သထုံမှာ သစ်သီးကားတိမ်းမှောက်ပြီး အခြားယာဉ်၂ စီးကိုဆင့်တိုက်၊တစ်ဦးသေဆုံး ၃ဦးဒဏ်ရာရ

ဒီဇင်ဘာ ၁၅-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ် မှာ မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ညပိုင်းက သစ်သီးတင်ကား တိမ်းမှောက်ပြီး အခြားယာဉ် ၂ စီးကို ဆင့်တိုက်ရာကနေ အမျိုးသား တစ်ဦး သေဆုံးကာ၊ လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” ည ၇ နာရီ ၁၅ မိနစ်လောက်မှာဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်နေရာမှာ သစ်သီးကားစပါယ်ယာသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃ ဦးမှာ တစ်ဦး စိုးရိမ်ရတယ်”လို့ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်ကတော့ ရန်ကုန်- မော်လမြိုင်ကားလမ်းအတိုင်း သထုံဘက်ကနေ ဘီးလင်းဘက်ကို အမျိုးသား ၃ဦး မောင်းနင်လိုက်ပါလာတဲ့ သစ်သီးတင် မစ်ဆူဘီရှီအမျိုးအစား (၆) ဘီးယာဉ်ဟာ အခင်းဖြစ်နေရာအရောက် အရှိန်လွန်တိမ်းမှောက်ပြီး တစ်ဘက်လမ်းကြောပေါ်ရောက်ရှိခဲ့တာကြောင့် မျက်နှာချင်းဆိုင်ကလာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ (၁၈) ဘီးကားတို့ကို ဆင့်တိုက်မိခဲ့တာဖြစ်တယ်လို့ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး သစ်သီးတင်လာတဲ့ယာဉ်မောင်း ညီညီဇော်ကို သိမ်ဆိပ်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၃၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/ ၃၃၇ /၃၃၈/ ၃၀၄(က) တို့နဲ့ အမှုဖွင့်ထားတယ်လို့ ‌‌ှသိရပါတယ်။

Photo – အဖြူရောင်နှလုံးသား
#voiceofmyanmar #VOM #သထုံ #သစ်သီးကားမှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW