စစ်ကိုင်းဆေးရုံကြီးမှာ ပထမဆုံးအကြိမ် ၇၅ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

စစ်ကိုင်း၊ ဒီဇင်ဘာ- ၁၇- ၂၀၂၀
ရှိုင်းအောင်(VOM)

စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆန့် ပြည်သူ့ဆေးရုံကြီးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က တက်ရောက်ကုသနေတဲ့ အသက် ၇၅ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ တစ်ဦး ဒီနေ့မနက်ပိုင်းက သေဆုံးသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပြတာကတော့

“သူက၉ ရက်နေ့ မှာ ဆေးရုံကိုရောက်လာတယ် ၁၀ ရက်နေ့က စစ်လိုက်တော့ Positive ထွက်လာတယ် သူရောက်တာ တစ်ပတ်ပဲရှိသေးတယ်၊ Positive လူနာ စစ်ကိုင်းဆေးရုံမှာသေတာတော့ ပထမဆုံးပဲ၊ စစ်ကိုင်းမြို့အနေနဲ့ဆိုရင်တော့ သုံးယောက်မြောက်ပေါ့ ဆေးရုံအနေနဲ့ဆိုရင်တော့ ပထမဆုံးပဲ အရင် ၂ ယောက်က မန္တလေးဆေးရုံးကြီးမှာ သေတာလေ၊ အာလောင်ကတစ်ယောက်ရယ် ရွှေသမားက တစ်ယောက်ရယ် မန္တလေးမှာသေတာ” လို့ ကိုစိုးမင်းဦးက ပြောပါတယ်။

စစ်ကိုင်းဆေးရုံကြီးမှာ ကိုဗစ်ကြောင့်သေဆုံးခဲ့တဲ့သူကတော့ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် မှာနေထိုင်သူဖြစ်ပြီး အသက် ၇၅ နှစ်အရွယ်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူ သုံးဦးရှိနေပြီး စစ်ကိုင်းဆေးရုံကြီးမှာ ကိုဗစ်အတည်ပြုလူနာသေဆုံးတာကတော့ ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါဟာ ရောဂါအခံရှိသူတွေမှာဖြစ်ပွားပါက ပုံမှန်လူတွေထက် အခြေအနေပိုဆိုးပြီး ပြင်းထန်းနိုင်တဲ့အပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း အသိပေး ပြောဆိုထားပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၂၃၂ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပြီး ကလေးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေကိုတော့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၄ ရက်နေ့အထိ အသွားအလာကန့်သတ်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ- ၁၁၀၆၆၇ ဦး၊ ရောဂါပျောက်ဆုံးပြီး ဆေးရုံဆင်းခွင့်ရသူ ၈၉၄၁၈ ဦး၊ သေဆုံးလူနာ ၂၃၁၉ ဦး အထိ ရှိလာနေပြီဖြစ်ပါတယ်။

#VOM #VoiceofMyanmar #Qurantine #COVID-19
#Positive #စစ်ကိုင်းဆေးရုံ

zawgy

စစ္ကိုင္းေဆး႐ုံႀကီးမွာ ပထမဆုံးအႀကိမ္ ၇၅ ႏွစ္အ႐ြယ္ ကိုဗစ္အတည္ျပဳလူနာတစ္ဦး ေသဆုံး

စစ္ကိုင္း၊ ဒီဇင္ဘာ- ၁၇- ၂၀၂၀
ရႈိင္းေအာင္(VOM)

စစ္ကိုင္းၿမိဳ႕၊ ကုတင္ ၂၀၀ ဆန႔္ ျပည္သူ႔ေဆး႐ုံႀကီးမွာ ဒီဇင္ဘာ ၁၀ ရက္ေန႔က တက္ေရာက္ကုသေနတဲ့ အသက္ ၇၅ ႏွစ္အ႐ြယ္ ကိုဗစ္အတည္ျပဳလူနာ တစ္ဦး ဒီေန႔မနက္ပိုင္းက ေသဆုံးသြားတယ္လို႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕က သိရပါတယ္။

အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)အတြင္းေရးမႉး ကိုစိုးမင္းဦးက ေျပာျပတာကေတာ့

“သူက၉ ရက္ေန႔ မွာ ေဆး႐ုံကိုေရာက္လာတယ္ ၁၀ ရက္ေန႔က စစ္လိုက္ေတာ့ Positive ထြက္လာတယ္ သူေရာက္တာ တစ္ပတ္ပဲရွိေသးတယ္၊ Positive လူနာ စစ္ကိုင္းေဆး႐ုံမွာေသတာေတာ့ ပထမဆုံးပဲ၊ စစ္ကိုင္းၿမိဳ႕အေနနဲ႔ဆိုရင္ေတာ့ သုံးေယာက္ေျမာက္ေပါ့ ေဆး႐ုံအေနနဲ႔ဆိုရင္ေတာ့ ပထမဆုံးပဲ အရင္ ၂ ေယာက္က မႏၲေလးေဆး႐ုံးႀကီးမွာ ေသတာေလ၊ အာေလာင္ကတစ္ေယာက္ရယ္ ေ႐ႊသမားက တစ္ေယာက္ရယ္ မႏၲေလးမွာေသတာ” လို႔ ကိုစိုးမင္းဦးက ေျပာပါတယ္။

စစ္ကိုင္းေဆး႐ုံႀကီးမွာ ကိုဗစ္ေၾကာင့္ေသဆုံးခဲ့တဲ့သူကေတာ့ စစ္ကိုင္းၿမိဳ႕၊ ပါရမီရပ္ကြက္ မွာေနထိုင္သူျဖစ္ၿပီး အသက္ ၇၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

စစ္ကိုင္းၿမိဳ႕မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ သုံးဦးရွိေနၿပီး စစ္ကိုင္းေဆး႐ုံႀကီးမွာ ကိုဗစ္အတည္ျပဳလူနာေသဆုံးတာကေတာ့ ပထမဦးဆုံး အႀကိမ္ျဖစ္တယ္လို႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)အတြင္းေရးမႉး ကိုစိုးမင္းဦးက ေျပာပါတယ္။

ကိုဗစ္ ၁၉ ေရာဂါဟာ ေရာဂါအခံရွိသူေတြမွာျဖစ္ပြားပါက ပုံမွန္လူေတြထက္ အေျခအေနပိုဆိုးၿပီး ျပင္းထန္းႏိုင္တဲ့အျပင္ အသက္ေသဆုံးတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးကလည္း အသိေပး ေျပာဆိုထားပါတယ္။

စစ္ကိုင္းတိုင္းမွာ ဒီဇင္ဘာ ၁၆ ရက္ေန႔အထိ ကိုဗစ္အတည္ျပဳလူနာ ၁၂၃၂ ဦးရွိၿပီး ေသဆုံးသူ ၆ ဦးရွိၿပီး ကေလးၿမိဳ႕နယ္၊ စစ္ကိုင္းၿမိဳ႕နယ္နဲ႔ ေ႐ႊဘိုၿမိဳ႕နယ္ေတြကိုေတာ့ ဒီဇင္ဘာ ၁၁ ရက္ကေန ၂၄ ရက္ေန႔အထိ အသြားအလာကန႔္သတ္ထားတယ္လို႔ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ကေန သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ- ၁၁၀၆၆၇ ဦး၊ ေရာဂါေပ်ာက္ဆုံးၿပီး ေဆး႐ုံဆင္းခြင့္ရသူ ၈၉၄၁၈ ဦး၊ ေသဆုံးလူနာ ၂၃၁၉ ဦး အထိ ရွိလာေနၿပီျဖစ္ပါတယ္။

#VOM #VoiceofMyanmar #Qurantine #COVID-19
#Positive

 

Related posts

Leave a Comment

VOM News

FREE
VIEW