မြောက်ဦးက ရှေးဟောင်းဘုရားတွေအနီး အမှိုက်တွေ စည်းကမ်းမဲ့ပစ်တာဟာ ရခိုင်ပြည် ပုံရိပ်ကိုထိခိုက်

ဒီဇင်ဘာ ၁၈-၂၀၂၀ ထက်အောင်စိုင်း (VOM) မြောက်ဦးမြို့မှာ အခုရက်ပိုင်း ဘုရားဖူးခရီးသည်လာရောက်လည်ပတ်မှုများပြားခဲ့ပြီး အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်တာရှိတဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပုံရိပ်ကို ထိခိုက်စေကြောင်း မြောက်ဦးမြို့ပေါ်က လူငယ်အရပ်ဖက်ခေါင်ဆောင်တွေက ပြောပါတယ်။ “ မြောက်ဦးဟာ ကမ္ဘာ့ရှေးဟောင်အမွေအနှစ် (UNESCO) စာရင်းဝင်ဖို့အတွက် ကြိုးစားနေတဲ့နေရာဒေသတစ်ခုဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်တွေကလည်း နိုင်ငံခြားသားတွေလာတာ အများကြီးရှိတယ်။ သူတို့ တန်ဖိုးထားပြီးမှ လာရောက်လည်ပတ်တဲ့အခါမှာ အမှိုက်တွေကိုမြင်ရတယ်ဆိုတော့ ကျနော်တို့ မြောက်ဦးသာမက ရခိုင်လူမျိုး၊ ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွက်ပါ ပုံရိပ်ကျဆင်းမှုတွေ ဖြစ်နိုင်တာပေါ့။ အမှိုက်တွေကို စနစ်တကျစွန့်ပစ်တာလည်းမရှိရင် ဒီလူတွေဟာ စည်းကမ်းမရှိကြပါလားဆိုပြီး အလိုပုံစံမျိုး ကမ္ဘာလှည့်ခရီးသွားတွေက မြင်သွားစေနိုင်ပါတယ်” လို့ မြောက်ဦးမြို့ပေါ်က လူငယ်အရပ်ဖက်ခေါင်းဆောင် ကိုရွှေသန်းကျော်က ထောက်ပြပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်ယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့က ထင်ရှားတဲ့ ရှေးဟောင်းဘုရားပုထိုးတွေအနီးမှာ ဒီဇင်ဘာလအတွင်း ပြည်တွင်းစစ်ပွဲတွေရပ်တန့်နေလို့ ဘုရားဖူးခရီးသည် သောင်းနဲ့ ချီလာရောက်ပြီးနောက်ပိုင်းမှာ အမှိုက်တွေကို စည်းကမ်းမဲ့ပစ်လို့…

Read More

မန္တလေးက လေဆိပ်ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ

ဒီဇင်ဘာ ၁၈-၂၀၂၀ သက်ထားခင်(VOM) မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေကြောင်းတွေ ပြန်လည်ပြေးဆွဲနိုင်ဖို့အတွက် လေဆိပ်ကဝန်ထမ်းတွေကို ဒီဇင်ဘာ ၁၇ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးလိုက်ချိန် ဝန်ထမ်းတစ်ဦးမှာ ပိုးတွေ့ခဲ့တယ်လို့ တံတားဦးမြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ” လေယာဉ်စီးတဲ့သူတွေ ကိုဗစ် ကင်းရှင်းဖို့အတွက် MJAS ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာက ဝန်ထမ်းတွေနဲ့ ကားသမားတွေကို ကိုဗစ်ရှိ၊မရှိ စစ်ဆေးပေးတာဖြစ်ပါတယ်၊ ကျွန်တော်တို့ အဓိကက ခရီးသည်တွေကို ၃၆ နာရီအတွင်းမှာ ကိုဗစ်ပိုးမရှိမှ စီးခွင့်ပြုပါမယ်၊ လေဆိပ်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းရှိ၊မရှိ စစ်ဆေးပြီးမှ ကိုက်ညီမှုရှိမှ ခွင့်ပြုတာဖြစ်ပါတယ်”လို့ တံတားဦးမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်ဦးက ပြောပါတယ်။ လေဆိပ်မှာ ခရီးသည်တွေနဲ့ အဓိကတိုက်ရိုက်ဆက်ဆံရမယ့် MJAS ဝန်ထမ်းတွေ ၊လေဆိပ်ရဲတပ်ဖွဲ့ဝင်တွေ ၊လ.ဝ.ကဝန်ထမ်းတွေ ၊အကောက်ခွန်ဝန်ထမ်းတွေ၊ လေကြောင်းကဝန်ထမ်းတစ်ချို့နဲ့ အငှားယာဉ်လိုင်းကဝန်ထမ်းတွေ စုစုပေါင်း ၃၆၀ ကျော်ကို RDT…

Read More

ထောက်ပံ့ကြေးငွေကိစ္စနဲ့ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ဦးကို ဆန္ဒပြ

ဒီဇင်ဘာ ၁၇-၂၀၂၀ အေးချမ်းသူ(VOM) ထောက်ပံ့ကြေးငွေ အများနည်းတူတန်းတူမရလို့ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့နေလယ်ပိုင်းက နိူင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးနဲ့ ရပ်ကွက်နေပြည်သူ ၁၂ဦးတို့က ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ “အုပ်ချုပ်ရေးအာဏာပိုင်ဆိုတာ ပြည်သူတွေဝန်ထုတ်ဝန်ပိုးဖြစ်မှာစိုးလို့ ခင်ဗျားတို့ကို နိူင်ငံတော် က အခွန်ပေးပြီး တာဝန်ပေးထားတာပါ၊ ဒါပေမယ့် ခင်ဗျားတို့က ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီဆို ကျနော်တို့ကလည်း စာရင်းထဲရှိမှာမဟုတ်ဘူး”လို့ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်နောင်ကပြောပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ အမှတ်- ၅၈ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သူဟာ ထောက်ပံ့ကြေးငွေ ပေးအပ်ရာမှာ အများနည်းတူ တန်းတူမရတဲ့အတွက် ပြသာနာဖြစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ပြည်သူတွေ တွေ့ဆုံခဲ့ပေမယ့်လည်း ဒီကနေ့အချိန်ထိ ဖြေရှင်းပေးခြင်းမရှိတဲ့အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ကိုနောင်နောင် ကဆက်ပြောပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ ၅၉ရပ်ကွက်မှ ဒေါ်ခင်စိန်က ” ၇လပိုင်းတုန်းက အုပ်ချုပ်ရေးမှူးရယ် ရာအိမ်မှူးရယ် ထောက်ပံ့​ကြေးလာဝေတာ ၁၄ဦးပဲဝေသွားတယ်၊ တကယ်ဆို ၈၂ဦးရှိတာ…

Read More

ပြည်ပလေကြောင်းလိုင်းတွေကို ဇန်နဝါရီ ၁ ရက်ကစပြီး ပျံသန်းခွင့်ပြုဖို့ SOP ရေးဆွဲနေ

ဒီဇင်ဘာ ၁၇-၂၀၂၀ သိင်္ဂီထွန်း(VOM) International commercial passenger flights တွေကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး စတင်ပျံသန်းနိုင်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စံလုပ်ထုံးလုပ်နည်း SOP ရေးဆွဲနေတယ်လို့ သိရပါတယ်။ ပြည်ပလေကြောင်းလိုင်းပြေးဆွဲဖို့အတွက် စံလုပ်ထုံးလုပ်နည်း (SOP)တွေ ထွက်ရှိလာပါက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ပြန်လည်တင်ပြရမှာဖြစ်ပြီး ကော်မတီရဲ့ခွင့်ပြုချက်ရရှိခဲ့ရင်တော့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြည်ပလေကြောင်းလိုင်းတွေ စတင်ပျံသန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ “၁ရက်နေ့မှာ စတင်ပျံသန်းနိုင်ဖို့ ဝန်ကြီးဌာန ၅ ခုကိုလိပ်မူပြီး ညှိနိူင်းဆောင်ရွက်သွားရန်ဆိုပြီး ပို့ထားတာရှိတယ်။ အဲ့ဒီတော့ ပြည်တွင်းလေကြောင်းလိုင်းတွေလိုပဲ SOP သေချာရေးပြီးလုပ်ရမှာပေါ့။ SOPဆိုတာခုမှ ညွှန်ကြားမှလုပ်တာတော့မဟုတ်ဘူး၊ လူကြီးတွေကြိုပြီးတော့လုပ်ထားတာရှိတယ်။ ကျနော်တို့က အဓိက ကျန်းမာရေးပေါ့၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ညွှန်ကြားချက်တွေ၊ ကိုဗစ်…

Read More

ရွေးကောက်ပွဲမလုပ်ရသေးတဲ့ ရခိုင်ကမြို့နယ်တွေကို ရွေးကောက်ပွဲပြန်လုပ်ဖို့ အစိုးရအနေနဲ့ ရှင်းလင်းအောင်ထုတ်ပြန်ဖို့လို

ဒီဇင်ဘာ ၁၇-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေနဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီကို အစိုးရရဲ့ မှတ်ချက်ပေးဖို့လိုကြောင်း မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင် ဦးဖေသန်းကပြောပါတယ်။ “ ရခိုင်က မြို့နယ်တချို့မှာ ရွေးကောက်ပွဲကျင်းပပေးဖို့အတွက် သဘောထားမှတ်ချက်မပေးတာက အစိုးရလေ။ အစိုးရက သဘာထားမှတ်ချက်ပေးဖို့လိုတယ်။ သမ္မတက တိုက်တွန်းတယ်လို့ဆိုတယ်။ ဘာကိုတိုက်တွန်းမှန်းမသိဘူး” လို့ ဦးဖေသန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၄၆) ကြိမ်မြောက်ရခိုင်ပြည်နယ်နေ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အဲဒီသဝဏ်လွှာမှာ ရခိုင်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေနဲ့ ဆက်စပ်ပြီး ဖော်ပြထားတာက “ လွှတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေဒေသများ၊ ယင်းနယ်မြေဒေသများရှိ…

Read More

စစ်ကိုင်းမြို့က ပြည်သူ့အချို့ စားသောက်ရေး အခက်အခဲဖြစ်နေတဲ့အတွက် ဘုန်းကြီးကျောင်းတွေကနေ အလှူခံ စားသောက်နေရ

ဒီဇင်ဘာ ၁၇-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့၊ မြရတနာရပ်ကွက်မှာနေတဲ့ ပြည်သူ့အချို့ဟာ စားသောက်ရေး အခက်အခဲဖြစ်နေတဲ့အတွက် စစ်ကိုင်းတောင်ရိုးက ဘုန်းကြီးကျောင်းတွေဆီကနေ အလှူခံ စားသောက်နေရတယ်လို့ သိရပါတယ်။ ကိုဗစ် ဒုတိယလှိုင်းကာလအတွင်း လုပ်ငန်းတွေရပ်ဆိုင်းထားရပြီး အလုပ်အကိုင် မဖြစ်တော့တဲ့အတွက် စားသောက်ရေးမှာ အခက်အခဲတွေ ရှိလာတာကြောင့် အခုလို ဘုန်းကြီးကျောင်းတွေကို နေ့စဉ် လာရောက်ပြီး အလှူခံ စားသောက်နေရခြင်းဖြစ်တယ်လို့ မြရတနာရပ်ကွက်မှာနေတဲ့ ဒေါ်ဝင်းထိုက်ကပြောပါတယ်။ ”အရင်ကိုဗစ်ပထမဖြစ်တုန်းက အလုပ်တွေက အဆင်ပြေသေးတယ် လုပ်လို့ ရသေးတယ်၊ အခု ဒုတိယလှိုင်းကျမှာ စက်ရုံ၊အလုပ်ရုံတွေက ပိတ်တယ်၊ လုပ်ငန်းက မဖြစ်ဘူး။ အရင်က ပလပ်စတစ်ကောက်ကြတယ်။ အခု ဝယ်တဲ့ ဒိုင်တွေကလည်း အကုန်ပိတ်ပြီ၊ ဘယ်လိုမှ အဆင်မပြေကြတော့ ဘုန်းကြီးကျောင်းတွေ စွန့်တဲ့ဟာလေးတွေကို လာပြီးအလှူခံရတာပါ”လို့ ဒေါ်ဝင်းထိုက်ကပြောပါတယ်။ မြရတနာရပ်ကွက်ဟာ လက်လုပ်လက်စား အများစုနေထိုင်တဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ကိုဗစ်ကာလမှာ အလုပ်အကိုင်တွေ မဖြစ်တော့တဲ့အတွက်…

Read More

အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့အဖွဲ့က ဘုန်းတော်ကြီးကျောင်းအတွင်း အုပ်စုဖွဲ့အကြမ်းဖက်ဖျက်ဆီး

ဒီဇင်ဘာ ၁၇-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ သဖန်းကုန်းကျေးရွာရှိ ခေမာသီဝံဘုန်းတော်ကြီးကျောင်းအတွင်းကို ဒီဇင်ဘာ ၁၄ရက် ညပိုင်းက အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူ ၁၀ဦးခန့်က မင်းမဲ့စရိုက်ဆန်ဆန် ဝင်ရောက်အကြမ်းဖက်ဖျက်ဆီးမှုဖြစ်ပွားခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်ပြောပြချက်အရ သိရပါတယ်။ ”ကျူးလွန်သူတွေက ဆယ်ဦးလောက်အထိရှိတယ်လို့ ကျေးရွာက ဒေသခံ မျက်မြင်သတ်သေတွေကပြောပါတယ်၊ ဘုန်းဘုန်းက သာသနိကပစ္စည်းတွေကို ဖျက်ဆီးတဲ့အတွက် သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်သွားမှာဖြစ်ပါတယ်၊ အင်္ကျီအနက်တွေဝတ်ထားကြတာပါ၊ ဘယ်သူ ဘယ်ဝါဆိုတာ ညအချိန်ဆိုတော့ မသိပါဘူး”လို့ ခေမာသီဝံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ အနက်ရောင် တူညီဝတ်စုံတွေဝတ်ဆင်ထားတဲ့အဖွဲ့က အုတ်ခဲကျောက်ခဲနဲ့ပစ်တာ ၊ကျောက်ဒိုးနဲ့ပစ်တာ၊ လေးသီးတွေနဲ့ပစ်တာ၊ တံခါးတွေကိုဖျက်ဆီး ၊နံရံအကာတွေကိုထုရိုက်ဖျက်စီးပြီး ကျောင်းအတွင်းကို ဝင်ရောက်ဖို့ကြိုးစားခဲ့ကြတဲ့အပြင် သူတို့ဖျက်ဆီးမှုကြောင့် ကျောင်းရဲ့သာသနိကပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ”ကျူးလွန်သူတွေကိုဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်၊ ညဘက် ဖြစ်ပွားခဲ့တာတော့ နည်းနည်းရှာဖွေရတာ ခက်နေတာဖြစ်ပါတယ်၊ ဒါပေမယ့်ကွင်းဆက်တွေကို လိုက်နေပါတယ်”လို့ ဇလွန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေလို့ ယူဆရသူအချို့ကလည်း…

Read More

အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေမှာ ကိုဗစ်ပိုးတွေ့၊ ရဲစခန်းကို Lock Down သတ်မှတ်

ဒီဇင်ဘာ ၁၇-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမ ဘောနတ်ကြီး အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးမှာ Covid-19 ပိုး စစ်ဆေးတွေ့ရှိခဲ့တာ‌ကြောင့် ရဲစခန်းတစ်ခုလုံးကို Lock Down သတ်မှတ်လိုက်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” ၁၆ ရက်နေ့က ရဲတပ်ဖွဲ့ဝင်အချို့RDT စနစ်နဲ့ စမ်းသပ်စစ်ဆေးချိန် ကိုဗစ်ကူးစက်ခံရသူရှိလာလို့ ထိတွေ့သူတွေထပ်စစ်ရာက ၁၃ ယောက် Covid-19 ရောဂါတွေ့တာပါ။ လူနာတွေကို ပဲခူးမြို့က ကုသရေးစခန်း ပို့လိုက်ပြီ”လို့ ဘောနတ်ကြီး အမြန်လမ်းရဲတပ်ဖွဲ့စခန်း တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၁၆ရက်နေ့က ဘောနတ်ကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ဖျားနာပြီး အနံမရတာမျိုးဖြစ်တာကြောင့် ရောဂါပိုးရှိ၊မရှိ စစ်ဆေးရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာဖြစ်ပြီး ထိတွေ့မှုရှိသူတွေကိုပါ ဆက်လက်စစ်ဆေးရာ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၃ ဦးမှာ Covid-19 ရောဂါ ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ အဲ့ဒီရဲစခန်းမှာ…

Read More

စစ်ကိုင်းဆေးရုံကြီးမှာ ပထမဆုံးအကြိမ် ၇၅ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

စစ်ကိုင်း၊ ဒီဇင်ဘာ- ၁၇- ၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆန့် ပြည်သူ့ဆေးရုံကြီးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က တက်ရောက်ကုသနေတဲ့ အသက် ၇၅ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ တစ်ဦး ဒီနေ့မနက်ပိုင်းက သေဆုံးသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပြတာကတော့ “သူက၉ ရက်နေ့ မှာ ဆေးရုံကိုရောက်လာတယ် ၁၀ ရက်နေ့က စစ်လိုက်တော့ Positive ထွက်လာတယ် သူရောက်တာ တစ်ပတ်ပဲရှိသေးတယ်၊ Positive လူနာ စစ်ကိုင်းဆေးရုံမှာသေတာတော့ ပထမဆုံးပဲ၊ စစ်ကိုင်းမြို့အနေနဲ့ဆိုရင်တော့ သုံးယောက်မြောက်ပေါ့ ဆေးရုံအနေနဲ့ဆိုရင်တော့ ပထမဆုံးပဲ အရင် ၂ ယောက်က မန္တလေးဆေးရုံးကြီးမှာ သေတာလေ၊ အာလောင်ကတစ်ယောက်ရယ် ရွှေသမားက တစ်ယောက်ရယ် မန္တလေးမှာသေတာ” လို့ ကိုစိုးမင်းဦးက ပြောပါတယ်။ စစ်ကိုင်းဆေးရုံကြီးမှာ ကိုဗစ်ကြောင့်သေဆုံးခဲ့တဲ့သူကတော့ စစ်ကိုင်းမြို့၊…

Read More

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ WHO ကျွမ်းကျင်သူအဖွဲ့ ဝူဟန်မြို့ကို သွားတော့မယ်

ဂျီနီဗာ၊ ဒီဇင်ဘာ ၁၇-၂၀၂၀ မျိုးဆက် (VOM) နိုင်ငံတကာမှ သိပ္ပံပညာရှင် ၁၀ ဦးပါတဲ့အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့ကို လာမယ့်လမှာ သွားရောက်ကြမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ တရုတ်နိုင်ငံဟာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုအတွက် တွန့်ဆုတ်နေခဲ့ပြီး ဝူဟန်မြို့ကို သွားရောက်ခွင့်ရဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ တရုတ်နိုင်ငံနဲ့ လပေါင်းများစွာ ညှိနှိုင်းခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့မှာရှိတဲ့ တောရိုင်းတိရိစ္ဆာန်ရောင်းချတဲ့ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့ခဲ့တယ်လို့ ယူဆရပါတယ်။ ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်တို့အကြား တင်းမာမှုတွေမြင့်တက်ခဲ့ရပါတယ်။ ဗိုင်းရပ်စ်စတင် ကူးစက်ပျံ့နှံ့ချိန်မှာ တရုတ်နိုင်ငံက ဖုံးကွယ်ဖို့ ကြိုးစားတဲ့တယ်လို့ သမ္မတဒေါ်နယ်ထရန့်ရဲ့ အမေရိကန် အစိုးရက စွပ်စွဲခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးတာဟာ ပြစ်တင်ဝေဖန်ဖို့မဟုတ်ဘဲ နောက်ထပ် ဖြစ်ပွားမှုတွေကို ကာကွယ်တားဆီးဖို့ဖြစ်တယ်လို့ ဝူဟန်မြို့ကိုသွားမယ့် ဇီဝဗေဒပညာရှင်တစ်ဦးက အေပီသတင်းဌာနကို ပြောပါတယ်။ Ref: BBC…

Read More
VOM News

FREE
VIEW