ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ WHO ကျွမ်းကျင်သူအဖွဲ့ ဝူဟန်မြို့ကို သွားတော့မယ်

ဂျီနီဗာ၊ ဒီဇင်ဘာ ၁၇-၂၀၂၀
မျိုးဆက် (VOM)

နိုင်ငံတကာမှ သိပ္ပံပညာရှင် ၁၀ ဦးပါတဲ့အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့ကို လာမယ့်လမှာ သွားရောက်ကြမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံဟာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုအတွက် တွန့်ဆုတ်နေခဲ့ပြီး ဝူဟန်မြို့ကို သွားရောက်ခွင့်ရဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ တရုတ်နိုင်ငံနဲ့ လပေါင်းများစွာ ညှိနှိုင်းခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့မှာရှိတဲ့ တောရိုင်းတိရိစ္ဆာန်ရောင်းချတဲ့ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့ခဲ့တယ်လို့ ယူဆရပါတယ်။ ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်တို့အကြား တင်းမာမှုတွေမြင့်တက်ခဲ့ရပါတယ်။

ဗိုင်းရပ်စ်စတင် ကူးစက်ပျံ့နှံ့ချိန်မှာ တရုတ်နိုင်ငံက ဖုံးကွယ်ဖို့ ကြိုးစားတဲ့တယ်လို့ သမ္မတဒေါ်နယ်ထရန့်ရဲ့ အမေရိကန် အစိုးရက စွပ်စွဲခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးတာဟာ ပြစ်တင်ဝေဖန်ဖို့မဟုတ်ဘဲ နောက်ထပ် ဖြစ်ပွားမှုတွေကို ကာကွယ်တားဆီးဖို့ဖြစ်တယ်လို့ ဝူဟန်မြို့ကိုသွားမယ့် ဇီဝဗေဒပညာရှင်တစ်ဦးက အေပီသတင်းဌာနကို ပြောပါတယ်။

Ref: BBC
Photo : Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW