ကေအိုင်အေ ထိန်းချုပ်နယ်မြေက စစ်ရှောင်အိမ်ထောင်စု ၃၅ စု နေရပ်ပြန်အခြေချဖို့ဆောင်ရွက်

မြစ်ကြီးနား-ဇန်နဝါရီ ၁၅-၂၀၂၁
ရန်အောင်ထွန်း(VOM)

ကေအိုင်အေထိန်းချုပ် နယ်မြေအတွင်းက အိမ်ထောင်စု ၃၀ ကျော် ဒဘတ်ယန်ကျေးရွာမှာ ပြန်လာနေထိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ကချင်ပြည်နယ် စစ်ရှောင်များအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) အတွင်းရေးမှူ ၃ ဦးခါးလီက ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းမှာ ပြောပါတယ်။

ပြန်လည်အခြေချနေထိုင်သူတွေအတွက် နေအိမ်တည်ဆောက်ရေး ဆောင်ရွက်ပြီးစီးတဲ့ အခါ ကေအိုင်အေဘက်က အိမ်ထောင်စု ၊ လူဦးရေးစာရင်းနဲ့တကွ စေလွှတ်ပေးမှာဖြစ်လို့ သွားကြိုရမယ့်လို့ ဆိုပါတယ်။ ဒဘတ်ယန်ကျေးရွာက နေအိမ်တည်ဆောက်ရေး လုပ်ငန်းတွေကတော့ ဖေဖော်ဝါရီလကုန်မှာ ပြီးစီးမယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်က စစ်ရှောင်တွေနေရပ်ပြန်အခြေချ နိပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ၅ သန်း ကူညီတဲ့အထဲက လက်ရှိမှာ ၂ သန်းခွဲနဲ့ အိမ်အလုံးပေါင်း ၅၁၂ အိမ် တည်ဆောက်ဖို့ ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်အထိ အိမ်အလုံး ၃၀၀ ဝန်းကျင် တည်ဆောက်ပြီးနေပါပြီ။

တစ်ခြား ၂၃၃ လုံးကိုလည်း တစ်ခြား အကူအညီငွေနဲ့ ဆက်လက်ပြီး တည်ဆောက်တယ်လို့ ကချင်ဒေသ စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) အတွင်းရေးမှူး ၃ ဦးခါးလီက ပြောပါတယ်။

စစ်ရှောင်နေရပ်ပြန်ရေး ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကတော့ ကချင်ပြည်နယ်က ၇ မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ၂ မြို့နယ်ရှိ ကျေးရွာ ၆၄ ရွာက အိမ်ထောင်စု ၃၅၂၉ စု လူဦးရေအားဖြင့် ၁၄၅၅၀ နေရပ်ပြန်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။ (KHCC) စာရင်းအရ ကချင်ပြည်နယ်အတွင်း စစ်ရှောင်အိမ်ထောင်စု ၆ သောင်းကျော်ရှိပြီး လူဦးရေ ၁၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကချင်စစ်ဘေးရှောင်

 

Related posts

Leave a Comment

VOM News

FREE
VIEW