအဝေးတွေလုပ်တာရှိတော့ Q ဝင်နေရတဲ့သဘောပေါ့နော် ။အဲ့ဒါကြောင့်အစည်းအဝေးကို မတက်ခိုင်းတာပါ”လို့ ပြောပါတယ်။

” ဝန်ကြီးချုပ်ကြီးက ဘာမှမဖြစ်ပါဘူး ကျန်းမာပါတယ်။ ဆေးစစ်တာလည်း N ထွက်ပါတယ်။ ပထမ နေပြည်တော်အစည်းအဝေး သွားမလို့ စစ်တာပါ။ နောက်မှပျက်သွားတာ။ ပါတီက ကျန်းမာရေးအရ မတက်ခိုင်းတာပါ။ ဝန်ကြီးချုပ် Page ကိုကြည့်လိုက်ပါ။ သူရဲ့အိမ်တော်မှာ ပုံမှန်အစည်းအဝေးတွေ လုပ်နေပါတယ်။ ဝန်ကြီးချုပ်အပြင်မထွက်တော့လည်း ဒီလိုပဲပြောကြတာပါ။ သူက ကျန်းမာရေး ၁၀၀ ရာခိုင်နှုန်းကောင်းပြီး မိသားစုနဲ့ပျော်ပျော်ရွင်ရွင်ပါပဲ”လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့အနီးကပ်ဝန်ထမ်းတစ်ဦးကလည်း အတည်ပြုပြောဆိုထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဝန်ကြီးချုပ် #ကျန်းမာရေး #CECအစည်းအဝေးမတက်ရောက်

Related posts

Leave a Comment

VOM News

FREE
VIEW