မသန်စွမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးသူကို ဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၇-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ အင်းရွာကြီးကျေးရွာမှာ အသက်၁၈နှစ်အရွယ် မသန်စွမ်း အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို မနေ့ ဒီဇင်ဘာ၁၆ရက်နေ့ ညနေ ၅နာရီခန့်က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့သစ် မြို့မရဲစခန်းကနေ သိရပါတယ်။

”မြို့သစ်မြို့နယ်၊ အင်းရွာကြီးကျေးရွာနေ ညိုလင်းဟာ အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်သွားလို့လိုက်လံဖမ်းဆီးခဲ့ရပါတယ်၊ ဖမ်းဆီးမိတာကတော့ နတ်မောက်မြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာအုပ်စုမြောက်ဘက် ၁မိုင်ခန့်အကွာ လူနေထိုင်ခြင်းမရှိတဲ့ လယ်စောင့်တဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်”လို့ မြို့သစ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ထူးပြည့်စုံကပြောပါတယ်။

ဒီဇင်ဘာ ၁၄ရက်နေ့က ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် နတ်မောက်မြို့နယ်ဘက်က နေရာတွေကိုရှာဖွေမှုများပြုလုပ်ချိန် ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမှုကို မြို့သစ်မြို့မရဲစခန်းက (ပ)၄၃၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြို့သစ် #မသန်စွမ်းအမျိုးသမီး #အဓမ္မပြုကျင့်သူဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW